Local News

ကချင်တပ်တော်ကေအိုင်အေမှမြို့တွင်းတိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်၍နိုးနိုးကြားကြားရှိရန်သတိပေး

ကချင်တပ်တော်ကေအိုင်အေမှမြို့တွင်းတိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်၍နိုးနိုးကြားကြားရှိရန်သတိပေးကချင်တိုင်းရင်းသားတပ်တော်ကေအိုင်အေမှပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူးမှယခုအခါပြည်သူများကအာဏာသိမ်းတပ်များကိုနေရာအနှံ့လက်နက်စွဲကိုင်တော်လှန်ကြတော့မည်ဖြစ်၍မြို့ပေါ်နေပြည်သူများအနေဖြင့်

အထူးသတိဝီရိယဖြင့်နေထိုင်ကြရန်သတိပေးလိုက်ပြီဖြစ်သည်။လွတ်လပ်ရေးရပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ပြည်သူများကလည်းတိုင်းရင်းသားလက်နက်ကိုင်များကိုတခဲနက်ထောက်ခံလာကြပြီလည်းဖြစ်သည်။

ဒေါ်လာငါး‌သောင်းခန့်တန်ကြေးရှိသည့်Patekလက်ပတ်နာရီကြီး ဝတ်ထားသောမင်းအောင်လှိုင်မှနိုင်ငံရေးတွင်ရိုးသားမှုများရှိရန်ဖေါ်ဆောင်ခဲ့ခြင်းသာဖြစ်သည်ဟုမော်စကိုနိုင်ငံတကာလုံခြုံညီလာခံ၌

“ကမ္ဘာနိုင်ငံရေးတွင်အာရှ-ပစိဖိတ်အခန်းကဏ္ဍ” ဟူသောခေါင်းစဉ်အောက်တွင်၁၃မိနစ်ကြာစကားပြောခွင့်ရခဲ့သည့် အခိုက်ထည့်သွင်းပြောဆိုသွားသည်။ထို့ပြင်မြန်မာစစ်တပ်အားအာရှ-ပစိဖိတ်ဒေသအတွင်းအင်အားအကြီးမားဆုံးထဲတွင်

ပါဝင်လာအောင်ကူညီပေးခဲ့သည့်အတွက်ရုရှားကိုကျေးဇူးတင်ကြောင်းလည်းပြောဆိုသွားခဲ့သည်။၎င်းအဆိုအရအာရှ-ပစိဖိတ်ဒေသရှိအင်အားအကြီးမားဆုံးစစ်တပ်ကြီးတခုအားတော်လှန်မောင်းထုတ်ရန်မြန်မာလူငယ်လေးများက

ပြင်ဆင်နေကြပြီဖြစ်သည်။ထို့အတွက်လုံခြုံရေးစည်းပေါက်မသွားရန် တင်းကျပ်စွာထိန်းသိမ်းထားနိုင်ခြင်းသည်သာတိုက်ပွဲတဝက် အောင်မြင်ပြီးဖြစ်သည်။ရုရှားသည်ကွန်ပျူတာစနစ်နှင့်ဆက်သွယ်ရေးပိုင်းတွင်အမေရိကန်တို့

လက်မှိုင်ချလောက်အောင်အစွမ်းပြနိုင်ခဲ့ကြသူများဖြစ်ပြီးထိုသို့သောHackersများကိုအဖွဲ့အစည်းတခု၏အသွင်အဖြစ်မသိမသာ မွေးမြူလေ့ကျင့်ထားပြီးလည်းဖြစ်သည်။

ထိုသို့သောရုရှားပညာရှင်များကမိမိတို့၏လုံခြုံရေးစည်းကိုကောင်းစွာထိုးဖေါက်နိုင်စွမ်းရှိသူများဖြစ်သည်။ယခင်နည်းပညာဟောင်းများနှင့်လိုင်းပေါ်တွင်သုံးမိနစ်ကျော်ကြာစကားပြောမိလျှင်ပင်မိမိတို့တည်ရှိရာနေရာကို

