Knowledge

Single တွေ အကြောက်ဆုံး မေးခွန်းများ

Single တွေ အကြောက်ဆုံး မေးခွန်းများဘယ်သူပဲဖြစ်ဖြစ် အကြောက်ဆုံး မေးခွန်းတွေဆိုတာ ရှိပါတယ်။ ဥပမာ သူခိုးပေါ့။ မင်း “ခိုးသလား” ဆိုတာမျိုး။ မီးဖိုချောင်ထဲက လက်မှာ အိုးမည်းတွေပေပြီး ထွက်လာတဲ့ လူကို

“မင်း ဟင်းခိုးစားသလား” ဆိုတာမျိုး။ အဲဒီလိုပဲ ကိုယ် မဖြေချင်တဲ့မေးခွန်းမျိုးတွေ မေးလာရင် အမေးခံရသူမှာ စိတ်ကြဉ်းကြပ်မှုတွေဖြစ်ပြီးဇောချွေးတွေ ပြိုက်ကနဲ ပြိုက်ကနဲ ကျတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အခုလည်း Single တွေဟာ ဘယ်လိုမေးခွန်းတွေကို အကြောက်ဆုံးလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(1) မစွံသေးဘူးလား/ဘယ်တော့စားရမှာလဲဘယ်တော့ စားရမှာလဲ မေးလာရင် (ငါတို့ကျွေးမှ စားရမယ့်ဘဝပေါ့)လို့ ပြန်ကွန့်ရင် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ ထင်မှတ်မထားတဲ့ အခြေအနေမှာဒီလို မေးခွန်းမျိုး အမေးခံရရင် ပလက်ပေါက်ကိုပဲ လက်နဲ့ ထနှိုက်ရတော့ မလိုလို ကြောင်တောင်တောင် ဖြစ်တတ်ပါတယ်။

(2) နည်းနည်းအိုစာသွားသလိုပဲနော်ဒီလို ပြောရင် သင်ရော ကျွန်တော်ရော တင်းတာပဲ။ များသောအားဖြင့် ကိုယ်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေကပြောတာ ပို အခံရခက်ပါတယ်။

လူတွေကလည်း သူတို့နဲ့ ပုဂ္ဂိုလ်ရေးအရ သိထားတဲ့ လူတွေထဲမှာ အသက်(25)နှစ်လောက်နဲ့ အိမ်ထောင်ကျသွားတဲ့လူတွေနဲ့ ယှဉ်ရင် ကိုယ် လက်ရှိ အသက်(25)နှစ်လောက်ကပ ပိုပြီး အိုစာနေသလိုမျိုး ပြောတတ်ပါတယ်။

(3) အထီးမကျန်ဘူးလားရည်းစားတို့ အိမ်ထောင်ဘက်တို့ မရှိတာနဲ့ အထီးကျန်ဖြစ်မှာပဲလို့ သာမာန်ယူဆတဲ့ အတွေးခပ်ချောင်ချောင်လူတွေက အဲဒီလို မေးခွန်းတွေ မေးတတ်ပါတယ်။အဲဒီလို လူတွေကို ကိုယ်က အထီးမကျန်ပါဘူး၊ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ ရှိသားပဲ ဆိုပြီး ပြန်ခြေပတဲ့အခါမှာ သူတို့က မဟုတ်ဖူးလေ

ငါတို့ ဆိုလိုတာက အိမ်ထောင်ဘက်ရဲ့ ပြုစုယုရမှုကို မခံစားရတဲ့ မင်းရဲ့ ခြောက်ကပ်ကပ်ဘဝကို ပြောတာ ဆိုပြီး ပြန် ဖြေကြပါ့လိမ့်မယ်။

(4) ငါ အောင်သွယ်ပေးရမလားဒါက သင့်ကို အိမ်ထောင်ဘက်/ရည်စားတောင် သူများလို ဖြစ်ဖြစ်မြောက်မြောက် ရှာနိုင်တာမဟုတ်ဖူး ဆိုတဲ့ အဓိပ္ပါယ်ပါ။အမှန်က သူတို့လည်း တစ်ယောက်နဲ့ တစ်ယောက်

လက်တည့်စမ်းပြီး ရထားတာလည်း ဖြစ်နိုင်ကောင်းတယ်။ တကယ်လို့ သင်က လုပ်ပါဦးကူညီနိုင်ရင် ကူညီပါဦး လို့ ပြောမိတဲ့အခါ မင်းရုပ် မင်းရည်နဲ့ ဘယ်လို ကောင်မလေးက ကြိုက်မှာလဲလို့ ပိတ်ပြောလိုက်ကာမှ သင် ပိုရှက်နေရမယ်။

(5) ချိန်ပါကြီးဒါကတော့ အမျိုးသားတွေအတွက် ဆိုလိုပါတယ်။ ချိန်လိုက်တိုင်း ပါပါသွားလို့။ ဟိုး ရှေးရှေးတုန်းကတော့အချိန်တန်တဲ့အထိ ယောက်ျားမရသေးတဲ့ အမျိုးသမီးတွေကို “ဗိုင်းတာမ”လို့ ခေါ်ကြတယ် တဲ့။ အမှန်က“ဗိုင်းနာမ”ပါ။

ဘာကြောင့် အဲသလို ခေါ်သလဲဆိုတာ့ ပိုးမယ်လူပျိုက မရှိတော့ “ဗိုင်းကိုပဲ နာနာငင်ရလို့ ဗိုင်းနာမ”လို့ ခေါ်တယ်လို့ သိရပါတယ်။ အခုခေတ်က အဲဒီလို အခေါ်ခံရရင်ကို

ဆဲတယ်လို့ထင်တဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။ ဗိုင်းငင်တာလည်း သိသူနည်းမယ်ထင်တယ်။ ချည်ငင်-တာကို ဆိုလိုပါတယ်။ ချိန်ပါဆိုတာလဲ ဗိုင်းတာမနဲ့ အတူတူပါဘဲ။

SiSi

Credit

Unicode