Local News

အစိုးရထောက်ပံ့ကြေး လေးသောင်း မရလိုက်သူတွေနဲ့ ထပ်တိုးသူတွေကို ထောက်ပံ့ငွေ ထပ်ပေးသွားမည်

အစိုးရထောက်ပံ့ကြေး လေးသောင်း မရလိုက်သူတွေနဲ့ ထပ်တိုးသူတွေကို ထောက်ပံ့ငွေ ထပ်ပေးမည်။

အစိုးရပေးအပ်တဲ့ စတုတ္ထအကြိမ် ကိုဗစ်ထောက်ပံ့ကြေးပေးတဲ့အစီအစဉ်မှာ ကျန်ခဲ့တဲ့သူတွေနဲ့ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲပြီး၊

ထောက်ပံ့ကြေးပေးဖို့ လိုအပ်နေသူတွေကို စိစစ်နေပြီးမကြာမီထောက်ပံ့ကြေးတွေပေးသွားဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို အစိုးရက ၂၀၂၀ နိုဝင်ဘာလကစတုတ္ထအကြိမ်အနေနဲ့ ထောက်ပံ့ပေးခဲ့တာပါ။

ဒီလို ထောက်ပံ့ကြေးပေးရာမှာ မပါဘဲကျန်ခဲ့လို့တိုင်ကြားထားတွေလည်း ရှိပါတယ်။ဒါ့အပြင် အခြေခံလူတန်းစားအိမ်ထောင်စုစာရင်းမှာ အရင်ကမပါပေမယ့်၊

ကိုဗစ်ကပ်ရောဂါကာလရှည်ကြာလာတာကြောင့်လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတဲ့ အိမ်ထောင်စုတွေကထောက်ပံ့ကြေးလိုအပ်တယ်လို့ ထွေ၊အုပ်ဦးစီးဌာနကို တင်ပြထားတာတွေ လည်းရှိပါတယ်။ဒါတွေကို လက်ရှိမှာ စိစစ်နေပြီး မကြာမီ ထောက်ပံ့ကြေးပေးသွားမယ်လို့ သိပါတယ်။အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက၊

တနိုင်ငံလုံးကိုထပ်ပေးတဲ့ သဘောမဟုတ်ပါဘူး။အရင်က ကျန်ခဲ့တဲ့သူတွေနဲ့ ကပ်ရောဂါကာလရှည်ကြာလာလို့ထောက်ပံ့ကြေးလိုချင်တယ်လို့၊

တောင်းခံတင်ပြထားတဲ့သူတွေကို ပေးမှာပါ။လက်ရှိ ပြည်နယ်၊တိုင်း အလိုက်စိစစ်နေပါတယ်၊လို့ ပြောပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးတဲ့အစီအစဉ်အရပထမအကြိမ်မှာ၊

စုစုပေါင်း အိမ်ထောင်စု ၅ ဒသမ၄သန်း နီးပါးကို အခြေခံစားကုန်၅မျိုးစီ၊ ဒုတိယအကြိမ်မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ၄သန်းနီးပါးကို၊

ငွေကျပ် ၄၀၀၀၀တတိယအကြိမ်မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ၇သန်းနီးပါးနဲ့ စတုတ္ထအကြိမ်မှာအိမ်ထောင်စုပေါင်း ၆ ဒသမ၁သန်းနီးပါးကို ၊

ထောက်ပံ့ပေးထားတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကိုထောက်ပံ့ခဲ့တာ စတုတ္ထအကြိမ် အထိဆိုရင် ၊

နိုင်ငံတော်ဘဏ္ဍာငွေကျပ် ၅၆၈ ဒသမ၆၄ဘီလီယံ အထိရှိနေပြီဖြစ်ပါတယ်။

Zawgyi

အစိုးရထောက်ပံ့ကြေး လေးသောင်း မရလိုက်သူတွေနဲ့ ထပ်တိုးသူတွေကို ထောက်ပံ့ငွေ ထပ်ပေးမည်။

အစိုးရပေးအပ်တဲ့ စတုတ္ထအကြိမ် ကိုဗစ်ထောက်ပံ့ကြေးပေးတဲ့အစီအစဉ်မှာ ကျန်ခဲ့တဲ့သူတွေနဲ့ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲပြီး၊

ထောက်ပံ့ကြေးပေးဖို့ လိုအပ်နေသူတွေကို စိစစ်နေပြီးမကြာမီထောက်ပံ့ကြေးတွေပေးသွားဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို အစိုးရက ၂၀၂၀ နိုဝင်ဘာလကစတုတ္ထအကြိမ်အနေနဲ့ ထောက်ပံ့ပေးခဲ့တာပါ။

ဒီလို ထောက်ပံ့ကြေးပေးရာမှာ မပါဘဲကျန်ခဲ့လို့တိုင်ကြားထားတွေလည်း ရှိပါတယ်။

ဒါ့အပြင် အခြေခံလူတန်းစားအိမ်ထောင်စုစာရင်းမှာ အရင်ကမပါပေမယ့် ကိုဗစ်ကပ်ရောဂါကာလရှည်ကြာလာတာကြောင့်၊

လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတဲ့ အိမ်ထောင်စုတွေကထောက်ပံ့ကြေးလိုအပ်တယ်လို့ ထွေ၊အုပ်ဦးစီးဌာနကို ၊

တင်ပြထားတာတွေ လည်းရှိပါတယ်။ဒါတွေကို လက်ရှိမှာ စိစစ်နေပြီး မကြာမီ ထောက်ပံ့ကြေးပေးသွားမယ်လို့ သိပါတယ်။အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက တနိုင်ငံလုံးကိုထပ်ပေးတဲ့ သဘောမဟုတ်ပါဘူး။

အရင်က ကျန်ခဲ့တဲ့သူတွေနဲ့ ကပ်ရောဂါကာလရှည်ကြာလာလို့ထောက်ပံ့ကြေးလိုချင်တယ်လို့ တောင်းခံတင်ပြထားတဲ့သူတွေကို ပေးမှာပါ။

လက်ရှိ ပြည်နယ်၊တိုင်း အလိုက်စိစစ်နေပါတယ်လို့ ပြောပါတယ်။ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို၊

နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးတဲ့အစီအစဉ်အရပထမအကြိမ်မှာ စုစုပေါင်း အိမ်ထောင်စု ၅ဒသမ၄ သန်း နီးပါးကို အခြေခံစားကုန်၅မျိုးစီ၊

ဒုတိယအကြိမ်မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ၄သန်းနီးပါးကို ငွေကျပ် ၄၀၀၀၀တတိယအကြိမ်မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ၇သန်းနီးပါးနဲ့၊စတုတ္ထအကြိမ်မှာအိမ်ထောင်စုပေါင်း ၆ဒသမ၁ သန်းနီးပါးကို ထောက်ပံ့ပေးထားတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကိုထောက်ပံ့ခဲ့တာ၊

စတုတ္ထအကြိမ် အထိဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေကျပ် ၅၆၈ ဒသမ၆၄ဘီလီယံ အထိ ရှိနေပြီဖြစ်ပါတယ်။

Credit ငြိမ်းနိုင်