ခြေရာခံနိုင်စွမ်းရှိနေပေသည်။PDFလူငယ်များအနေဖြင့်အသက်ကိုရင်း၍တိုက်ပွဲဝင်နေကြရသဖြင့်လုံခြုံရေးသတိကြီးစွာထားရမည်ဖြစ်သည်။အထူးသဖြင့်ဖုန်းအသုံးပြုခြင်းကိုရှောင်ရှားသင့်သည်။

သတင်းသမားများကတော့၎င်းတို့အလုပ်ဖြစ်သည့်သတင်းရရှိရေး အတွက်လက်ကုန်နှိုက်ထုတ်ကြမည်သာဖြစ်ရာထိုသို့သတင်းများ ထုတ်ပြန်ရေးအတွလွတ်မြောက်နယ်မြေများတွင်ရှိသူများကိုသာ တာဝန်ပေးသင့်သည်။ကုန်ကုန်ပြောရလျင်စားဖို့သောက်ဖို့ဝယ်ခြမ်းရမည်ဆိုလျှင်တလုံးတခဲတည်းမဝယ်မိစေရန်

နှင့်နေရာပြောင်း၍ဝယ်ရန်လည်းသတိထားရမည်ဖြစ်သည်။နောက်ထပ်သတိထားစရာသတင်းတခုမှာCNNမှဝါရှင်တန်ရှိ အဆင့်မြင့်ကာကွယ်ရေးစနစ်လေ့လာရေးအဖွဲ့အားကိုးကားပြီးဖေါ်ပြရာတွင်တရုတ်နိုင်ငံရှိပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ၂၉ခုသည်၎င်းတို့၏အကျိုး စီးပွားကိုကာကွယ်ရန်

ကမ္ဘောဒီယားနှင့်မြန်မာတွင်ဝင်ရောက်လှုပ်ရှားနေကြသည်ဟုဆိုသည်။အထူးသဖြင့်ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများစတင်လာသည့်အချိန်တွင်ပို၍မြင့်တက်လာသည်ဟုဆိုသည်။ထို့အတွက်တရုတ်အစိုးရအနေဖြင့်သူတို့၏

ခြေရာလက်ရာများမပါဘဲတရားဝင်လှုပ်ရှားခွင့်ရရှိလာခဲ့ပြီဖြစ်သည်။ဩစတေးလျှ အတိုက်အခံပါတီအမတ်များကမြန်မာအရေးအပေါ် အစိုးရ၏တုန့်ပြန်မှုကိုပြင်းထန်စွာဝေဖန်လိုက်ကြပြီးအာရှကုန်းမြေကြီး အလယ်ဗဟိုတွင်ဆီရီးယားလို

ပြည်တွင်းစစ်ကြီးပေါ်ပေါက်လာမည့် အရေးကိုလက်ပိုက်ကြည့်မနေသင့်ဟုတညီတညွတ်တည်းပြောဆိုလိုက်ကြသည်။မြန်မာတွင်အခြေအနေများဆိုးဝါးလာနေမှုသည်အာရှ-ပစိဖိတ်နိုင်ငံများအတွက်စိုးရိမ်စရာဖြစ်လာနေရသည်ဟုဆိုသည်။

အာဏာသိမ်းအဖွဲ့သည်အာဏာသိမ်းပြီးလေးရက်အကြာကပင်ဩစတေးလျှ နိုင်ငံသားဖြစ်သူစီးပွားရေးပါမောက္ခရှောင်တန်းနယ်လ်ကိုလည်းရုံးတင်စစ်ဆေးခြင်းမရှိဘဲဖမ်းဆီးထားသည်မှာယခုအထိပင်ဖြစ်သည်။

နိုင်ငံတွင်းအခြေအနေများဆိုးဝါးသည်ထက်ဆိုးဝါးလာနေပါကရုရှား နှင့်တရုတ်သည်မျက်နှာပြောင်တိုက်ကာဗီတိုအာဏာဖြင့်ကာကွယ်ပေးနိုင်စွမ်းရှိမည်မဟုတ်တော့ပေ၎င်းတို့အဖို့ကလည်းနိုင်ငံတကာဆက်ဆံရေးတွင်တာဝန်သိသော နိုင်ငံများအဖြစ်ထင်မြင်လာစေရန်ကြိုးပမ်းနေကြရသူများလည်း ဖြစ်သည်။

