Love

အရာအားလုံးနဲ့ အတိုက်အခံလုပ်ပြီး ချစ်ဖို့အတွက် ထိုက်တန်တဲ့ လူမျိုးဆိုတာ

အရာအားလုံးနဲ့ အတိုက်အခံလုပ်ပြီး ချစ်ဖို့အတွက် ထိုက်တန်တဲ့ လူမျိုးဆိုတာRelationship ဆိုတဲ့အရာမှာ တစ်ဦးနဲ့တစ်ဦး အတိုင်းအဆမရှိတဲ့ ချစ်ခြင်းမေတ္တာတရားတွေနဲ့ တည်ဆောက်ရမယ့် ဆက်ဆံရေးတစ်ခုပါ။

အချစ်စစ်မှန်ရင် ဆူးညှောင့်ခလုတ်တွေ ရှိစမြဲဆိုတဲ့အတိုင်းပဲ ကြုံလာသမျှ အခက်အခဲအားလုံးကို ချစ်သူရဲ့ လက်ကိုဆွဲကိုင်ပြီး တိုက်ထုတ်ဖို့ကလည်း သတ္တိရှိရဦးမှာပါ။ ဒါပေမဲ့ ပိုပြီး အရေးကြီးတာကတော့

သင့်အနေနဲ့ အရာအားလုံးကို ကျောခိုင်းပြီးရွေးချယ်မယ့်လူဟာ ထိုက်ရော ထိုက်တန်ရဲ့လားဆိုတာပါပဲ။ ဒါကိုသိရဖို့အတွက် အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာလေးတွေနဲ့ ဆက်ဆက် စမ်းစစ်ကြည့်လိုက်ရအောင်နော်။

သူ့ကြောင့်သင်ပျော်ရတယ်ချစ်သူဖြစ်တိုင်းလည်း ပျော်ရွှင်မှုကို အပြည့်အ၀ မခံစားရပါဘူး။ တကယ်တော့ လူတစ်ဦးအတွက် ပျော်ရွှင်မှုဆိုတာ ကိုယ့်ကိုတစ်ဖက်သားက ဘယ်လောက်မေတ္တာရှိပါတယ်ဆိုတာနဲ့လည်း သက်ဆိုင်နပါတယ်။

ဒါကြောင့် သူ့ကြောင့် သင်ဟာ အလုံးစုံအပြည့်အ၀ ပျော်ရွှင်မှုကို ခံစားနေရပြီဆိုရင်တော့ သူဟာ သင့်ကိုတကယ်စိတ်ထဲမှာရှိနေတာ သေချာနေပါပြီ။ပွင့်လင်းလို့ရတဲ့လူကိုယ့်ရဲ့ trueself ကို ပြလိုက်ပေမယ့်လည်း တစ်ဖက်က ကိုယ့်ရဲ့အပြစ်အနာအဆာတွေနဲ့ ပတ်သက်ပြီးတော့ ကဲ့ရဲ့မှုတွေ၊

လက်မခံနိုင်စရာတွေမဖြစ်လာဘဲနဲ့ အဲဒါတွေကိုနားလည်လက်ခံပြီးတော့ သင့်ကိုဆက်ချစ်နေပေးတယ်ဆိုရင် သူဟာ သင့်အနေနဲ့ အတိုက်အခံလုပ်ပြီး ချစ်သင့်တဲ့လူမျိုးပါ။ Healthy relationship ဖြစ်ဖို့ဆိုရင် နှစ်ဦးကြားထဲမှာ ပွင့်လင်းမှုနဲ့ ရိုးသားခြင်းဟာ လိုကိုလိုအပ်ပါတယ်။

သူ့ရှေ့မှာ ဟန်ဆောင်စရာမလိုဘူးများသောအားဖြင့် relationship တစ်ခုမှာ တစ်ဖက်က ကိုယ့်ချစ်သူကြိုက်အောင်ဆိုပြီး သူ့အကြိုက်လိုက်တာ ပုံစံတွေ ပြောင်းပြောင်းပြီး နေတတ်ကြပါတယ်။

အရေခြုံထားတဲ့ ဟန်ဆောင်မှုတွေ နှစ်ဦးကြားထဲ ရှိနေပြီဆိုရင် သင်တို့ရဲ့ relationship ဟာ အစစ်အမှန်မဟုတ်သေးပါဘူး။ တကယ်လို့ သင်တို့နှစ်ယောက်စလုံးဟာ တစ်ဦးရဲ့ပုံစံအစစ်အမှန်ကိုတစ်ဦး သိနေပြီးတော့

