Local News

စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ လက်ပါးစေတွေကို သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်တဲ့ မိုးကုတ် PDFအဖွဲ့

စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ လက်ပါးစေတွေကို သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်တဲ့ မိုးကုတ် PDFအဖွဲ့စစ်အာဏာရှင်ကို တော်လှန်ဖို့ လူငယ်တွေအများဆုံးပါဝင်တဲ့ PDF တပ်တွေကို

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်၊ကျေးရွာတွေမှာ ပိုမိုဖွဲ့စည်းလာကြတာ တွေ့ရပါတယ်။ လတ်တလောမှာဆိုရင် စစ်အာဏာရှင်ကို ပုံစံအမျိုးမျိုးနဲ့ တော်လှန်နေကြသလို စစ်ကောင်စီရဲ့ လက်ပါးစေများကိုလည်း

တိုက်ခိုက်နေကြတာ တွေ့ရပါတယ်။ ယခုမှာလည်း မိုးကုတ်မြို့မှာ ဖွဲ့စည်းထားတဲ့ PDF တပ်ဖွဲ့က စစ်ကောင်စီနှင့် ၎င်းတို့ရဲ့လက်ပါးစေများအတွက် သတိပေးချက်တစ်ခုကို ဇွန်လ (၂၀) ရက်နေ့က ထုတ်ပြန်လာခဲ့ပါတယ်။

၎င်းတို့ရဲ့ သတိပေးထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များကို လက်ဆက်လုပ်ဆောင်နေမည်ဆိုပါက အာဏာသိမ်းစစ်ကောင်စီ နှင့်

၎င်းတို့ရဲ့ လက်ပါးစေများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မိုးကုတ်)က နည်းလမ်းမျိုးစုံဖြင့် အမြစ်ပြတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြလာခဲ့ပါတယ်။

ဒါ့အပြင် မြို့နယ်အတွင်းမှာရှိတဲ့ အခြား PDF အဖွဲ့တွေနဲ့ စစ်ကောင်စီကို တော်လှန်ဖို့ ပူးပေါင်းပါဝင်သွားမယ်လို့လည်း ရေးသားထားခဲ့ပါတယ်။

မိုးကုတ်မြို့ဟာ တိုင်းရင်းသားလက်ကိုင်တစ်ခုဖြစ်တဲ့ KIA ရဲ့ နယ်မြေလှုပ်ရှားမှုတွေမှာ တစိတ်တဒေသပါဝင်ပြီး စည်ကားလှတဲ့ မြို့တစ်မြို့ဖြစ်ပြီး လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တာ

တွေ့မြင်ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ မိုးကုတ် PDF အဖွဲ့ရဲ့ သတိပေးထုတ်ပြန်ချက်ကို ပြန်လည်ဖတ်ရှု့လို့ရအောင် ဖော်ပြပေးထားပါတယ်။

Credit

Unicode

မိုးကုတ်ပြည်သူများကိုလည်း အာဏာရှင်များကို တော်လှန်ရန်အတွက် ၎င်းတို့နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။