Knowledge

ချစ်ပေးတယ်ဆိုတာလေ.. တစ်နေ့သုံးခါဖုန်းဆက်တာကိုဆိုလိုတာမဟုတ်ဘူး

ချစ်ပေးတယ်ဆိုတာလေ.. တစ်နေ့သုံးခါဖုန်းဆက်တာကိုဆိုလိုတာမဟုတ်ဘူး။ညတိုင်းစကားတွေဖောင်ဖွဲ့ပြောနေမှ.. ချစ်တာမဟုတ်ဘူး..။နှစ်ရက်ခြားတစ်ခါလောက်တွေ့နေမှ.. ချစ်တာမဟုတ်ဘူး…။

နေမကောင်းတဲ့အခါ.. ဖုန်းလေးနဲ့ဘာဆေးသောက်နော်ဆိုတာလည်း ချစ်ပေးတာမဟုတ်သလို…။သူငယ်ချင်းတွေနဲ့အပြင်မသွားနဲ့… ညနက်တဲ့ထိ လျှောက်လည်နေရင် စိတ်ဆိုးပြီး..။

ငါမကြိုက်တဲ့ စီးကရက်တွေမသောက်နဲ့ နင့်ကိုချစ်လို့ဖြတ်ခိုင်းတာဆိုတာလည်း ချစ်တာမဟုတ်သလို။ နင်တစ်ခုခု လုပ်ပါလားစိတ်ဓာတ်ပဲ ကျမနေနဲ့လေဆိုတာကလည်းချစ်ပေးတာမဟုတ်ဘူး…။

ချစ်ပေးတဲ့ပုံတွေက.. မှားနေတယ်။အဲ့ဒါအချစ်မဟုတ်ဘူး.. အချစ်ဆိုတာမပေးတတ်ရင်အချုပ်အနှောင်တစ်ခုနဲ့အလားတူတယ်..။ ကျွန်တော်တို့ဟာ ကိုယ်သတ်မှတ်ထားတဲ့

ကောင်းပါတယ်ဆိုတဲ့အချက်ထဲကို ကိုယ်ချစ်ရတဲ့သူတွေ့တဲ့အခါ သူ့အကျင့်တွေကိုပြင်ဆင်ပြီး သွတ်သွင်းလိုက်စရာမလိုဘူး။လူတစ်ယောက်ကို ကျွန်တော်တို့ဘယ်တော့မှမပိုင်ဘူး။

အဆုံးစွန် ကျွန်တော်တို့မိဘတွေတောင်ကျွန်တော်တို့ကိုပိုင်လို့လား?အရွယ်တစ်ခုရောက်ရင်လွှတ်ပေးရတာချည်းလေ..။

နည်းတူပဲ သူစိမ်းတစ်ယောက်ဆိုပိုလို့တောင်.. ဆိုး သူမပေးချင်တဲ့ဘယ်အရာကိုမှကျွန်တော်တို့ကတောင်းယူလို့မရသလို။

သူ့မှာရှိတဲ့အပြုအမူတွေကိုကအစ.. ဒါမကောင်းဘူးလို့ငါထင်တယ်ဆိုပြီး သွားပြင်လို့မရဘူး…။မကောင်းဘူးဆိုတာ… ခင်ဗျားထင်ရုံပါ..။သူ့အတွက်.. ဒါဟာစိတ်ထွက်ပေါက်လည်းဖြစ်နိုင်တယ်။

တစ်ခုတည်းသောပျော်ရွှင်မှုလည်းဖြစ်နိုင်တယ်…။ဒါဟာသူ့အတွက်ဆိုးကျိုးဖြစ်စေတယ်ဆိုရင်တောင် ယုံလိုက်ပါ.. ကျွန်တော်တို့ထက်သူ့ကိုယ်သူ ပိုသိပါတယ်..။

ချစ်ပေးတယ်ဆိုတာလေ… တစ်လောကလုံးနဲ့သူတစ်ယောက်တည်းဖြစ်နေတဲ့အချိန်… တစ်ချက်ကလေးပြုံးပြတာ..။

အရက်တွေမူးလာတဲ့အခါဘာလို့ဒီလောက် သောက်နေတာလဲလို့မမေးပဲ.. အမူးပြေအောင်တစ်ခုခုလုပ်ပေးတာ။သူ့မှာဘာစိတ်ညစ်စရာတွေရှိနေလဲဆိုတာကိုတယုတယနဲ့မေးတာ။

တစ်ယောက်တည်းသူနေချင်တယ်လို့ယူဆရတဲ့ရက်တွေမှာ.. လွှတ်ထားပေးပြီး.. သူတစ်စုံတစ်ယောက်ကိုလိုအပ်တဲ့အခါခေါ်ဖို့ ကိုယ်ကသူ့အနားမှာတိတ်တိတ်လေးရှိနေပေးတာ..။ချစ်တာထက်.. နားလည်ဖို့လိုတယ်။

သူရဲ့ဘယ်လုပ်ရပ်မှ.. မှန်တယ်မှားတယ်တွေပြောနေမှာမဟုတ်ဘူး။သူမှန်နေတဲ့အချိန်သူ့နားမှာလူတွေအများကြီးရှိလိမ့်မယ်။သူမှားတဲ့အချိန်တော့ကိုယ်ကသူ့နားမှာရှိနေတာမျိုး..။ချစ်ခြင်းကဘယ်တော့မှမပူလောင်ဘူး။

တစ်စုံတစ်ယောက်ကိုတကယ်ချစ်မိတဲ့အခါ… အဲ့အချစ်က တစ်ဘဝလုံးစာအတွက်အားအင်တွေဖြစ်သွားလိမ့်မယ်။ပြန်မချစ်လည်းရတယ်..။ ငါကငါ့မေတ္တာနဲ့ငါနွေးတယ်။

Credit

Unicode