Love

ကိုယ့်ကို တကယ်ချစ်မချစ် ဘယ်လိုသိနိူင်သလဲ

ကိုယ့်ကို တကယ်ချစ်မချစ် ဘယ်လိုသိနိူင်သလဲလူတစ်ယောက်ရဲ့အချစ်ကို လက်ဆောင်ပေးတာတွေ၊ surprise လုပ်ပေးတာတွေ၊ သူများအားကျအောင် Social Media ပေါ်တွေမှာ တင်တာတို့နဲ့ သတ်မှတ်လို့မရပါဖူး။

ကိုယ့်ချစ်သူ က ကိုယ့်ကို တကယ်ချစ်မချစ်ဆိုတာ သိနိူင်တဲ့ နည်းလမ်းတွေတော့ရှိပါတယ်။အလုံးစုံမဟုတ်ပင်မဲ့ ဒီအချက်တွေရှိနေရင်တော့ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ သေချာနေပါပြီနော်။

1. ကွယ်ရာမှာ စိတ်ချနိူင်မှုရှိတယ်။ကိုယ် မမြင်ရတဲ့နေရာ ၊ လိုက်မသွားနိူင်တဲ့ နေရာတွေမှာ စိတ်ပူမှုရှိပင်မဲ့ တခြား မယုံကြည်မှုတွေ မဖြစ်စေတဲ့ သူမျိုးဖြစ်ပါတယ်။ကိုယ့်ရှေ့မှာလည်း ယုံကြည်မှုနဲ့ နေပြတဲ့သူဖြစ်တဲ့အတွက် ကွယ်ရာမှာ ရပ်ဝေးမှာလည်း သူ့အပေါ် ယုံကြည်မှု ရှိစေနိူင်တဲ့ သူက ကိုယ့်ကို တကယ်ချစ်ပါတယ်။2. တာဝန်ယူမှုရှိတယ်။ကိုယ်နဲ့ ပတ်သက်တဲ့ အလုပ်တွေသာမက သူနေထိုင်နေတဲ့ နယ်ပယ်မှာ သူ့အလုပ်တွေ ၊ စကားတွေကို တာဝန်ယူမှုရှိတဲ့ သူပါ။ သူ့ကြောင့် ကိုယ်တစ်ခုခု ဖြစ်သွားရင် ရှောင်မပြေးဘဲ သူ့အမှားသူ ဝန်ခံပြီး တာဝန်ယူတဲ့ သူဖြစ်ပါတယ်။

3. ကိုယ်ထိခိုက်မှာကို တားတတ်တယ်။ဒီနေရာမှာ အလိုလိုက်တာကို တကယ်ချစ်တယ်လို့ ထင်ပင်မဲ့ အမုန်းခံပြီး လိုက်တားတဲ့ သူရဲ့ စိတ်က ပိုမှန်ပါတယ်။ ကိုယ်နဲ့မတည့်တာ၊ ကိုယ် ထိခိုက်မှာကို ပိုစိတ်ပူတဲ့သူက ပိုပြီး ဝင်ပါတတ်ပါတယ်။

4. သစ္စာရှိတယ်။ကိုယ်ကလွှဲပြီး ကျန်တဲ့သူ ဘာမှမဟုတ်ဖူး ဆိုတဲ့သူမျိုးတွေ တကယ်ရှိပါတယ်။ အပြောနဲ့ အမြဲပြောနေတတ်သူမဟုတ်ဘဲ လက်တွေ့မှာပါ သစ္စာတရားကို တန်ဖိုးထားတဲ့ သူတွေပါ။သူတို့ ကိုယ်တိုင်အတွက်ရော ကိုယ့်ကိုပါ အဆုံးရှုံးမခံနိူင်တဲ့သူတွေဖြစ်ပါတယ်။

