Local News

ကုလသမဂ္ဂ၏အသိအမှတ်ပြုမှု မရှိသော စစ်ကောင်စီက ICJ တရားရုံးတွင် အမှုရင်ဆိုင်ရန် အဖွဲ့ဖွဲ့ထား၊ ရိုဟင်ဂျာများကို ဖိနှိပ်သတ်ဖြတ်သူမှာ မြန်မာစစ်တပ်ဟု နိုင်ငံတ ကာက အ​ထောက်အထားဖြင့် ပြောဆို အ​ရေးယူ​​နေ

ရန်ကုန်၊ ဇွန် ၂၄

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို သတ်ဖြတ် ဖိနှိပ်ရက်စက်ခဲ့သော အကြမ်းဖက်စစ်တပ်က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွဲဆိုထားသော အမှုကို ရင်ဆိုင်ရန် မေလ ၁၄ ရက်နေ့ နေ့စွဲဖြင့်

အဖွဲ့ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ် ဖြတ်မှုများရှိနေသည်ဟုဆိုကာ ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး

မူလက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်၍ တရားရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက ဖွဲ့စည်းသည့် ICJ တရားရုံး အမှုရင်ဆိုင်ရေးအဖွဲ့တွင် အဖွဲ့ဝင် ၈ ဦးပါဝင်ကာ စစ်ကောင်စီ၏

လက်ပါးစေ ၀ဏ္ဏမောင်လွင်၊ ကိုကိုလှိုင် အပါအဝင် ၈ ဦးဖြစ်ပြီး မင်းအောင်လှိုင် တပ်မှ တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးလည်းပါဝင်နေသည်။ ရိုဟင်ဂျာအ​ရေး တက်ကြွလှုပ်ရှားသူ ရို​နေဆန်းလွင်က ”

မအလ အုပ်စုက ICJ မှာ အမှုဆက်လက်ရင်ဆိုင်ဖို့ ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီ။ UN Credentials Committee က သူတို့အုပ်စုကိုသာ အသိအမှတ်ပြုမယ်လို့ အပိုင်တွက်ထားပုံရတယ်” ဟု

လူမှုကွန်ရက်တွင်မှတ်ချက်ပြု ​ရေးသားထားသည်။နိုင်ငံတကာက ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို ဖိနှိပ်သတ်ဖြတ်ခဲ့မှုများကို ကျူးလွန်ခဲ့သူများမှ

ာ မြန်မာစစ်တပ်နှင့် ခေါင်းဆောင်များ ဖြစ်ကြောင်း ပြောဆိုထားပြီး စီးပွားရေးအရ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများကိုလည်း လုပ်ဆောင်ထားပြီးဖြစ်သည်။

Credit

Unicode