Knowledge

အိမ်ထောင် တစ်ခုကို အချစ်အတွက် ရွေးချယ်သင့်သလား၊ ဘဝအတွက် ရွေးချယ်သင့်သလား။

အိမ်ထောင် တစ်ခုကို အချစ်အတွက် ရွေးချယ်သင့်သလား၊ ဘဝအတွက် ရွေးချယ်သင့်သလား။မိန်းကလေးတိုင်းက များသောအားဖြင့် နုညံ့တယ် အယုံလွယ်တတ်ကြတယ်။သူတို့ တကယ်ချစ်လာတဲ့ အခါ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို မစဉ်းစား တတ်ကြပါဘူး။သူက ကိုယ့်ကို တကယ်ချစ်လို့ နောက်ဆိုရင် ပြင်သွားမှာပါဆိုပြီး

အချစ်တွေ မြင်နေတဲ့ အချိန် အပြစ်တွေကို မမြင်ဘူးဆိုရင် ဘဝတစ်ခုလုံးကို ဒူးနဲ့မျက်ရည် သုတ်နေရပါလိမ့်မယ်။အရက်သောက်တတ်တဲ့ လူတစ်ယောက်ကို ငါ့ကိုချစ်ရင် ပြင်လိုရပါတယ်လို့ မထင်လိုက်ပါနဲ့။

ဆေးလိပ်သောက်တတ်တဲ့ လူတစ်ယောက်ကို ငါ့ကိုချစ်ရင် ပြင်ပေးရင် ပြင်မှာပဲလို့ မတွေးနဲ့။သမီးရည်းစား ရန်ဖြစ်တိုင်း ရိုင်းစိုင်းစွာ ဆဲဆိုတတ်တဲ့ လူတစ်ယောက်ကို နောက်ဆိုရင် ပြင်လာမှာပါလို့ မထင်နဲ့။

စကားများတိုင်း လက်ပါတတ်တဲ့ လူတစ်ယောက်ကို နောင်တချိန်မှာ ပြင်လာမှာပါ ဆိုပြီ ပြင်ပေးရင် ရပါတယ်လို့ မတွေးမိလိုက်ပါနဲ့။လူဆိုတာ အကျင့်တစ်ခု ရှိရင် ကိုယ်ကိုယ်တိုင် ပြင်ရင်ပြင် မပြင်ရင် ဘယ်တော့မှ မပြောင်းလဲပါဘူး။

ဘယ်သူကမှ ပြင်ပေးလို့မရပါဘူး သူဗီဇက ဒီလိုပါလာခဲ့ရင် ဘယ်လောက်ထိချစ်ပါတယ် ပြောပြော နဂိုဗီဇက ပြုပြင်လဲ ခဏတာပါပဲ။မိန်းကလေး တစ်ယောက်ကို ကျောရရုံ ကြံတတ်ကြတဲ့ သူတွေနဲ့ တွေ့ခဲ့ရင် အချစ်စစ်ဆိုတာ သူတို့အတွက်တော့ စာမဖွဲ့လောက်ပါဘူး။

ဒါကြောင့်ချစ်ပါ မချစ်နဲ့ မဆိုလိုပါဘူး ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် မကောင်းခဲ့ရင် ကိုယ့်အပေါ် နှမချင်း ကိုယ်ချင်းစာနာတဲ့ စိတ်မရှိခဲ့ရင်၊

ကိုယ့်အပေါ် သစ္စာမရှိခဲ့ရင်၊ ကိုယ့်ရဲ့ အရှက် သိက္ခာကို ထိပါးလာခဲ့ရင်၊ ဘယ်လောက်ထိပဲ ချစ်နေပါစေ ပြတ်ပြတ်သားသား လမ်းခွဲလိုက်တာက အကောင်းဆုံးပါပဲ။သူနဲ့ကိုယ် ချစ်သူရည်းစာ ဘဝမှာတောင် ကိုယ့်ရဲ့အပေါ်မှာ နားလည်မှုလုံးဝ မရှိတဲ့

ယောက်ျားလေး တစ်ယောက်ကို ကိုယ့်ရဲ့ ဘဝတစ်ခုလုံးကို ပုံအပ်ပြီးတော့ လက်တွဲ သွားဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။မိန်းကလေးတိုင်း ချစ်ပါ မချစ်နဲ့လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ရဲ့တစ်ဘဝလုံး လက်တွဲဖို့ ရည်ရွယ်ထားတဲ့ ချစ်သူကိုတော့ မျက်စိနဲ့ မြင်အောင်ကြည့်ပါ၊

နှလုံးသားနဲ့ ခံစားပါ။ သို့ပေမယ့် ဦးနှောက်နဲ့ ဆုံးဖြတ်ဖို့တော့ မမေ့ပါနဲ့။တကယ်တမ်းတော့ မိန်းကလေးဆိုတာ အိမ်ထောင်ဖက် အရွေးမှားသွားတဲ့ အခါ သူရဲ့ ဘဝတစ်ခုလုံးကို ငရဲတွင်းထဲ ရောက်သွားတာနဲ့ အတူတူပါပဲ။

အိမ်ထောင်တစ်ခုကို အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့ မရနိုင်သလို အချစ်မပါတဲ့ အိမ်ထောင်ရေးဟာလဲ ဘယ်တော့မှ ကြာရှည် မတည်မြဲနိုင်ပါဘူး။

Credit

Unicode