5. ကျရှုံးချိန် ဘေးမှာရှိတယ်။အောင်မြင်နေတဲ့ အချိန်မှာ ဘေးမှာ လူအများကြီးရှိတတ်ပါတယ်။ အကြီးအကျယ်နေမကောင်းတဲ့အချိန် ၊ လုပ်ငန်းထိခိုက်တဲ့အချိန် ၊ဝင်ငွေမရှိတဲ့ အချိန် ၊ ဘာလုပ်လုပ် အဆင်မပြေတဲ့အချိန် မှာလည်း ဘေးမှာ ကပ်နေနေတဲ့ သူ၊ အားပေးတဲ့သူကို အဆုံးရှုံးမခံပါနဲ့နော်။

6. ကိုယ့်ကို အထင်မသေးဖူး။ကိုယ်က ဘယ်သူဘဲဖြစ်နေဖြစ်နေ ကိုယ့်ကို မိတ်ဆက်ပေးဖို့ ဝန်မလေးတဲ့ သူတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင်၊ ဝင်ငွေ တွေကို မကြည့်ဘဲ အရှိအတိုင်း လက်ခံပြီး ပိုင်ဆိုင်နေတာကို ဂုဏ်ယူပြီးတန်ဖိုးထားနေတဲ့ လူမျိုးတွေပါ။

7. အတူတူကြိုးစားတတ်တယ်။အရင်ကဘယ်လိုလူဘဲဖြစ်ဖြစ် ကိုယ်နဲ့ ပတ်သက်ပြီးအနာဂတ်အတွက် ကြိုးစားနေတဲ့ သူတွေ လည်းပါပါတယ်။ ကိုယ့်ကို လည်းတွဲခေါ်တတ်ပြီး ပြသာနာတွေ အတူဖြေရှင်းနိူင်တဲ့ အခြေအနေတွေကို ကြုံခဲ့ဖူးရင် ကိုယ့်ကို တကယ်ချစ်တဲ့သူမို့ အတွေးမမှားပါနဲ့နော်။8. ပျော်အောင်လုပ်ပေးတတ်တယ်။ပျော်အောင် တမင်ဖန်တီးတာထက် ကိုယ့်စိတ်ဒုက္ခမရောက်အောင် ရှောင်တတ်တယ်ဆို ပိုမှန်ပါတယ်။ လူတစ်ယောက်ကြောင့် အမြဲငိုနေရတယ်။စိတ်တိုရတယ်။ စိတ်မကောင်းဖြစ်ရတယ်ဆိုရင် တဖတ်သတ် Relationship ထဲ ရောက်နေပါပြီနော်။

9. ကိုယ့်ကို မမေ့ဖူး။ပျော်စရာ တစ်ခုခုကြုံရင် ကိုယ့်ဆီ ဖုန်းဆက်လာတဲ့ သူတွေကို ကြုံဖူးမှာပါ။ ကိုယ်တိုင်လည်း ပျော်စာကို မျှဝေ ချင်တဲ့ သူတွေရှိမှာပါ။ဒီလို အခြေအနေတွေမှာ ကိုယ့်အတွက် ဆိုပြီး သတင်းလေးဘဲဖြစ်ဖြစ် အရေးတယူ လာပြောတတ်တဲ့ သူတွေကလည်း ကိုယ့်ကို တကယ်ချစ်တဲ့ သူတွေပါ။

10. ကာကွယ်ပေးတတ်တယ်။ကိုယ့်ဖက်မှာ ကိုယ်စိတ်ဓာတ်မကျအောင်ရပ်တည်ပေးတယ်။ ပြသာနာကို ဖြေရှင်းပေးတယ်။ ကူညီပေးတယ် ဆိုသူတွေကလည်း ကိုယ့်ကို ကာကွယ်ပေးတဲ့ သူတွေပါ။သူတို့ရှိနေသရွှေ့ အထီးမကျန်ဖူးလို့ ခံစားရရင် လူရွေးမှန်ပါတယ်နော်။ကိုယ့်ကို ချစ်တဲ့ သူတွေကို လွယ်လွယ်နဲ့ လက်လွှတ်မခံပါနဲ့နော်။

