Knowledge

ထက်မြက်အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့ ဒီအချက်တွေ ပြောင်းလဲလိုက်ပါ

ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာဖို့ တကယ်တမ်းမှာ အရမ်းကြီး ခက်ခဲမနေပါဘူး။ ကိုယ့်အတွက် မှန်ကန်တဲ့ နည်းလမ်းလေး ရှိနေရုံနဲ့ ထက်မြက်ထူးချွန်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ တကယ်တော့ ထက်မြက်ထူးချွန်မှုဆိုတာ

ကိုယ့်ရဲ့ ခံယူချက်တွေနဲ့ အလေ့အထလေးတွေကနေ စတင်ပါတယ်။ ဒီတော့ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဒီအဆင့်လေးတွေနဲ့ တစ်ဆင့်ချင်း ပြောင်းလဲဖို့ လိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကို စိတ်ဓာတ်ခွန်အားပေးပါကိုယ်ကိုယ်တိုင်အတွက် စိတ်ဓာတ်ခွန်အားကို မရှာဖွေနိုင်ဘူးဆိုရင် ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ဘယ်အရာကိုမှ ကောင်းကောင်းလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်အတွက် စိတ်ဓာတ်ခွန်အားဆိုတာ

တကယ့်ကို အရေးကြီးပဲ စိတ်ဓာတ်ခွန်အားရှိမှရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းကို အားအင်အပြည့်နဲ့ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ထက်မြက်တဲ့ အမျိုးသမီးတွေက လွယ်လွယ် စိတ်ဓာတ်မကျတတ်ကြပါဘူး ဘာကြောင့်လဲဆိုတော့

စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်းမှာ သူတို့ကိုယ်သူတို့ စိတ်ဓာတ်ခွန်အားပေးပြီး အားတင်းထားတတ်ကြလို့ပါ။ကိုယ်ဖြစ်ချင်တာတွေအတွက် အချိန်ကို ရင်းနှီးမြုပ်နှံပါကိုယ်တကယ် ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ကိုယ်တကယ် အကောင်အထည်ဖော်ချင်တဲ့

အလုပ်အကိုင်တွေအတွက် ကြိုးစားအားထုတ်တတ်ဖို့ လိုပါတယ်။ ချက်ချင်းကြိုးစားပြီး ချက်ချင်း မရပ်တန့်လိုက်ပါနဲ့။ တကယ်တော့ အချိန်တစ်ခုထိကြိုးစားပြီးမှ အောင်မြင်မှု အသီးအပွင့်ကို ရနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ဖြစ်ချင်တာတွေအတွက်

စောင့်ဆိုင်းနေတာမျိုး မလုပ်ပါနဲ့ ချက်ချင်း ထလုပ်ပါ။ ဒါက သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားပေးမှာပါ။ကိုယ့်ဘဝကို သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့ကိုယ့်ဘေးနား ရှိနေတဲ့ သူတိုင်းက ကိုယ့်အတွက် ကောင်းမွန်တဲ့ သူတွေမဟုတ်ပါဘူး။

ဒီတော့ တစ်ခါတစ်လေ အဆိပ်အတောက်များတဲ့ သူတွေနဲ့ ကြုံရမယ်၊ တစ်ခါတစ်လေ အဆိုးမြင်စိတ်များတဲ့ သူတွေ၊ ကိုယ့်ဘဝထဲက ထုတ်ကိုထုတ်ပစ်ရမယ့် သူတွေ ဒီလိုလူတွေအတွက် အချိန်ကုန်ခံနေတာမျိုး မဖြစ်သင့်ပါဘူး။

ဒီလိုလူတွေကို ဆက်ထားထားရင် ကိုယ့်ဘဝညစ်ပတ်ရုံပဲ ရှိပါတယ်။ ဒီတော့ မလိုအပ်တဲ့ အရာတွေ၊ မလိုအပ်တဲ့သူတွေကို ကိုယ့်ဘဝထဲက သန့်ရှင်းပစ်ဖို့ လိုပါတယ်။ကိုယ့်ဘာကြောင့် စတင်ခဲ့တယ်ဆိုတာ သတိရပါအရှုံးတွေနဲ့ ကြုံတွေ့လာရတဲ့ အခါတိုင်းမှာ

