Local News

စစ်သည် ဇနီးတို့ရဲ့ နွေဦးတော်လှန်ရေး

စစ်သည် ဇနီးတို့ရဲ့ နွေဦးတော်လှန်ရေး

ယောကျ်ားစစ်သားတွေက အသက်ကိုဖက်နဲ့ထုတ်ပြီး စစ်သားလုပ်ရတယ်။ဇနီးသည်တွေက ဆင်းရဲဒဏ်နဲ့ ပင်ပန်းဒဏ်ကို ကြံ့ကြံ့ခံပြီး နောက်တန်းဖရိုမရဲမဖြစ်ရအောင် တာဝန်ထိန်းသိမ်းပေးထားတယ်။

ဒါပေမဲ့ အရာရှိကြီး တွေကတော့ စစ်လဲမ တိုက်ရပါဘဲ ချမ်းသာကြွယ်ဝပြီး စည်းစိမ်ကျနေကြတယ်။ဒါတကယ့်လက်တွေ့ပဲ ငြင်းမရဘူး။တိုင်းပြည်ကို ကာကွယ်ဖို့၊ အမျိုးဘာသာသာသနာကို ကာကွယ် ဖို့ဆိုတဲ့ အတွေးအခေါ် ဂျင်းတွေထဲ့ပြီး စစ်သည်နဲ့ တပ်မိသားစုကို ကျွန်ပြုထားကြတယ်။

မသေရုံလောက်လစာနဲ့ အသက် ရှင်ခိုင်းထားပြီး သူတို့လိုသမျှကို ကျွန်နီးပါးဘဝနဲ့ အလုပ်အကြွေးပြုကြရတယ်။အသက်ရင်းထားတဲ့ ခင်ပွန်းစစ်သားနဲ့ စစ်သည်ဇနီးတွေရဲ့ အနစ်နာခံမှု၊ ပေးဆပ်မှုတွေက မတန်ပါဘူး။

ဒီပေး ဆပ်မှုတွေက တိုင်းပြည်နဲ့ ပြည်သူအတွက်မဟုတ်ဘဲ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့မိသားစုတွေ ချမ်းသာပြီး စည်းစိမ်ယစ်မူး နေနိုင်ဖို့ဖြစ်နေ တယ်။ဒါကြောင့် ပြည်သူထဲက ပြည်သူဖြစ်တဲ့ တပ်မိသားစုဟာ ဖိနှိပ်ခံဘဝ၊ ခေါင်းပုံ ဖြတ်အမြတ်ထုတ်ခံဘဝက လွတ်မြောက်ဖို့ ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးမှာ ပါဝင်ဖို့လိုတယ်။ပါဝင်နိုင်တဲ့နည်းလမ်းတချို့ကတော့

– အရင်ကလို တပ်တွင်းအုပ်ချုပ်ရေးမလုပ်နိုင်အောင် မိမိနည်းမိမိဟန်ဖြင့် တပ်တွင်းအမိန့်များကို နာမခံခြင်း (ဥပမာ ခိုင်းသည့်အလုပ်များကို အကြောင်းပြချက်များပေး၍ မလုပ်ဘဲနေခြင်း။

– မလုပ်မနေရဖြစ်ပါက အချိန်ဆွဲခြင်း၊ အ မှားလုပ်ခြင်း၊ ဖျက်ဆီးခြင်း စသည့် အသံတိတ်နည်းဖြင့် ပညာပြခြင်း။

– ကိုယ့်ယောကျ်ားကို CDM လုပ်ဖို့ တိုက်တွန်းခြင်း။

– CDM တပ်မတော်သားများနှင့် ဆက်သွယ်ပြီး မိသားစုအလိုက်တပ်မှ ထွက်ခြင်း။

– ကိုယ့်ယောကျ်ား CDM မလုပ်နိုင်သေးပါက ပြည်သူများကို မဖမ်းရန်၊ မပစ်ရန်၊ မနှိပ်စက်ရန် တိုက်တွန်းခြင်း။

ပြည်သူကို ချိုးဖောက်နှိပ်စက်ပါက သူ့ကို အပစ်ပေးခြင်း (ဖယ်ခွာခြင်း၊ အိမ်မှုကိစ္စမလုပ်ဘဲနေခြင်း၊ မိမိမိဘဆွေမျိုးများ ထံသွားနေခြင်း။)
– CDM တပ်မတော်သား၏ မိသားစုများရှိပါက ဖြစ်နိုင်လျှင် စိတ်ခွန်အားပေးခြင်း၊ လိုအပ်သည်များကို ကူညီပေး ခြင်း။

အများထဲကတစ်ယောက်၊ ပြည်သူထဲက ပြည်သူဖြစ်တဲ့ စစ်သည်ဇနီးတွေရဲ့ အခန်းကဏ္ဍဟာ ဒီနွေဦးတော်လှန်ရေးရဲ့ အာဏာသိမ်းစစ်အကြမ်းဖက်အုပ်စုကို တိုက်ထုတ်နေတဲ့ နေရာမှာ မပါမဖြစ်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို ခြောက်တိုင်းလည်းမကြောက်၊ မြှောက်တိုင်းလည်းမ မြှောက်တတ်သည့် သတ္တိပြောင်မြောက်သော မြန်မာအမျိုးသမီးတွေအဖြစ်သက်သေ ထူကာ အထက်က ပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ ကူညီဆောင်ရွက်နေသူတွေနဲ့ ချိတ်ဆက်လို့ ပြည်သူဘက်က ရပ်တည်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်…

“ပြည်သူနှင့်အတူ လက်တွဲကူပါ၊ ဖယ်ဒရယ်ပြည်ထောင်စု ပန်းတိုင်ဆီသို့”

Credit

Unicode