Local News

မို့ပြပြောက်ကျားတိုက်ပွဲနှင့် တပ်တွင်းမှ ကူညီမှု

ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် လမ်းပေါ်ထွက်ဆန္ဒပြသူတို့ ရရှိခဲ့ကြသည်မှာ အကြမ်းဖက်ဖမ်းဆီးမှု၊ နှိပ်စညှဉ်းပန်းမှုများဖြစ်သည်။ထိုအခြေအနေတွင် ဆန္ဒပြသူများထဲမှ တချို့၏ ရွေးချယ်မှုမှာ စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး အံတုရင်ဆိုင် တိုက်ခိုက်ကြခြင်းပင်။

မကြာသေးခင်က ရန်ကုန်တွင် စစ်ကားနှစ်စီး၊ ပြည်ထဲရေးရုံး စသည့် စစ်ရေးပစ်မှတ်တချို့ကို တိုက်ခိုက်စဉ် ထင်မှတ်မထားသည့်နေရာမှ အကူအညီများရရှိခဲ့သည်ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ထုတ်ဖော်ပြောကြားသည်။

“ဒီလိုနေရာမျိုးတွေဆိုတာ ကျွန်တော်တို့အပြင်လူတွေ ဝင်လို့ထွက်လို့ရတဲ့နေရာတွေ မဟုတ်ဘူး။ စစ်ကားနားဆိုတာက စစ်ယူနီဖောင်းမပါဘဲနဲ့ ကပ်လို့ရတဲ့ နေရာတွေမှ မဟုတ်တာ” ဟု ၎င်းက ပြောသည်။

စစ်ဘက်ဆိုင်ရာမော်တော်ယာဉ်၊ ရုံးအဆောက်အအုံတို့ကို တိုက်ခိုက်ရာတွင် တပ်ထဲမှ စွန့်စားပြီး လျှို့ဝှက်ကူညီသူတချိရှိလာကြောင်း အမည်မဖော်လိုသည့် အဆိုပါ ပြောက်ကျားအဖွဲ့ဝင်က ပြောသည်။

မိသားစုဝင်များက တပ်ထဲမှ ဝန်ထမ်းအိမ်ရာတွင် နေထိုင်နေကြဆဲဖြစ်သောကြောင့် ထိုစစ်သားများ၊ အရာရှိများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် လူသိရှင်ကြား ပူးပေါင်းပါဝင်နိုင်ခြင်း မရှိကြဟု သူက ထောက်ပြသည်၊ CDM စစ်အရာရှိတချို့ကလည်း တပ်ထဲတွင် ထိုသို့ ပူးပေါင်းလုပ်ကိုင်လိုသူများ ရှိနေသည်ဟု ပြောကြသည်။

တပ်တွင်းအကူအညီမြန်မာြ ပည်အနှံ့အပြား ဆန္ဒပြသူများထဲ လူငယ်အများအပြားသည် စစ်ကောင်စီ၏ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ်မှုများဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ သွားရောက်ပြီး စစ်ပညာနှင့် ဖောက်ခွဲရေး ပညာရပ်များကို သွားရောက်သင်ယူနေကြသည်။

ထိုလူငယ်များက ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်ပြီး စစ်ကောင်စီလက်နက်ကိုင်တပ်သားများ၊ အုပ်ချုပ်ရေးယန္တရား၊ ဒလန်သတင်းပေးများကို ပစ်မှတ်ထားတိုက်ခိုက်လာသည်။

ဇွန် ၁၈ တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ စစ်ကားတစ်စီးပေါက်ကွဲမှု၊ ဇွန် ၁ မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းအမှတ် (၃၂၃)ရှိတပ်မတော်ထောက်ပို့ကားပေါက်ကွဲမှု၊ မတ် ၂၇ ပြည်ထဲရေးရုံးဖောက်ခွဲမှုတို့မှာ ရန်ကုန်တွင် ပေါ်ပေါက်လာသော ပြင်းထန်သည့် တိုက်ခိုက်မှုများဖြစ်သည်။

လုံခြုံရေးတင်းကျပ်ပြီး စစ်ကောင်စီ၏ လက်နက်ကိုင်အစောင့်အကြပ်များစွာရှိနေသည့်ကြားမှ ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုများမှာ စစ်ကောင်စီ၏ တန်ပြန်ဖောက်ခွဲမှုများသာဖြစ်မည်ဟု တချို့က ယူဆနေကြသည်။