စိတ်ဓာတ်ကျ အားငယ်တာတွေနဲ့ ကြုံရတဲ့ အချိန်တိုင်း၊ ကိုယ့်ကိုယ်ကို အရှုံးပေးချင်စိတ် ပေါ်လာတဲ့ အချိန်တွေမှာ ကိုယ်ဘာကြောင့် စတင်ခဲ့တယ်ဆိုတာကို မမေ့ပါနဲ့။ ကိုယ်အိပ်မက်ပန်းတိုင်တွေအတွက်ကြိုးစားနေတဲ့အချိန်မှာ အခက်အခဲ အတားအဆီးတွေကတော့

ရှိနေမှာပါပဲ ဒါပေမယ့် လွယ်လွယ် အရှုံးပေးလိုက်ရင်တော့ ကြိုးစားထားတာတွေ နှမြောစရာ ကောင်းပါတယ်နော်။ ဒီလိုအချိန်တွေမှာ ကိုယ်ဘာကြောင့် စတင်ခဲ့တယ်ဆိုတာကို သတိရပါ ဒါက သင့်ကို ရှေ့ဆက်လျှောက်ဖို့ အားဖြစ်စေမှာပါ။

အချိန်တွေကို စီမံခန့်ခွဲ တတ်အောင် လုပ်ဆောင်ပါထက်မြက်အောင်မြင်တဲ့ အမျိုးသမီးတွေက ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်း နားလည်ထားကြပါတယ်။ လူမှုရေး၊ စီးပွါးရေး၊ မိသားစုရေး စသဖြင့် အရာရာတိုင်းမှ

ာ အချိန်ကို စီမံခန့်ခွဲပြီး သုံးတတ်ဖို့ လိုပါတယ်။နောက်ပြီး ဘယ်လိုအချိန်မှာ စတင်သင့်တယ်၊ ဘယ်လိုအချိန်မှာ ရပ်တန့်သင့်တယ်ဆိုတာတွေကိုပါ သိတာဟာလည်း ထက်မြက်မှု တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက သင့်ကို ထက်မြက်အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာစေမှာ ဖြစ်ပါတယ်။

Credit

Zawgyi

ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာဖို့ တကယ်တမ်းမှာ အရမ်းကြီး ခက်ခဲမနေပါဘူး။ ကိုယ့်အတွက် မှန်ကန်တဲ့ နည်းလမ်းလေး ရှိနေရုံနဲ့ ထက်မြက်ထူးချွန်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ တကယ်တော့ ထက်မြက်ထူးချွန်မှုဆိုတာ

ကိုယ့်ရဲ့ ခံယူချက်တွေနဲ့ အလေ့အထလေးတွေကနေ စတင်ပါတယ်။ ဒီတော့ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဒီအဆင့်လေးတွေနဲ့ တစ်ဆင့်ချင်း ပြောင်းလဲဖို့ လိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကို စိတ်ဓာတ်ခွန်အားပေးပါကိုယ်ကိုယ်တိုင်အတွက် စိတ်ဓာတ်ခွန်အားကို မရှာဖွေနိုင်ဘူးဆိုရင် ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ဘယ်အရာကိုမှ ကောင်းကောင်းလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်အတွက် စိတ်ဓာတ်ခွန်အားဆိုတာ တကယ့်ကို အရေးကြီးပဲ စိတ်ဓာတ်ခွန်အားရှိမှ

ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းကို အားအင်အပြည့်နဲ့ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ထက်မြက်တဲ့ အမျိုးသမီးတွေက လွယ်လွယ် စိတ်ဓာတ်မကျတတ်ကြပါဘူး ဘာကြောင့်လဲဆိုတော့ စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်းမှာ သူတို့ကိုယ်သူတို့ စိတ်ဓာတ်ခွန်အားပေးပြီး အားတင်းထားတတ်ကြလို့ပါ။

ကိုယ်ဖြစ်ချင်တာတွေအတွက် အချိန်ကို ရင်းနှီးမြုပ်နှံပါကိုယ်တကယ် ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ကိုယ်တကယ် အကောင်အထည်ဖော်ချင်တဲ့ အလုပ်အကိုင်တွေအတွက် ကြိုးစားအားထုတ်တတ်ဖို့ လိုပါတယ်။ ချက်ချင်းကြိုးစားပြီး ချက်ချင်း မရပ်တန့်လိုက်ပါနဲ့။ တကယ်တော့ အချိန်တစ်ခုထိ