ဒါကိုလည်းချစ်စိတ်၀င်နေမယ်ဆိုရင်တော့ သူဟာ သင့်အတွေက် လူမှန်တစ်ဦးပါ။ဘယ်ချိန်မဆို နောက်ပြန်လှည့်ကြည့်စရာမလိုတဲ့လူလူတစ်ဦးနဲ့တစ်ဦးကြားထဲ ခိုင်မာတဲ့ relationship ဖြစ်ဖို့ဆိုရင်တစ်ဦးနဲ့တစ်ဦး ယုံကြတည်စိတ်ချမှုဆိုတာလည်း လိုအပ်ပါသေးတယ်။

ဘ၀အတွက်အတူတူရုန်းကန်နေတဲ့အချိန်မှာ ချစ်သူကို ပြန်ပြီးတခြားလမ်းများ ရောက်သွားမလားဆိုတဲ့ စိတ်နဲ့ နောက်ကြောင်းမအေးဖြစ်နေရမယ်ဆိုရင် ရေရှည်မှာ အဆင်ပြေစေမှာမဟုတ်ပါဘူး။ ဒီအတွက် ကိုယ်နဲ့အတူတူ အနာဂတ်ခရီးလမ်းကိုလျှောက်မယ်ဆိုတဲ့လူဟာလည်း

ဘယ်ချိန်ပဲ ကြည့်လိုက်ကြည့်လိုက် ကိုယ့်ဘေးမှာ ကိုယ်နဲ့အတူလက်ကိုတွဲပြီး တိုက်ပွ၀င်နေတဲ့လူ ဖြစ်ရပါမယ်။ပြီးပြည့်စုံစေတဲ့လူအချစ်ရေးမှာတင်မကဘဲနဲ့ ဘ၀အတွက်ကိုပါ အချင်းချင်း တိုးတက်ရာတိုးတက်ကြောင်းကိစ္စတွေကို

လိုလိုလားလားနဲ့ ဆွေးနွေးတိုင်ပင်လို့ရမယ်၊ ကိုယ့်ကို သူ့ကြောင်း မနစ်စေဘဲနဲ့ ပိုပြီး မြှင့်တင်ပေးမယ့်လူဖြစ်နေပြီဆိုရင်တော့ တစ်လောကလုံးကသင်တို့နှစ်ယောက်ကို ခွဲနေပါစေဦး သူ့လက်ကိုတွဲကာ အချစ်လမ်းခရီးကို ရဲရဲကြီးလျှောက်လှမ်းလိုက်ပါတော့။

Penny

Credit

Unicode

အရာအားလုံးနဲ့ အတိုက်အခံလုပ်ပြီး ချစ်ဖို့အတွက် ထိုက်တန်တဲ့ လူမျိုးဆိုတာRelationship ဆိုတဲ့အရာမှာ တစ်ဦးနဲ့တစ်ဦး အတိုင်းအဆမရှိတဲ့ ချစ်ခြင်းမေတ္တာတရားတွေနဲ့ တည်ဆောက်ရမယ့် ဆက်ဆံရေးတစ်ခုပါ။

အချစ်စစ်မှန်ရင် ဆူးညှောင့်ခလုတ်တွေ ရှိစမြဲဆိုတဲ့အတိုင်းပဲ ကြုံလာသမျှ အခက်အခဲအားလုံးကို ချစ်သူရဲ့ လက်ကိုဆွဲကိုင်ပြီး တိုက်ထုတ်ဖို့ကလည်း သတ္တိရှိရဦးမှာပါ။ ဒါပေမဲ့ ပိုပြီး အရေးကြီးတာကတော့

သင့်အနေနဲ့ အရာအားလုံးကို ကျောခိုင်းပြီးရွေးချယ်မယ့်လူဟာ ထိုက်ရော ထိုက်တန်ရဲ့လားဆိုတာပါပဲ။ ဒါကိုသိရဖို့အတွက် အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာလေးတွေနဲ့ ဆက်ဆက် စမ်းစစ်ကြည့်လိုက်ရအောင်နော်။

သူ့ကြောင့်သင်ပျော်ရတယ်ချစ်သူဖြစ်တိုင်းလည်း ပျော်ရွှင်မှုကို အပြည့်အ၀ မခံစားရပါဘူး။ တကယ်တော့ လူတစ်ဦးအတွက် ပျော်ရွှင်မှုဆိုတာ ကိုယ့်ကိုတစ်ဖက်သားက ဘယ်လောက်မေတ္တာရှိပါတယ်ဆိုတာနဲ့လည်း သက်ဆိုင်နပါတယ်။

