Knowledge

ယောက်ျားသားရဲ့ ရင်ထဲစကားကို သင်ဘယ်လောက် နားလည်နိုင်ပါသလဲ..

မိန်းမသားရဲ့တချို့အတွေးကို ယောက်ျားသား ဘယ်လိုမှ နားမလည်နိုင်သလို ယောက်ျားသားရဲ့တချို့အတွေးကိုလည်း မိန်းမသားအနည်းငယ်သာ တကယ်နားလည်နိုင်တယ်။

အောက်က ယောက်ျားသားရဲ့ ရင်ထဲစကားကို သင်ဘယ်လောက် နားလည်နိုင်ပါသလဲ…

(၁) တကယ်လို့ သင့်ကိုယ်သင်ဝတယ်ထင်ရင် ဒါဟာ ဝတာပဲ။ ငါတို့ယောက်ျားတွေကို မ​မေးပါနဲ့.. ငါတို့ မဖြေတတ်ပါဘူး။ ငါတို့ သတိထားတာဆိုလို့ အစိတ်အပိုင်းတချို့လောက်ပဲရှိပါတယ်။

(၂) ဆံပင်ရှည်ကို မညှပ်ပါနဲ့။ ဆံပင်ရှည်က ဆံပင်တိုထက် အမြဲပိုလှပါတယ်။

(၃) မောလ်သွားပြီး စျေးဝယ်တာဟာလည်း အားကစားလုပ်နည်းတစ်မျိုးလို့ မပြောပါနဲ့။

(၄) ဟုတ်ပါတယ်… သင်မှာ လုံလောက်တဲ့ အဝတ်အစားနဲ့ လက်ကိုင်အိတ်ရှိတယ်ဆိုတာကို ငါတို့အထပ်ထပ် ဖြေပြီးသားပါ။

(၅) အပြင်အတူတူထွက်တဲ့အခါ သင် ဘာဝတ်ဝတ် လှပြီးသားပါ…. တကယ်ပါ။ ငါတို့နောက်ကျအောင် အင်္ကျီတွေ တစ်ထည်ပြီးတစ်ထည် ဝတ်ကြည့်မနေပါနဲ့တော့။

(၆) ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆို တဲ့တဲ့ပြောပါ။ ဘယ်လောက်ကောင်းတဲ့ အရိပ်အမြွက်ဖြစ်ဖြစ် ငါတို့ နားမလည်တတ်ပါဘူး။

(၇) ငိုတယ်ဆိုတာ အမူအရာနဲ့ ခြိမ်းခြောက်ခြင်းတစ်မျိုးပဲ။

(၈) လွန်ခဲ့တဲ့နှစ်ဝက်က ငါတို့ပြောခဲ့တဲ့စကားနဲ့ ငါတို့နဲ့မငြင်းခုံပါနဲ့။ ငါတို့ပြောခဲ့တဲ့စကားကို ၃ ရက်အတွင်း ငါတို့မေ့သွားတတ်လို့ပါ။

(၉) ရုပ်ရှင်ကြည့်နေချိန်မှာ ဟိုဟာဒီဟာပြောချင်ရင်လည်း ကြော်ငြာလာချိန်ကျမှ ပြောပါ။

(၁၀) သင့်ကို ဝေဖန်ပြောဆိုတယ်ဆိုတာကလည်း ကိစ္စရပ် အကြောင်းအရာကို ပြောတာပါ။ ဒီ့အတွက်နဲ့ မငိုယိုပါနဲ့၊ မဆူပူပါနဲ့၊ ပုံကြီးမချဲ့ပါနဲ့။

(၁၁) သင့်ကို ” ဘာဖြစ်နေတာလဲ ” မေးတဲ့အခါ ” ဘာမှမဖြစ်ဘူး” လို့ သင်ဖြေရင်… တကယ်ပါ ငါတို့က ဘာမှမဖြစ်ဘူးလို့ပဲ မှတ်လိုက်ပါတယ်။

ဂျက်ကီချန်းအကြောင်းရေးခဲ့တဲ့ ဟောင်ကောင်စာရေးဆရာ Chua Lam ရေးထားတာပါ။ယောက်ျားမိန်းမတို့ရဲ့ ဦးနှောက်ဖွဲ့စည်းပုံက မတူကြတော့ တချို့အတွေးအခေါ်၊ အပြုအမူတေ​ွကလည်း ကွဲပြားကြတယ်။

ဖတ်ဖူးတာတစ်ခုက မိန်းမဟာ တစ်ဘက်က လက်သည်းနီဆိုးရင်း တစ်ဘက်က တီဗီကြည့်၊ ဖုန်းပြော၊ ကလေးထိန်းလို့ ရနိုင်တယ်တဲ့။

ယောက်ျားကျတော့ ရုပ်ရှင်ကြည့်ရင် ရုပ်ရှင်ကြည့်တာ တစ်ခုပဲရတယ်။ တစ်ခုခုသွားပြောရင်လည်း နားထဲမဝင်တော့ဘူး။ ဆိုလိုတာက မိန်းမရဲ့ဦးနှောက်ဟာ တစ်ချိန်တည်းမှာပဲ အလုပ်အများကြီးလုပ်လို့ရပြီ

ယောက်ျားရဲ့ဦးနှောက်ကျတော့ တစ်ခုတည်းကိုပဲ အာရုံစိုက်လို့ရတာကိုပါ။တချို့ကိစ္စမှာဆိုရင်လည်း အဲဒီလိုပဲ…. ဥပမာ — မိန်းမက ဗြူးတီးစလွန်းကနေ ဆံပင်၊ လက်သည်းအလှတွေ ပြင်လာတယ်။