ကြိုးစားပြီးမှ အောင်မြင်မှု အသီးအပွင့်ကို ရနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ဖြစ်ချင်တာတွေအတွက် စောင့်ဆိုင်းနေတာမျိုး မလုပ်ပါနဲ့ ချက်ချင်း ထလုပ်ပါ။ ဒါက သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားပေးမှာပါ။

ကိုယ့်ဘဝကို သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့ကိုယ့်ဘေးနား ရှိနေတဲ့ သူတိုင်းက ကိုယ့်အတွက် ကောင်းမွန်တဲ့ သူတွေမဟုတ်ပါဘူး။ ဒီတော့ တစ်ခါတစ်လေ အဆိပ်အတောက်များတဲ့ သူတွေနဲ့ ကြုံရမယ်၊ တစ်ခါတစ်လေ အဆိုးမြင်စိတ်များတဲ့ သူတွေ၊ ကိုယ့်ဘဝထဲက ထုတ်ကို

ထုတ်ပစ်ရမယ့် သူတွေ ဒီလိုလူတွေအတွက် အချိန်ကုန်ခံနေတာမျိုး မဖြစ်သင့်ပါဘူး။ ဒီလိုလူတွေကို ဆက်ထားထားရင် ကိုယ့်ဘဝညစ်ပတ်ရုံပဲ ရှိပါတယ်။ ဒီတော့ မလိုအပ်တဲ့ အရာတွေ၊ မလိုအပ်တဲ့သူတွေကို ကိုယ့်ဘဝထဲက သန့်ရှင်းပစ်ဖို့ လိုပါတယ်။

ကိုယ့်ဘာကြောင့် စတင်ခဲ့တယ်ဆိုတာ သတိရပါအရှုံးတွေနဲ့ ကြုံတွေ့လာရတဲ့ အခါတိုင်းမှာ စိတ်ဓာတ်ကျ အားငယ်တာတွေနဲ့ ကြုံရတဲ့ အချိန်တိုင်း၊ ကိုယ့်ကိုယ်ကို အရှုံးပေးချင်စိတ် ပေါ်လာတဲ့ အချိန်တွေမှာ ကိုယ်ဘာကြောင့် စတင်ခဲ့တယ်ဆိုတာကို မမေ့ပါနဲ့။ ကိုယ်အိပ်မက်ပန်းတိုင်တွေအတွက်

ကြိုးစားနေတဲ့အချိန်မှာ အခက်အခဲ အတားအဆီးတွေကတော့ ရှိနေမှာပါပဲ ဒါပေမယ့် လွယ်လွယ် အရှုံးပေးလိုက်ရင်တော့ ကြိုးစားထားတာတွေ နှမြောစရာ ကောင်းပါတယ်နော်။ ဒီလိုအချိန်တွေမှာ ကိုယ်ဘာကြောင့် စတင်ခဲ့တယ်ဆိုတာကို သတိရပါ ဒါက သင့်ကို ရှေ့ဆက်လျှောက်ဖို့ အားဖြစ်စေမှာပါ။

အချိန်တွေကို စီမံခန့်ခွဲ တတ်အောင် လုပ်ဆောင်ပါထက်မြက်အောင်မြင်တဲ့ အမျိုးသမီးတွေက ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်း နားလည်ထားကြပါတယ်။ လူမှုရေး၊ စီးပွါးရေး၊ မိသားစုရေး စသဖြင့် အရာရာတိုင်းမှာ အချိန်ကို စီမံခန့်ခွဲပြီး သုံးတတ်ဖို့ လိုပါတယ်။

နောက်ပြီး ဘယ်လိုအချိန်မှာ စတင်သင့်တယ်၊ ဘယ်လိုအချိန်မှာ ရပ်တန့်သင့်တယ်ဆိုတာတွေကိုပါ သိတာဟာလည်း ထက်မြက်မှု တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက သင့်ကို ထက်မြက်အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာစေမှာ ဖြစ်ပါတယ်။

Credit