ဆီရီးယားပြည်တွင်းစစ်တွင်ပင်ကုလအဖွဲ့အစည်းများ၏လူသားချင်း စာနာထောက်ထားသည့်အကူအညီများကိုအာဆတ်အစိုးရမှတဆင့်မဟုတ်ဘဲဝင်ရောက်ပေးကမ်းနိုင်ရန်လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကိုတရုတ်နှင့်ရုရှားကဗီတိုမသုံးဘဲ

ကြားနေမဲဖြင့်ခွင့်ပြုခဲ့ရပြီးဖြစ်သည်ဆိုသောသာဓကများကအထင်အရှားပင်ဖြစ်သည်။အာဏာသိမ်းအဖွဲ့သည်အိုင်စီဂျေတွင်တရားစွဲဆိုခံနေရမှုကို ဆက်လက်ရင်ဆိုင်နိုင်ရန်ဝဏ္ဏမောင်လွင်ဦးဆောင်သည့်ရှစ်ဦးပါအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ဒုဥက္ကဌအဖြစ်ကိုကိုလှိုင်ကို ရွေးချယ်ခဲ့သည်။ကျန်အဖွဲ့ဝင်များအဖြစ်ဝင်းရှိန်၊သီတာဦး၊ကျော်မျိုးထွဋ်၊ခင်ဦးလှိုင်နှင့်စစ်တပ်ဖက်မှရာပြည့်၊မျိုးဇော်သိန်းတို့ပါဝင်ကြောင်းဧရာဝတီသတင်းတွင်ဖေါ်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရကမူအိုင်စီဂျေတွင်မြန်မာအရေးကို ဆက်လက်ခုခံချေပသွားတော့မည်မဟုတ်၊အတူပူးပေါင်းဆောင်ရွက်သွားမည်ဟုပြောဆိုလာခဲ့သည်။နိုင်ငံတော်အတိုင်ပင်ခံသည်စစ်တပ်ကိုရင်ကြားစေ့နိုင်ရန်ကြိုးပမ်းသည့်အနေဖြင့်ဟိတ်ဂ်သို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီ

းခုခံချေပပေးခဲ့သော်လည်းနောက်ပိုင်းတွင်ကျေးဇူးကန်းသည့်အပြောအဆိုများကြောင့်စစ်တပ်ကိုစိတ်ကုန်လာစေခဲ့သည့်အရင်းခံအကြောင်းရင်းတခုဖြစ်သွားခဲ့ရသည်။ကမ္ဘာလူ့အခွင့်အရေးအဖွဲ့ကြီးတခုဖြစ်သောWITNESSအဖွဲ့ကြီးကအာဏာသိမ်းအဖွဲ့မှဖမ်းဆီးထားသူများကိုရိုက်နှက်ပြီး

အတင်းအကျပ်ဝန်ခံခိုင်းသည့်deepfakeလုပ်ရပ်များကိုဝေဖန် ရှုတ်ချလိုက်ပြီးနမူနာအဖြစ်ဦးဖြိုးမင်းသိန်း၏လုပ်ကြံဖန်တီးထားသော အသံဖိုင်ကိုရည်ညွှန်းပြောဆိုခဲ့ကြသည်။အ‌ရေးတော်ပုံအောင်ရမည်

Credit

Zawgyi

ကခ်င္တပ္ေတာ္ေကအိုင္ေအမွၿမိဳ႕တြင္းတိုက္ပြဲမ်ားအခ်ိန္မေ႐ြးျဖစ္လာႏိုင္၍ႏိုးႏိုးၾကားၾကားရွိရန္သတိေပး

ကခ်င္တိုင္းရင္းသားတပ္ေတာ္ေကအိုင္ေအမွျပန္ၾကားေရးအရာရွိ ဗိုလ္မႉးႀကီးေနာ္ဘူးမွယခုအခါျပည္သူမ်ားကအာဏာသိမ္းတပ္မ်ားကိုေနရာအႏွံ႔လက္နက္စြဲကိုင္ေတာ္လွန္ၾကေတာ့မည္ျဖစ္၍ၿမိဳ႕ေပၚေနျပည္သူမ်ားအေနျဖင့္