ပြီးတော့ ယောက်ျားကို ဘာပြောင်းလဲသွားသလဲ မေးတယ်။ ယောက်ျားရဲ့အကြည့်မှာက ဘာမှမပြောင်းလဲဘူး… ဒီတိုင်းက ဒီတိုင်းပဲလိုထင်တယ်။

ဟာသတစ်ခု ပြောပြမယ်… ယောက်ျားနဲ့မိန်းမ အစားသွားစားကြတယ်။ ယောက်ျားက ဘာစားမလဲ မေးတယ်။ မိန်းမက ကြိုက်တာစားလို့ ဆိုတယ်။ ဒါနဲ့ ယောက်ျားက ဟင်းမှာလိုက်တယ်။

ဟင်းတွေလာတော့ မိန်းမကကြည့်ပြီး ဘာလို့ ဒါတွေမှာရတာလဲ ပြောတယ်။ သူပဲ ကြိုက်တာမှာဆို…… မိန်းမမှာရင်တော့ ယောက်ျားက ဘာမှမပြောဘဲ စားလိုက်တတ်တယ်။ ယောက်ျားနဲ့မိန်းမကြား အဲဒီလို မတူညီမှုလေးတွေရှိလို့ပဲ ဒီလောကကြီး မပျင်းရတာဖြစ်မယ်

Credit

Unicode

မိန်းမသားရဲ့တချို့အတွေးကို ယောက်ျားသား ဘယ်လိုမှ နားမလည်နိုင်သလို ယောက်ျားသားရဲ့တချို့အတွေးကိုလည်း မိန်းမသားအနည်းငယ်သာ တကယ်နားလည်နိုင်တယ်။အောက်က ယောက်ျားသားရဲ့ ရင်ထဲစကားကို သင်ဘယ်လောက် နားလည်နိုင်ပါသလဲ…

(၁) တကယ်လို့ သင့်ကိုယ်သင်ဝတယ်ထင်ရင် ဒါဟာ ဝတာပဲ။ ငါတို့ယောက်ျားတွေကို မ​မေးပါနဲ့.. ငါတို့ မဖြေတတ်ပါဘူး။ ငါတို့ သတိထားတာဆိုလို့ အစိတ်အပိုင်းတချို့လောက်ပဲရှိပါတယ်။

(၂) ဆံပင်ရှည်ကို မညှပ်ပါနဲ့။ ဆံပင်ရှည်က ဆံပင်တိုထက် အမြဲပိုလှပါတယ်။

(၃) မောလ်သွားပြီး စျေးဝယ်တာဟာလည်း အားကစားလုပ်နည်းတစ်မျိုးလို့ မပြောပါနဲ့။

(၄) ဟုတ်ပါတယ်… သင်မှာ လုံလောက်တဲ့ အဝတ်အစားနဲ့ လက်ကိုင်အိတ်ရှိတယ်ဆိုတာကို ငါတို့အထပ်ထပ် ဖြေပြီးသားပါ။

(၅) အပြင်အတူတူထွက်တဲ့အခါ သင် ဘာဝတ်ဝတ် လှပြီးသားပါ…. တကယ်ပါ။ ငါတို့နောက်ကျအောင် အင်္ကျီတွေ တစ်ထည်ပြီးတစ်ထည် ဝတ်ကြည့်မနေပါနဲ့တော့။

(၆) ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆို တဲ့တဲ့ပြောပါ။ ဘယ်လောက်ကောင်းတဲ့ အရိပ်အမြွက်ဖြစ်ဖြစ် ငါတို့ နားမလည်တတ်ပါဘူး။

(၇) ငိုတယ်ဆိုတာ အမူအရာနဲ့ ခြိမ်းခြောက်ခြင်းတစ်မျိုးပဲ။

(၈) လွန်ခဲ့တဲ့နှစ်ဝက်က ငါတို့ပြောခဲ့တဲ့စကားနဲ့ ငါတို့နဲ့မငြင်းခုံပါနဲ့။ ငါတို့ပြောခဲ့တဲ့စကားကို ၃ ရက်အတွင်း ငါတို့မေ့သွားတတ်လို့ပါ။

(၉) ရုပ်ရှင်ကြည့်နေချိန်မှာ ဟိုဟာဒီဟာပြောချင်ရင်လည်း ကြော်ငြာလာချိန်ကျမှ ပြောပါ။

(၁၀) သင့်ကို ဝေဖန်ပြောဆိုတယ်ဆိုတာကလည်း ကိစ္စရပ် အကြောင်းအရာကို ပြောတာပါ။ ဒီ့အတွက်နဲ့ မငိုယိုပါနဲ့၊ မဆူပူပါနဲ့၊ ပုံကြီးမချဲ့ပါနဲ့။

(၁၁) သင့်ကို ” ဘာဖြစ်နေတာလဲ ” မေးတဲ့အခါ ” ဘာမှမဖြစ်ဘူး” လို့ သင်ဖြေရင်… တကယ်ပါ ငါတို့က ဘာမှမဖြစ်ဘူးလို့ပဲ မှတ်လိုက်ပါတယ်။

ဂျက်ကီချန်းအကြောင်းရေးခဲ့တဲ့ ဟောင်ကောင်စာရေးဆရာ Chua Lam ရေးထားတာပါ။ယောက်ျားမိန်းမတို့ရဲ့ ဦးနှောက်ဖွဲ့စည်းပုံက မတူကြတော့ တချို့အတွေးအခေါ်၊ အပြုအမူတေ​ွကလည်း ကွဲပြားကြတယ်။ဖတ်ဖူးတာတစ်ခုက မိန်းမဟာ တစ်ဘက်က လက်သည်းနီဆိုးရင်း တစ်ဘက်က တီဗီကြည့်၊ ဖုန်းပြော၊ ကလေးထိန်းလို့ ရနိုင်တယ်တဲ့။