Love

မိန်းကလေးတွေ ချစ်သူကိုချစ်ရက်နဲ့လမ်းခွဲလိုက်ရတဲ့အကြောင်းအရင်းများ

မိန်းကလေးတွေ ချစ်သူကိုချစ်ရက်နဲ့လမ်းခွဲလိုက်ရတဲ့အကြောင်းအရင်းများ

တကယ်ချစ်ရင် ချစ်သူကိုပိုင်ဆိုင်ဖို့မဖြစ်မနေကြိုးစားသင့်တယ်ဆိုတဲ့ အချက်ကအမြဲတမ်းအတွက် လိုက်နာဖို့အခက်အခဲရှိနိုင် ပါတယ်။ တခါတလေမှာ ချစ်ပေမယ့်လည်း ရင်နာနာနဲ့စွန့်လွှတ်လိုက်ရတဲ့အချစ်တွေလည်း အများအပြားပါပဲ။

ဒီတခါတော့ အရမ်းချစ်ပေမယ့်လည်း ဘယ်လိုအချက်တွေကြောင့် ချစ်သူကိုစွန့်လွှတ်လိုက်ရလဲဆိုတာကို မိန်းကလေးတွေရှုထောင့် ကနေ ဖော်ပြပေးလိုက်ပါတယ်။သူ လိမ်တယ်အလိမ်အညာမုသားမပါတဲ့စကားတိုင်းကအမြဲတမ်းမချောမွေ့နိုင်ပေမယ့်အမြဲတမ်းအလိမ်ခံနေရရင်လည်းအဆင်မပြေပြန်ဘူး။

ရိုးသားမှုမရှိတဲ့သူနဲ့အတူတွဲလျှောက်လှမ်းရတဲ့ခရီးဟာသူ့ရဲ့အလိမ်အညာစကားတွေလိုပဲ ကောက်ကွေ့နေမှာပါပဲ။စောစောစီးစီး လမ်းခွဲလိုက်တာပဲကောင်းပါတယ်။တကိုယ်ကောင်းဆန်တယ်သိပ်ကိုကြောက်စရာကောင်းတဲ့အချက်ဖြစ်ပါတယ်။

တကိုယ်ကောင်းဆန်စိတ်ဟာလူကိုအဆိပ်အတောက်ဖြစ်စေတဲ့အတွက်ဒီလိုချစ်သူမျိုးကို ရင်နာနာနဲ့ စွန့်လွှတ်လိုက်တာ သင့်အတွက်အမှားမရှိနိုင်ပါဘူး။လျှို့ဝှက်ချက်များလွန်းတယ်မိန်းကလေးတွေကများသောအားဖြင့် လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ယောက်ျားလေးမျိုးကိုစူးစမ်းလိုစိတ်၊

သိချင်စိတ်တွေ နဲ့စိတ်၀င်စားတတ်ကြပေမယ့်အချစ်ရေးမှာတော့ တစ်ယောက်နဲ့တစ်ယောက် မျှဝေမှု၊ရိုးသားပွင့်လင်းတဲ့ ဆွေးနွေးတိုင်ပင် မှုတွေရှိသင့်ပါတယ်။အပြန်အလှန်ယုံကြည်မှုတွေနဲ့ပေါ့။ဒါပေမယ့် အဲဒီအချက်တွေနဲ့လုံး၀ဆန့်ကျင်နေတဲ့အချစ်ရေးကတော့ ရာနှုန်းပြည့်နီးပါးမပြေလည်ဖို့များပါတယ်။

မရင့်ကျက်ဘူးမိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားတစ်ယောက်ကို အားကိုးချင်လို့၊မှီခိုချင်ရုံချည်းသက်သက်မဟုတ်ပေမယ့် သူ့ရဲ့ လက်ကိုတွဲပြီး အရာရာကိုရင်ဆိုင်ချင်သလို သူ့ရဲ့ကူညီဖေးမမှု၊ဂရုစိုက်ကြင်နာမှုတွေကိုတော့

