Knowledge

ကြွေရုပ်လေးလို ကြည်လင်လှပတဲ့ မျက်နှာလေး ပိုင် ဆိုင်ချင်တယ်ဆိုရင် ဒါလေးတွေလုပ်ကြည့်နော်

ပြီးပြည့်စုံလှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ချင်ကြတာ မိန်းကလေးတိုင်းရဲ့အိပ်မက်ပါ။အဲ့ဒါကြောင့်ပဲ မျက်နှာလေး ကြည်လင်လှပစေဖို့ ပေါင်းတင်တာ၊ချေးချွတ်တာတွေအမျိုးမျိုးလုပ်နေကြတာပေ့ါ။

ဒါပေမဲ့ လှချင်လွန်းလို့ဆိုပြီးခဏခဏလုပ်နေမယ်ဆိုရင်မျက်နှာအသားအရည်ကိုပိုပြီးတောင် ပျက်စီးစေပါတယ်တဲ့။ကြည်လင်သန့်စင်တဲ့မျက်နှာလေးပိုင်ဆိုင်ချင်တယ်ဆိုရင်သတိထားရမယ့်အချက်လေးတွေကတော့

၁)မျက်နှာကပ်ခွာပေါင်းတင်တဲ့အခါတစ်လကို အများဆုံး ၂ခါလောက်ပဲပေါင်းတင်ကပ်ခွာတွေသုံးပေးသင့်ပြီးကပ်ခွာကပ်ထားတဲ့အခါမှာ လည်း ၁၅မိနစ်ထက်ပိုပြီးမထားသင့်ပါဘူး။ကပ်ခွာကပ်ပြီးတစ်ညလုံးအိပ်လို့မရပါဘူး။

ဒါကိုသတိထားဖို့လိုပါတယ်။၁၅မိနစ်ပြည့်ရင်မမေ့မလျော့ခွာပေးပါ။မျက်နှာပေါင်းတင်ကပ်ခွာသုံးတဲ့အခါမှာလည်း ကိုယ့်ရဲ့အသားအရည်ကအဆီပြန်တာလား၊ခြောက်သွေ့တာလားဆိုတာ သတိထားပြီး သင့်တော်တဲ့ကပ်ခွာကိုသုံးပေးပါ။

၂)သဘာဝပစ္စည်းတွေနဲ့ပေါင်းတင်တဲ့အခါသဘာဝပစ္စည်းတွေနဲ့ပေါင်းတင်တာကိုတော့ တစ်လကို၃ခါလောက်လုပ်ပေးနိုင်ပါတယ်။ဒါကလည်း ပစ္စည်းအပေါ်မူတည်ပါတယ်။အသီးအနှံတွေနဲ့လုပ်မယ်ဆိုရင်တစ်ပတ်ကို

တစ်ခါလောက်လုပ်ပေးနိုင်ပြီး ပျားရည်နဲ့သံပုရာရည်ရောပြီးမျက်နှာပေါင်းတင်ချင်တဲ့အခါ တစ်လကို သုံးခါလောက်ပဲလုပ်ပေးသင့်ပါတယ်။သံပုရာရည်ချည်းပဲသီးသန့်ပေါင်းတင်တာကိုတော့မလုပ်ဖို့အကြံပေးချင်ပါတယ်။သံပုရာရည်က အချဉ်ဓာတ်ပါလို့ အရေပြားပါးတဲ့သူဆိုရင်မျက်နှာအသားအရည် ထိခိုက်နိုင်ပါတယ်။

၃)မျက်နှာချေးချွတ်တဲ့အခါပုံမှန်မျက်နှာသစ်ဆေးသုံးရုံနဲ့ မျက်နှာအတွင်းပိုင်အထိသန့်စင်မပေးနိုင်ပါဘူး။အဲ့ဒါကြောင့် ချွေးပေါက်တွေထဲကအညစ်အကြေးတွေကိုဖယ်ထုတ်ဖို့မျက်နှာချေးချွတ်သန့်စင်ပေးရပါတယ်။

တစ်ချို့ကလည်းဆိုင်မှာချေးချွတ်သန့်စင်လေ့ရှိသလို တစ်ချို့ကလည်းအိမ်မှာပဲ ချေးချွတ်သန့်စင်လေ့ရှိပါတယ်။အဓိကကတော့ ချွေးပေါက်ထဲက မိတ်ကပ်အကြွင်းအကျန်တွေ၊ အညစ်အကြေးတွေထွက်လာဖို့ပေါ့။