ထိုဖောက်ခွဲမှုများမှာ ၎င်းတို့အဖွဲ့က ပြုလုပ်ခြင်းဖြစ်ပြီး တပ်ထဲမှ အကူအညီရရှိ၍သာ ထိုကြီးမားသည့် ဖောက်ခွဲမှုများမှာ အောင်မြင်ခဲ့သည်ဟု ရန်ကုန်မှ မြို့ပြပြောက်ကျားအဖွဲ့ဝင်လူငယ်က ဆိုသည်။

“စစ်ကောင်စီရဲ့ လက်အောက်မှာရှိနေပေမယ့် သူတို့ရဲ့စိတ်ထဲမှာတော့ CDM ဝင်ချင်နေတယ်။ မိသားစုက လိုင်းခန်းထဲမှာရှိနေတာကြောင့် မိသားစုရဲ့ လုံခြုံရေးကို စိုးရိမ်နေပေမယ့်

ကျွန်တော်တို့ကို တစ်ဖက်တစ်လမ်းကနေပြီး ကူညီနေတဲ့ ကျွန်တော်တို့သူငယ်ချင်း တပ်မတော်သားတွေရဲ့အကူအညီ အများကြီးရခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်မတော်အတွင်း ဖိနှိပ်မှု၊ မညီမျှမှု၊ ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုများကို မနှစ်မြို့သည့် အရာရှိပိုင်းနှင့် အောက်ခြေတပ်သားများလည်း CDM တွင် ပါဝင်လာကြသည်။

CDM ဗိုလ်မှူးဟိန်းသော်ဦးကလည်း တပ်မတော်အတွင်းတွင် ခွဲခြားဆက်ဆံမှုများ၊ အကျင့်ပျက်ချစားမှုများဖြင့် ပြည့်နှက်နေသည်ကို သဘောပေါက်သော၊အမှန်တရားကိုလိုလားသော တပ်မတော်သားများစွာရှိနေသော်လည်း ရုန်းထွက်ရန် ခက်ခဲနေသည်ဟု Myanmar Now ကို ပြောသည်။

စစ်အာဏာသိမ်းမှုကို သဘောမကျသည့် တပ်မတော်သားများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တည်ထောင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ အခြေအနေကို စောင့်ကြည့်နေကြသည်ဟု ဆိုသည်။

ဒါကတော့ ဒီဘက်က (NUG) အခြေအနေပေါ်ကို မူတည်တယ်၊ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်၊ မပူးပေါင်းဘူးဆိုတာက။ ဒါပေမယ့် ကြာသွားလို့မရဘူး၊ကြာသွားရင်တော့ သွေးအေးတဲ့အပြင် ကြောက်စိတ်တွေပေါ်သွားလိမ့်မယ်” CDM ဗိုလ်မှူးဟိန်းသော်ဦးက ပြောသည်။

CDM ဗိုလ်ကြီးထွန်းမြတ်အောင်ကလည်း အာဏ ာဖီဆန်လိုသူ တပ်မတော်သားများစွာရှိနေကြောင်း၊ ထိုတပ်မတော်သားများအနေဖြင့် မြို့ပြပြောက်ကျားအဖွဲ့များကို အကူအညီပေးသင့်ကြောင်း မှတ်ချက်ပြုသည်။

(စစ်အာဏာရှင်တော်လှန်ရေး) ပြီးသွားလို့ အောင်မြင်သွားမယ်ဆိုရင် ပြည်သူတွေလဲ အကျိုးခံစားရမှာပဲလေ။ အထဲကလူတွေကလည်း အကျိုးခံစားရမှာပဲ” ဟု ၎င်းက ပြောသည်။စစ်တပ်သည် လက်နက်အားကိုးပြီး လူထုကို အနိုင်ကျင့်နေသော်လည်း ၎င်းတို့၏ အင်အားစုများကို အ ကာအကွယ်ပေးရန် အဆင်သင့်မဖြစ်သေးပေ။

ဒလန်ဟု စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်မတော်ထောက်ခံသူ ၁၇၀ ဦးအထိ ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ကျွန်တော်တို့ ဝန်ခံပါတယ်။ ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ပေးနိုင်တာသည် လူတစ်ဦးချင်း၊ တစ်ဦးချင်းကိုတော့ ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိပါဘူး” ဟုဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သို့သော်လည်း ပေါက်ကွဲမှုများကြောင့် သေဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင်အရေအတွက်ကိုမူ စစ်ကောင်စီက လျှို့ဝှက်ထားသည်။

Credit

Unicode