လိုချင်မိကြပါတယ်။ဒါပေမယ့် သူကိုယ်တိုင်က ကလေးတစ်ယောက်လိုပဲဖြစ်ဖြစ်၊ မသိနားမလည်ပေးနိုင်မှု၊အလိုက်မသိတတ်မှုစတဲ့မရင့်ကျက်မှုပေါင်းများ စွာနဲ့ရပ်တည်နေတယ်ဆိုရင်အဲဒီယောက်ျားတစ်ယောက်ဟာ သူမဟုတ်တဲ့ သူစိမ်းမိန်းမတစ်ယောက်အတွက် ဘယ်လောက်ထိစဉ်းစားပေးနိုင်မှာလဲဆိုတာ

တွေးကြည့်ရုံတင်သိနိုင်ပါတယ်။အာရုံစိတ်၀င်စားမှုမရှိဘူးတကိုယ်ကောင်းဆန်တာမဟုတ်ပေမယ့် ကိုယ်ကလွဲရင်တခြားသူတွေကို အာရုံစိုက် စိတ်၀င်စားခြင်းမရှိတဲ့သူတွေအနေနဲ့ တခြားသူကိုနားလည်ပေးနိုင်ဖို့လည်းမဖြစ်နိုင်ပါဘူး။

အထူးသဖြင့် အချစ်ရေးမှာ ကိုယ့်ကို ဘယ်လောက်ချစ်သလဲ၊ကိုယ့်ကို ဘာပြောနေလဲ၊ ကိုယ့်ကိုဘာဖြစ်စေချင်နေလဲဆိုတာ စိတ်၀င်စားမှုမရှိဘဲသူ့ဝါသနာ၊ သူ့ကမ္ဘာလေးမှာပဲ ရှင်သန်နေတဲ့ ချစ်သူမျိုးနဲ့

ရေရှည်လက်တွဲဖို့ဆိုတာ မိန်းကလေးတစ်ယောက်အတွက် စိတ်ကူးယဉ်ဆန်တယ်လို့ပဲဆိုရမှာပါပဲ။တခါတလေမှာ အရမ်းချစ်တဲ့ချစ်သူကို စွန့်လွှတ်လိုက်ရတဲ့နာကျင်မှုတွေကအချိန်တွေရှည်ကြာနိုင်ကောင်းပါလိမ့်မယ်။

ဒါပေမယ့် မရေရာမသေချာတဲ့လမ်းကိုလျှောက်နေရတာထက်စာရင်တော့ ဖြည်းဖြည်းမှန်မှန်နဲ့ ဒဏ်ရာတွေကိုကုစားနေ ထိုင်သွားမယ်ဆိုရင် ကိုယ်နဲ့အသင့်တော်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိနိုင်မယ်ဆိုတဲ့အကြောင်းကို အကြံပြုဖော်ပြပေးလိုက်ပါတယ်။

MyoMyo

Credit

Unicode

မိန်းကလေးတွေ ချစ်သူကိုချစ်ရက်နဲ့လမ်းခွဲလိုက်ရတဲ့အကြောင်းအရင်းများ

တကယ်ချစ်ရင် ချစ်သူကိုပိုင်ဆိုင်ဖို့မဖြစ်မနေကြိုးစားသင့်တယ်ဆိုတဲ့ အချက်ကအမြဲတမ်းအတွက် လိုက်နာဖို့အခက်အခဲရှိနိုင် ပါတယ်။ တခါတလေမှာ ချစ်ပေမယ့်လည်း ရင်နာနာနဲ့စွန့်လွှတ်လိုက်ရတဲ့အချစ်တွေလည်း အများအပြားပါပဲ။

ဒီတခါတော့ အရမ်းချစ်ပေမယ့်လည်း ဘယ်လိုအချက်တွေကြောင့် ချစ်သူကိုစွန့်လွှတ်လိုက်ရလဲဆိုတာကို မိန်းကလေးတွေရှုထောင့် ကနေ ဖော်ပြပေးလိုက်ပါတယ်။