တကယ်လို့ဆိုင်မှာလုပ်မယ်ဆိုရင်လည်း ကိုယ့်ရဲ့အသားအရည်ကထိခိုက်လွယ်နေတာမျိုး၊မျက်နှာမှာ ဝက်ခြံတွေရှိနေတာမျိုးဆို Scrub မသုံးပဲ ချေးချွတ်ကရင်မ်လိုမျိုးသုံးပေးသင့်ပါတယ်။

Scrub က မျက်နှာထက်စာရင်ခန္ဓာကိုယ်အတွက် ပိုပြီးကောင်းပါတယ်။အိမ်မှာမျက်နှာချေးချွတ်ချင်တယ်ဆိုရင်လည်းနည်းလမ်းလေးပြောပြပေးပါမယ်။ပထမဆုံး ရေနွေးပူတည်ပါ။ပြီးရင် ခေါင်းမှာသဘက်ဖြစ်ဖြစ်အုပ်ထားပြီး

၁၀မိနစ်လောက် ရေနွေးငွေ့ခံပေးပါ။ရေနွေးငွေ့ခံပြီးရင် ချွေးပေါက်ထဲကအညစ်အကြေးတွေထွက်လာပါလိမ့်မယ်။နောက်ထပ် ၅မိနစ်လောက်နေရင် မျက်နှာသစ်ပါ။ပြီးရင် ပျားရည်နဲ့သံပုရာရည်၊သကြားအနည်းငယ် ဆတူရောစပ်ပြီး

မျက်နှာမှာလိမ်းပါ။၁၅မိနစ်လောက်ထားပြီးရင်တော့ရေအေးအေးလေး နဲ့ပြန်ပြီးသစ်ချပါ။ရေခဲရေဆိုပိုကောင်းပါတယ်။အားလုံးပြီးရင်တော့ အစိုဓာတ်ထိန်းကရင်မ်လေးတစ်ခုခုလိမ်းဖို့မမေ့နဲ့နော်။

၄) အစားအသောက်စားတဲ့အခါအပေါ်ယံအရေပြားကိုပြုပြင်ပြောင်းလဲဖို့ဆိုတာ နေ့တိုင်းစားသောက်နေတဲ့အစားအစာတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။အဓိကကတော့ ရေဓာတ်ပေါ့။ခန္ဓာကိုယ်ထဲမှာရေဓာတ်အပြည့်အဝရှိနေရင် အသားအရည်ခြောက်သွေ့တာတွေ မဖြစ်တော့ပဲအသားအရည်လေးကစိုပြည်နေမှာပါ။

အခုနွေရာသီလည်းရောက်နေတော့ ရေများများသောက်ပေးဖို့နဲ့ ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေများများစားပေးဖို့မမေ့နဲ့နော်။ကြည်လင်လှပတဲ့အသားအရည်လေး ပိုင်ဆိုင်ချင်တယ်ဆိုရင် အပူအစပ်တွေလျှော့စားပေးဖို့လည်းလိုပါတယ်။

၅)ညဘက်အိပ်တဲ့အခါအရေးကြီးဆုံးသတိထားရမှာကတော့ မိတ်ကပ်တွေလိမ်းပြီးညဘက်မဖျက်ပဲအိပ်တာပါပဲ။ဒါက ဝက်ခြံ၊တင်းတိပ်တွေဖြစ်လာခြင်းရဲ့အစပါပဲ။မိတ်ကပ်မဖျက်ပဲအိပ်တဲ့အခါမိတ်ကပ်သားတွေက

ချွေးပေါက်ထဲမှာပိတ်နေပြီး အညစ်အကြေးတွေ၊ဝက်ခြံတွေဖြစ်လာစေပါတယ်။ညဘက်ဆို ဆဲလ်တွေပြောင်းလဲတဲ့အတွက်ဒီအချိန်က မျက်နှာအားဖြည့်ဖို့အရေးကြီးဆုံးပါ။

အဲ့ဒါကြောင့် မိတ်ကပ်တွေကို အိမ်ပြန်ရောက်တာနဲ့ဖျက်ဖို့မမေ့ပါနဲ့။မိတ်ကပ်ဖျက်တဲ့အခါမှာလည်းမျက်နှာသစ်ဆေးတစ်မျိုးတည်းနဲ့မပြီးဘူးနော်။မျက်နှာသစ်ဆေးတစ်မျိုးတည်းနဲ့ဆိုမိတ်ကပ်တွေမပြောင်စင်ပါဘူး။ အဲ့ဒါကြောင့်မိတ်ကပ်ဖျက်ဆေးရည် နဲ့အရင်ဖျက်ပြီးမှ မျက်နှာသစ်ဆေးကိုသုံးပေးပါ။

Credit

Unicode