အထူးသတိဝီရိယျဖင့္ေနထိုင္ၾကရန္သတိေပးလိုက္ၿပီျဖစ္သည္။လြတ္လပ္ေရးရၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ျပည္သူမ်ားကလည္းတိုင္းရင္းသားလက္နက္ကိုင္မ်ားကိုတခဲနက္ေထာက္ခံလာၾကၿပီလည္းျဖစ္သည္။

ေဒၚလာငါး‌ေသာင္းခန႔္တန္ေၾကးရွိသည့္Patekလက္ပတ္နာရီႀကီး ဝတ္ထားေသာမင္းေအာင္လႈိင္မွႏိုင္ငံေရးတြင္႐ိုးသားမႈမ်ားရွိရန္ေဖၚေဆာင္ခဲ့ျခင္းသာျဖစ္သည္ဟုေမာ္စကိုႏိုင္ငံတကာလုံၿခဳံညီလာခံ၌

“ကမာၻႏိုင္ငံေရးတြင္အာရွ-ပစိဖိတ္အခန္းက႑” ဟူေသာေခါင္းစဥ္ေအာက္တြင္၁၃မိနစ္ၾကာစကားေျပာခြင့္ရခဲ့သည့္ အခိုက္ထည့္သြင္းေျပာဆိုသြားသည္။ထို႔ျပင္ျမန္မာစစ္တပ္အားအာရွ-ပစိဖိတ္ေဒသအတြင္းအင္အားအႀကီးမားဆုံးထဲတြင္

ပါဝင္လာေအာင္ကူညီေပးခဲ့သည့္အတြက္႐ုရွားကိုေက်းဇူးတင္ေၾကာင္းလည္းေျပာဆိုသြားခဲ့သည္။၎အဆိုအရအာရွ-ပစိဖိတ္ေဒသရွိအင္အားအႀကီးမားဆုံးစစ္တပ္ႀကီးတခုအားေတာ္လွန္ေမာင္းထုတ္ရန္ျမန္မာလူငယ္ေလးမ်ားက

ျပင္ဆင္ေနၾကၿပီျဖစ္သည္။ထို႔အတြက္လုံၿခဳံေရးစည္းေပါက္မသြားရန္ တင္းက်ပ္စြာထိန္းသိမ္းထားႏိုင္ျခင္းသည္သာတိုက္ပြဲတဝက္ ေအာင္ျမင္ၿပီးျဖစ္သည္။႐ုရွားသည္ကြန္ပ်ဴတာစနစ္ႏွင့္ဆက္သြယ္ေရးပိုင္းတြင္အေမရိကန္တို႔

လက္မႈိင္ခ်ေလာက္ေအာင္အစြမ္းျပႏိုင္ခဲ့ၾကသူမ်ားျဖစ္ၿပီးထိုသို႔ေသာHackersမ်ားကိုအဖြဲ႕အစည္းတခု၏အသြင္အျဖစ္မသိမသာ ေမြးျမဴေလ့က်င့္ထားၿပီးလည္းျဖစ္သည္။ထိုသို႔ေသာ႐ုရွားပညာရွင္မ်ားကမိမိတို႔၏လုံၿခဳံေရးစည္းကိုေကာင္းစြာထိုးေဖါက္ႏိုင္စြမ္းရွိသူမ်ားျဖစ္သည္။

ယခင္နည္းပညာေဟာင္းမ်ားႏွင့္လိုင္းေပၚတြင္သုံးမိနစ္ေက်ာ္ၾကာစကားေျပာမိလွ်င္ပင္မိမိတို႔တည္ရွိရာေနရာကိုေျခရာခံႏိုင္စြမ္းရွိေနေပသည္။PDFလူငယ္မ်ားအေနျဖင့္အသက္ကိုရင္း၍တိုက္ပြဲဝင္ေနၾကရသျဖင့္လုံၿခဳံေရးသတိႀကီးစြာထားရမည္ျဖစ္သည္။အထူးသျဖင့္ဖုန္းအသုံးျပဳျခင္းကိုေရွာင္ရွားသင့္သည္။

