အမျိုးသမီးတွေနားမလည်နိုင်တဲ့ အမျိုးသားတွေရဲ့ ပြုမူဆက်ဆံပုံ(၅)မျိုး
အမျိုးသားနဲ့ အမျိုးသမီးဟာ ခန္ဓာဗေဒနဲ့ လိင်အရ ကွဲပြားမှုတွေ အများကြီးရှိပါတယ်။ အတွေးအခေါ် အယူအဆတိုင်းလည်း မတူကွဲပြားမှုတွေ ရှိပါတယ်။
ဒီအထဲမှာ အမျိုးသမီးတွေ နားမလည်နိုင်တဲ့ အမျိုးသားတွေရဲ့ ပြုမူဆက်ဆံပုံ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(1) တစ်ခုပဲတွေးတယ်
မေးစရာရှိတာက အများကြီးမတွေးဘူးလားလို့ မေးစရာရှိပါတယ်။ လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ်လို့လည်း ဆိုထားတာကိုး။ တွေးတာတွေတော့ ယောက်ျားတွေမှာ သူလိုကိုယ်လို အများကြီးပါဘဲ။
ဒါပေမဲ့ ရည်သန်မှုက တစ်ခုပဲ ထားပါတယ်။ ဥပမာအားဖြင့် စျေးထဲကို ပန်းသီးသွားဝယ်မယ့် ယောက်ျားတစ်ယောက်ဟာ ပန်းသီးအစား လိမ္မော်သီးပဲတွေ့ခဲ့လို့ လိမ္မော်သီးဝယ်ပြန်တတ်သူတွေ မဟုတ်ပါဘူး။
(2) သူတို့ စိတ်ထိခိုက်နေရင် ဘာမှမပြောချင်ဘူး
မိန်းမနဲ့ ကွာခြားချက်မှာ အဲဒီအချက် ပါ၀င်ပါလိမ့်မယ်။ အမျိုးသမီးတွေတော်တော်များများဟာ စိတ်ထိခိုက်လေ မလိုအပ်ပဲ
သူများကို တိုက်ခိုက်တဲ့ ရန်စကားတွေ ပြောလေပါဘဲ။ ယောက်ျားတွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ စိတ်ထိခိုက်တဲ့အခါ စကားအများကြီး ဆက်ပြောလေ့မရှိပါဘူး။
(3) မေးခွန်းတွေ မေးလေ့မရှိသလို မေးခွန်းမေးတာတွေကိုလည်း မနှစ်သက်ဘူး
ယောက်ျားအများစုဟာ သူများအကြောင်းကိုလည်း စပ်စပ်စုစု သိပ်လုပ်လေ့မရှိသလို သူတို့ကို တစ်ခုခုမေးလာခဲ့ရင်လည်း ပထမ လူမှုရေးအရ ဖြေချင်ဖြေပါမယ်။
နည်းနည်းများလာရင်တော့ ဒီလူ တော်တော်စပ်စုပါလားလို့ စိတ်ထဲကနေ တွေးတတ်ကြပါတယ်။
(4) တိတ်ဆိတ်စွာ နားထောင်တတ်တယ်
များသောအားဖြင့်တော့ သူတို့ အလိုမကျတဲ့ အမိန့်တွေဆို စိတ်မပါလက်မပါနဲ့ ငြိမ်ငြိမ်နားထောင်တတ်တဲ့အကျင့်ရှိပါတယ်။ တစ်ခါတလေ နည်းနည်းပိုကဲလာတယ်ထင်ရင် ခပ်တည်တည် ထလာတတ်တဲ့ အကျင့်လည်း ရှိပါတယ်။
(5) ထပ်ခါထပ်ခါ ပြောတာ/ပြောရတာကို သဘောမကျဘူး
စစ်တပ်တွေမှာ တစ်သွေးတစ်သံတစ်မိန့်နဲ့ အဆင်ပြေနေခြင်းဟာ ယောက်ျားသားတွေ အများစုပါလို့သာ အဆင်ပြေနေတာ ဖြစ်မယ်လို့ ကောက်ချက်ချမိတယ်။
ယောက်ျားတွေဟာ စကားတစ်ခွန်းကို ထပ်ကာထပ်ကာ မပြောချင်သလို တစ်စုံတစ်ယောက်ကို ထပ်ကာထပ်ကာပြောရတာမျိုးကိုလည်း သဘောမကျပါဘူး။
SiSi
Credit
Unicode