သူ လိမ်တယ်အလိမ်အညာမုသားမပါတဲ့စကားတိုင်းကအမြဲတမ်းမချောမွေ့နိုင်ပေမယ့်အမြဲတမ်းအလိမ်ခံနေရရင်လည်းအဆင်မပြေပြန်ဘူး။ရိုးသားမှုမရှိတဲ့သူနဲ့အတူတွဲလျှောက်လှမ်းရတဲ့ခရီးဟာသူ့ရဲ့အလိမ်အညာစကားတွေလိုပဲ ကောက်ကွေ့နေမှာပါပဲ။စောစောစီးစီး လမ်းခွဲလိုက်တာပဲကောင်းပါတယ်။

တကိုယ်ကောင်းဆန်တယ်သိပ်ကိုကြောက်စရာကောင်းတဲ့အချက်ဖြစ်ပါတယ်။တကိုယ်ကောင်းဆန်စိတ်ဟာလူကိုအဆိပ်အတောက်ဖြစ်စေတဲ့အတွက်ဒီလိုချစ်သူမျိုးကို ရင်နာနာနဲ့ စွန့်လွှတ်လိုက်တာ သင့်အတွက်အမှားမရှိနိုင်ပါဘူး။

လျှို့ဝှက်ချက်များလွန်းတယ်မိန်းကလေးတွေကများသောအားဖြင့် လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ယောက်ျားလေးမျိုးကိုစူးစမ်းလိုစိတ်၊သိချင်စိတ်တွေ နဲ့စိတ်၀င်စားတတ်ကြပေမယ့်

အချစ်ရေးမှာတော့ တစ်ယောက်နဲ့တစ်ယောက် မျှဝေမှု၊ရိုးသားပွင့်လင်းတဲ့ ဆွေးနွေးတိုင်ပင် မှုတွေရှိသင့်ပါတယ်။အပြန်အလှန်ယုံကြည်မှုတွေနဲ့ပေါ့။ဒါပေမယ့် အဲဒီအချက်တွေနဲ့လုံး၀ဆန့်ကျင်နေတဲ့အချစ်ရေးကတော့ ရာနှုန်းပြည့်နီးပါးမပြေလည်ဖို့များပါတယ်။

မရင့်ကျက်ဘူးမိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားတစ်ယောက်ကို အားကိုးချင်လို့၊မှီခိုချင်ရုံချည်းသက်သက်မဟုတ်ပေမယ့် သူ့ရဲ့ လက်ကိုတွဲပြီး အရာရာကိုရင်ဆိုင်ချင်သလို သူ့ရဲ့ကူညီဖေးမမှု၊ဂရုစိုက်ကြင်နာမှုတွေကိုတော့

လိုချင်မိကြပါတယ်။ဒါပေမယ့် သူကိုယ်တိုင်က ကလေးတစ်ယောက်လိုပဲဖြစ်ဖြစ်၊ မသိနားမလည်ပေးနိုင်မှု၊အလိုက်မသိတတ်မှုစတဲ့မရင့်ကျက်မှုပေါင်းများ စွာနဲ့ရပ်တည်နေတယ်ဆိုရင်

အဲဒီယောက်ျားတစ်ယောက်ဟာ သူမဟုတ်တဲ့ သူစိမ်းမိန်းမတစ်ယောက်အတွက် ဘယ်လောက်ထိစဉ်းစားပေးနိုင်မှာလဲဆိုတာ တွေးကြည့်ရုံတင်သိနိုင်ပါတယ်။အာရုံစိတ်၀င်စားမှုမရှိဘူးတကိုယ်ကောင်းဆန်တာမဟုတ်ပေမယ့် ကိုယ်ကလွဲရင်တခြားသူတွေကို အာရုံစိုက် စိတ်၀င်စားခြင်းမရှိတဲ့သူတွေအနေနဲ့

တခြားသူကိုနားလည်ပေးနိုင်ဖို့လည်းမဖြစ်နိုင်ပါဘူး။အထူးသဖြင့် အချစ်ရေးမှာ ကိုယ့်ကို ဘယ်လောက်ချစ်သလဲ၊ကိုယ့်ကို ဘာပြောနေလဲ၊ ကိုယ့်ကိုဘာဖြစ်စေချင်နေလဲဆိုတာ စိတ်၀င်စားမှုမရှိဘဲသူ့ဝါသနာ၊ သူ့ကမ္ဘာလေးမှာပဲ ရှင်သန်နေတဲ့ ချစ်သူမျိုးနဲ့