သတင္းသမားမ်ားကေတာ့၎တို႔အလုပ္ျဖစ္သည့္သတင္းရရွိေရး အတြက္လက္ကုန္ႏႈိက္ထုတ္ၾကမည္သာျဖစ္ရာထိုသို႔သတင္းမ်ား ထုတ္ျပန္ေရးအတြလြတ္ေျမာက္နယ္ေျမမ်ားတြင္ရွိသူမ်ားကိုသာ တာဝန္ေပးသင့္သည္။

ကုန္ကုန္ေျပာရလ်င္စားဖို႔ေသာက္ဖို႔ဝယ္ျခမ္းရမည္ဆိုလွ်င္တလုံးတခဲတည္းမဝယ္မိေစရန္ႏွင့္ေနရာေျပာင္း၍ဝယ္ရန္လည္းသတိထားရမည္ျဖစ္သည္။ေနာက္ထပ္သတိထားစရာသတင္းတခုမွာCNNမွဝါရွင္တန္ရွိ အဆင့္ျမင့္ကာကြယ္ေရးစနစ္ေလ့လာေရးအဖြဲ႕အားကိုးကားၿပီ

းေဖၚျပရာတြင္တ႐ုတ္ႏိုင္ငံရွိပုဂၢလိကလုံၿခဳံေရးကုမၸဏီ၂၉ခုသည္၎တို႔၏အက်ိဳး စီးပြားကိုကာကြယ္ရန္ကေမာၻဒီယားႏွင့္ျမန္မာတြင္ဝင္ေရာက္လႈပ္ရွားေနၾကသည္ဟုဆိုသည္။အထူးသျဖင့္ရပ္ဝန္းႏွင့္ပိုးလမ္းမစီမံကိန္းမ်ားစတင္လာသည့္အခ်ိန္တြင္ပို၍ျမင့္တက္လာသည္ဟုဆိုသည္။ထို႔အတြက္တ႐ုတ္အစိုးရအေနျဖင့္သူတို႔၏

ေျခရာလက္ရာမ်ားမပါဘဲတရားဝင္လႈပ္ရွားခြင့္ရရွိလာခဲ့ၿပီျဖစ္သည္။ဩစေတးလွ် အတိုက္အခံပါတီအမတ္မ်ားကျမန္မာအေရးအေပၚ အစိုးရ၏တုန႔္ျပန္မႈကိုျပင္းထန္စြာေဝဖန္လိုက္ၾကၿပီးအာရွကုန္းေျမႀကီး အလယ္ဗဟိုတြင္ဆီရီးယားလို

ျပည္တြင္းစစ္ႀကီးေပၚေပါက္လာမည့္ အေရးကိုလက္ပိုက္ၾကည့္မေနသင့္ဟုတညီတၫြတ္တည္းေျပာဆိုလိုက္ၾကသည္။ျမန္မာတြင္အေျခအေနမ်ားဆိုးဝါးလာေနမႈသည္အာရွ-ပစိဖိတ္ႏိုင္ငံမ်ားအတြက္စိုးရိမ္စရာျဖစ္လာေနရသည္ဟုဆိုသည္။

အာဏာသိမ္းအဖြဲ႕သည္အာဏာသိမ္းၿပီးေလးရက္အၾကာကပင္ဩစေတးလွ် ႏိုင္ငံသားျဖစ္သူစီးပြားေရးပါေမာကၡေရွာင္တန္းနယ္လ္ကိုလည္း႐ုံးတင္စစ္ေဆးျခင္းမရွိဘဲဖမ္းဆီးထားသည္မွာယခုအထိပင္ျဖစ္သည္။

ႏိုင္ငံတြင္းအေျခအေနမ်ားဆိုးဝါးသည္ထက္ဆိုးဝါးလာေနပါက႐ုရွား ႏွင့္တ႐ုတ္သည္မ်က္ႏွာေျပာင္တိုက္ကာဗီတိုအာဏာျဖင့္ကာကြယ္ေပးႏိုင္စြမ္းရွိမည္မဟုတ္ေတာ့ေပ။၎တို႔အဖို႔ကလည္းႏိုင္ငံတကာဆက္ဆံေရးတြင္တာဝန္သိေသာ ႏိုင္ငံမ်ားအျဖစ္ထင္ျမင္လာေစရန္ႀကိဳးပမ္းေနၾကရသူမ်ားလည္း ျဖစ္သည္။