Social Media ပေါ်က သူများတွေ အားကျအောင် တင်တတ်တဲ့ အရာတွေကို လိုက်မနိူင်းဘဲ လက်ရှိကိုယ့်ဘေးနားက လူကို ဘဲတန်ဖိုးထားပါ။အပေါ်ယံနဲ့ မကြည့်ဘဲ လက်တွေ့ကိုသာ ဆုံးဖြတ်ပါနော်။ဒီစာကို ဖတ်ပြီး တစ်စုံတစ်ယောက်ကို တွေးမိရင် ကိုယ့်ကို ချစ်နေပေးလို့ ကျေးဇူးတင်ကြောင်းပြောလိုက်ပါ။

Credit

Unicode

ကိုယ့်ကို တကယ်ချစ်မချစ် ဘယ်လိုသိနိူင်သလဲလူတစ်ယောက်ရဲ့အချစ်ကို လက်ဆောင်ပေးတာတွေ၊ surprise လုပ်ပေးတာတွေ၊ သူများအားကျအောင် Social Media ပေါ်တွေမှာ တင်တာတို့နဲ့ သတ်မှတ်လို့မရပါဖူး။

ကိုယ့်ချစ်သူ က ကိုယ့်ကို တကယ်ချစ်မချစ်ဆိုတာ သိနိူင်တဲ့ နည်းလမ်းတွေတော့ရှိပါတယ်။အလုံးစုံမဟုတ်ပင်မဲ့ ဒီအချက်တွေရှိနေရင်တော့ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ သေချာနေပါပြီနော်။1. ကွယ်ရာမှာ စိတ်ချနိူင်မှုရှိတယ်။ကိုယ် မမြင်ရတဲ့နေရာ ၊ လိုက်မသွားနိူင်တဲ့ နေရာတွေမှာ စိတ်ပူမှုရှိပင်မဲ့ တခြား မယုံကြည်မှုတွေ မဖြစ်စေတဲ့ သူမျိုးဖြစ်ပါတယ်။ကိုယ့်ရှေ့မှာလည်း ယုံကြည်မှုနဲ့ နေပြတဲ့သူဖြစ်တဲ့အတွက် ကွယ်ရာမှာ ရပ်ဝေးမှာလည်း သူ့အပေါ် ယုံကြည်မှု ရှိစေနိူင်တဲ့ သူက ကိုယ့်ကို တကယ်ချစ်ပါတယ်။

2. တာဝန်ယူမှုရှိတယ်။ကိုယ်နဲ့ ပတ်သက်တဲ့ အလုပ်တွေသာမက သူနေထိုင်နေတဲ့ နယ်ပယ်မှာ သူ့အလုပ်တွေ ၊ စကားတွေကို တာဝန်ယူမှုရှိတဲ့ သူပါ။ သူ့ကြောင့် ကိုယ်တစ်ခုခု ဖြစ်သွားရင် ရှောင်မပြေးဘဲ သူ့အမှားသူ ဝန်ခံပြီး တာဝန်ယူတဲ့ သူဖြစ်ပါတယ်။

3. ကိုယ်ထိခိုက်မှာကို တားတတ်တယ်။ဒီနေရာမှာ အလိုလိုက်တာကို တကယ်ချစ်တယ်လို့ ထင်ပင်မဲ့ အမုန်းခံပြီး လိုက်တားတဲ့ သူရဲ့ စိတ်က ပိုမှန်ပါတယ်။ ကိုယ်နဲ့မတည့်တာ၊ ကိုယ် ထိခိုက်မှာကို ပိုစိတ်ပူတဲ့သူက ပိုပြီး ဝင်ပါတတ်ပါတယ်။