ဒါကြောင့် သူ့ကြောင့် သင်ဟာ အလုံးစုံအပြည့်အ၀ ပျော်ရွှင်မှုကို ခံစားနေရပြီဆိုရင်တော့ သူဟာ သင့်ကိုတကယ်စိတ်ထဲမှာရှိနေတာ သေချာနေပါပြီ။ပွင့်လင်းလို့ရတဲ့လူကိုယ့်ရဲ့ trueself ကို ပြလိုက်ပေမယ့်လည်း တစ်ဖက်က ကိုယ့်ရဲ့အပြစ်အနာအဆာတွေနဲ့ ပတ်သက်ပြီးတော့ ကဲ့ရဲ့မှုတွေ၊

လက်မခံနိုင်စရာတွေမဖြစ်လာဘဲနဲ့ အဲဒါတွေကိုနားလည်လက်ခံပြီးတော့ သင့်ကိုဆက်ချစ်နေပေးတယ်ဆိုရင် သူဟာ သင့်အနေနဲ့ အတိုက်အခံလုပ်ပြီး ချစ်သင့်တဲ့လူမျိုးပါ။ Healthy relationship ဖြစ်ဖို့ဆိုရင် နှစ်ဦးကြားထဲမှာ ပွင့်လင်းမှုနဲ့ ရိုးသားခြင်းဟာ လိုကိုလိုအပ်ပါတယ်။

သူ့ရှေ့မှာ ဟန်ဆောင်စရာမလိုဘူးများသောအားဖြင့် relationship တစ်ခုမှာ တစ်ဖက်က ကိုယ့်ချစ်သူကြိုက်အောင်ဆိုပြီး သူ့အကြိုက်လိုက်တာ ပုံစံတွေ ပြောင်းပြောင်းပြီး နေတတ်ကြပါတယ်။

အရေခြုံထားတဲ့ ဟန်ဆောင်မှုတွေ နှစ်ဦးကြားထဲ ရှိနေပြီဆိုရင် သင်တို့ရဲ့ relationship ဟာ အစစ်အမှန်မဟုတ်သေးပါဘူး။ တကယ်လို့ သင်တို့နှစ်ယောက်စလုံးဟာ တစ်ဦးရဲ့ပုံစံအစစ်အမှန်ကိုတစ်ဦး သိနေပြီးတော့

ဒါကိုလည်းချစ်စိတ်၀င်နေမယ်ဆိုရင်တော့ သူဟာ သင့်အတွေက် လူမှန်တစ်ဦးပါ။ဘယ်ချိန်မဆို နောက်ပြန်လှည့်ကြည့်စရာမလိုတဲ့လူလူတစ်ဦးနဲ့တစ်ဦးကြားထဲ ခိုင်မာတဲ့ relationship ဖြစ်ဖို့ဆိုရင်

တစ်ဦးနဲ့တစ်ဦး ယုံကြတည်စိတ်ချမှုဆိုတာလည်း လိုအပ်ပါသေးတယ်။ ဘ၀အတွက်အတူတူရုန်းကန်နေတဲ့အချိန်မှာ ချစ်သူကို ပြန်ပြီးတခြားလမ်းများ ရောက်သွားမလားဆိုတဲ့ စိတ်နဲ့ နောက်ကြောင်းမအေးဖြစ်နေရမယ်ဆိုရင် ရေရှည်မှာ အဆင်ပြေစေမှာမဟုတ်ပါဘူး။

ဒီအတွက် ကိုယ်နဲ့အတူတူ အနာဂတ်ခရီးလမ်းကိုလျှောက်မယ်ဆိုတဲ့လူဟာလည်းဘယ်ချိန်ပဲ ကြည့်လိုက်ကြည့်လိုက် ကိုယ့်ဘေးမှာ ကိုယ်နဲ့အတူလက်ကိုတွဲပြီး တိုက်ပွ၀င်နေတဲ့လူ ဖြစ်ရပါမယ်။ပြီးပြည့်စုံစေတဲ့လူအချစ်ရေးမှာတင်မကဘဲနဲ့ ဘ၀အတွက်ကိုပါ အချင်းချင်း တိုးတက်ရာတိုးတက်ကြောင်းကိစ္စတွေကို