ဆီရီးယားျပည္တြင္းစစ္တြင္ပင္ကုလအဖြဲ႕အစည္းမ်ား၏လူသားခ်င္း စာနာေထာက္ထားသည့္အကူအညီမ်ားကိုအာဆတ္အစိုးရမွတဆင့္မဟုတ္ဘဲဝင္ေရာက္ေပးကမ္းႏိုင္ရန္လုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္ကိုတ႐ုတ္ႏွင့္႐ုရွားကဗီတိုမသုံးဘဲ

ၾကားေနမဲျဖင့္ခြင့္ျပဳခဲ့ရၿပီးျဖစ္သည္ဆိုေသာသာဓကမ်ားကအထင္အရွားပင္ျဖစ္သည္။အာဏာသိမ္းအဖြဲ႕သည္အိုင္စီေဂ်တြင္တရားစြဲဆိုခံေနရမႈကို ဆက္လက္ရင္ဆိုင္ႏိုင္ရန္ဝဏၰေမာင္လြင္ဦးေဆာင္သည့္ရွစ္ဦးပါအဖြဲ႕ကိုဖြဲ႕စည္းလိုက္ၿပီျဖစ္သည္။

ဒုဥကၠဌအျဖစ္ကိုကိုလႈိင္ကို ေ႐ြးခ်ယ္ခဲ့သည္။က်န္အဖြဲ႕ဝင္မ်ားအျဖစ္ဝင္းရွိန္၊သီတာဦး၊ေက်ာ္မ်ိဳးထြဋ္၊ခင္ဦးလႈိင္ႏွင့္စစ္တပ္ဖက္မွရာျပည့္၊မ်ိဳးေဇာ္သိန္းတို႔ပါဝင္ေၾကာင္းဧရာဝတီသတင္းတြင္ေဖၚျပထားသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရကမူအိုင္စီေဂ်တြင္ျမန္မာအေရးကို ဆက္လက္ခုခံေခ်ပသြားေတာ့မည္မဟုတ္၊အတူပူးေပါင္းေဆာင္႐ြက္သြားမည္ဟုေျပာဆိုလာခဲ့သည္။ႏိုင္ငံေတာ္အတိုင္ပင္ခံသည္စစ္တပ္ကိုရင္ၾကားေစ့ႏိုင္ရန္ႀကိဳးပမ္းသည့္အေနျဖင့္ဟိတ္ဂ္သို႔ကိုယ္တိုင္ကိုယ္က် သြားေရာက္ၿပီးခုခံေခ်ပေပးခဲ့ေသာ္လည္

းေနာက္ပိုင္းတြင္ေက်းဇူးကန္းသည့္အေျပာအဆိုမ်ားေၾကာင့္စစ္တပ္ကိုစိတ္ကုန္လာေစခဲ့သည့္အရင္းခံအေၾကာင္းရင္းတခုျဖစ္သြားခဲ့ရသည္။ကမာၻလူ႔အခြင့္အေရးအဖြဲ႕ႀကီးတခုျဖစ္ေသာWITNESSအဖြဲ႕ႀကီးကအာဏာသိမ္းအဖြဲ႕မွဖမ္းဆီးထားသူမ်ားကို႐ိုက္ႏွက္ၿပီး

အတင္းအက်ပ္ဝန္ခံခိုင္းသည့္deepfakeလုပ္ရပ္မ်ားကိုေဝဖန္ ရႈတ္ခ်လိုက္ၿပီးနမူနာအျဖစ္ဦးၿဖိဳးမင္းသိန္း၏လုပ္ႀကံဖန္တီးထားေသာ အသံဖိုင္ကိုရည္ၫႊန္းေျပာဆိုခဲ့ၾကသည္။အ‌ေရးေတာ္ပုံေအာင္ရမည္

Credit