4. သစ္စာရှိတယ်။ကိုယ်ကလွှဲပြီး ကျန်တဲ့သူ ဘာမှမဟုတ်ဖူး ဆိုတဲ့သူမျိုးတွေ တကယ်ရှိပါတယ်။ အပြောနဲ့ အမြဲပြောနေတတ်သူမဟုတ်ဘဲ လက်တွေ့မှာပါ သစ္စာတရားကို တန်ဖိုးထားတဲ့ သူတွေပါ။သူတို့ ကိုယ်တိုင်အတွက်ရော ကိုယ့်ကိုပါ အဆုံးရှုံးမခံနိူင်တဲ့သူတွေဖြစ်ပါတယ်။

5. ကျရှုံးချိန် ဘေးမှာရှိတယ်။အောင်မြင်နေတဲ့ အချိန်မှာ ဘေးမှာ လူအများကြီးရှိတတ်ပါတယ်။ အကြီးအကျယ်နေမကောင်းတဲ့အချိန် ၊ လုပ်ငန်းထိခိုက်တဲ့အချိန် ၊ဝင်ငွေမရှိတဲ့ အချိန် ၊ ဘာလုပ်လုပ် အဆင်မပြေတဲ့အချိန် မှာလည်း ဘေးမှာ ကပ်နေနေတဲ့ သူ၊ အားပေးတဲ့သူကို အဆုံးရှုံးမခံပါနဲ့နော်။

6. ကိုယ့်ကို အထင်မသေးဖူး။ကိုယ်က ဘယ်သူဘဲဖြစ်နေဖြစ်နေ ကိုယ့်ကို မိတ်ဆက်ပေးဖို့ ဝန်မလေးတဲ့ သူတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင်၊ ဝင်ငွေ တွေကို မကြည့်ဘဲ အရှိအတိုင်း လက်ခံပြီး ပိုင်ဆိုင်နေတာကို ဂုဏ်ယူပြီးတန်ဖိုးထားနေတဲ့ လူမျိုးတွေပါ။

7. အတူတူကြိုးစားတတ်တယ်။အရင်ကဘယ်လိုလူဘဲဖြစ်ဖြစ် ကိုယ်နဲ့ ပတ်သက်ပြီးအနာဂတ်အတွက် ကြိုးစားနေတဲ့ သူတွေ လည်းပါပါတယ်။ ကိုယ့်ကို လည်းတွဲခေါ်တတ်ပြီး ပြသာနာတွေ အတူဖြေရှင်းနိူင်တဲ့ အခြေအနေတွေကို ကြုံခဲ့ဖူးရင် ကိုယ့်ကို တကယ်ချစ်တဲ့သူမို့ အတွေးမမှားပါနဲ့နော်။

8. ပျော်အောင်လုပ်ပေးတတ်တယ်။ပျော်အောင် တမင်ဖန်တီးတာထက် ကိုယ့်စိတ်ဒုက္ခမရောက်အောင် ရှောင်တတ်တယ်ဆို ပိုမှန်ပါတယ်။ လူတစ်ယောက်ကြောင့် အမြဲငိုနေရတယ်။စိတ်တိုရတယ်။ စိတ်မကောင်းဖြစ်ရတယ်ဆိုရင် တဖတ်သတ် Relationship ထဲ ရောက်နေပါပြီနော်။9. ကိုယ့်ကို မမေ့ဖူး။ပျော်စရာ တစ်ခုခုကြုံရင် ကိုယ့်ဆီ ဖုန်းဆက်လာတဲ့ သူတွေကို ကြုံဖူးမှာပါ။ ကိုယ်တိုင်လည်း ပျော်စာကို မျှဝေ ချင်တဲ့ သူတွေရှိမှာပါ။ဒီလို အခြေအနေတွေမှာ ကိုယ့်အတွက် ဆိုပြီး သတင်းလေးဘဲဖြစ်ဖြစ် အရေးတယူ လာပြောတတ်တဲ့ သူတွေကလည်း ကိုယ့်ကို တကယ်ချစ်တဲ့ သူတွေပါ။