Knowledge

ပိန်တဲ့သူတွေမှာပဲ ရှိတဲ့ ဆွဲဆောင်မှုအားကောင်းစေတဲ့ အချက်များ

ပိန်တဲ့သူတွေမှာပဲ ရှိတဲ့ ဆွဲဆောင်မှုအားကောင်းစေတဲ့ အချက်များ“ပိန်လိုက်တာ ပိန်လိုက်တာ” ဆိုတဲ့ စကားတွေ ခဏခဏ ကြားနေလို့ အားမငယ်ပါနဲ့။လက်တွေ့မှာ ပိန်တာလေးကမှ ပိုဆွဲဆောင်မှု ရှိတာပါ။

ပိန်ချင်လို့ gym သွားနေရတဲ့သူတွေမှ တစ်ပုံကြီးပဲ မဟုတ်လား။ပိန်တာလေးကိုမှ အားကျနေတဲ့သူတွေ အများကြီးပဲမို့ စိတ်ဓာတ်ကျ ဝမ်းနည်းမနေပါနဲ့တော့အရိုးလေးတို့ရေ။

အဲ့သည့် slim body ပိုင်ရှင်လေးတွေမှာပဲ ရှိတဲ့ ဆွဲဆောင်မှု အားကောင်းတဲ့ အချက်တွေကို ဖော်ပြ လိုက်ရပါတယ်နော်

(၁) အဆီမရွိတာပိန်ပါတယ်ဆိုမှ အဆီ ဘယ်ရှိပါ့မလဲနော်။ အဆီရှိတာက ခန္ဓာကိုယ်အတွက်လည်း သိပ်မကောင်းပါဘူး။ဒါ့အပြင် အဆီရှိတဲ့သူထက် အဆီမရှိတဲ့သူတွေကို လူတွေက ပိုသဘောကျတတ်ပါတယ်တဲ့။

ပုရိသတွေက သဘောကျတတ်ကြသလို မိန်းကလေးချင်းလည်း အားကျသဘောကျတတ်ကြပါသေးတယ်။ဒါကြောင့် အဆီပို မရှိတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးတွေက ဆွဲဆောင်မှု ရှိတဲ့သူတွေလည်း ဖြစ်ပါတယ်။

(၂) Collarbone ခေါ် sexy bonesလည်ပင်းရဲ့ အောက်နားမှာ ရှိတတ်တဲ့ ညှပ်ရိုးပေါ်တဲ့သူတွေကို လူတွေက သဘောကျတတ်ပါတယ်တဲ့။ဒါပေမဲ့ collarbone တွေက ပိန်တဲ့သူတွေမှာပဲ မြင်ရတာပါ။

အသားပြည့်တဲ့သူတွေမှာ မမြင်ရတတ်ပါဘူး။အင်္ကျ ီရင်ဟိုက်တွေ ဝတ်တဲ့အခါ ညှပ်ရိုး လှလှလေး ပေါ်နေတာမျိုးက မိန်းကလေးကိုဖြစ်ဖြစ် ယောင်္ကျားလေးကိုပဲ ဖြစ်ဖြစ်

နှစ်သက်တဲ့စိတ် ဖြစ်ပေါ်စေပါတယ်။ဒါကြောင့် ညှပ်ရိုးလှလှလေးတွေ ပေါ်နေတဲ့ အချိန်က ဆွဲဆောင်မှုအားအကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။

(၃) ကြည့်ကောင်းတယ်”ပိန်တဲ့သူက ဘာဝတ်ဝတ် ကြည့်ကောင်းတယ်လို့ ဆိုကြသလိုပါပဲ။ ပိန်တဲ့သူတွေက တကယ်ပဲ ကြည့်ကောင်းတဲ့သူတွေပဲ ဖြစ်ပါတယ်။အဝတ်အစားတွေလည်း သိပ်ရွေးချယ်စရာမလိုသလို

သူတို့ ဝတ်လိုက်တာနဲ့ကို ကြည့်ကောင်းနေတော့တာပါ။ဘာဝတ်ဝတ် ကြည့်ကောင်းနေတတ်တဲ့ အချက်ကို အတော်များများက သဘောကျတာမို့ သင့်ကို ဆွဲဆောင်မှု ရှိစေတဲ့ အချက်လည်း ဖြစ်ပါတယ်။

(၄) ဖက်ရှင်ရေစီးကြောင်းကို လိုက်မီတယ်မော်ဒယ်လ်တွေကို ကြည့်လိုက်ရင် အဆီမရှိတဲ့ Slim Body တွေပဲ တွေ့ရတာပါ။ဒါက လူအများက Slim body မှ လှပတယ်လို့ လက်ခံကြတဲ့ အတွက်

အဲ့သလို slim body ဖြစ်နေတာပါ။ခေတ်အလိုက် ပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းက များသောအားဖြင့် ပိန်တဲ့သူတွေနဲ့ပဲ လိုက်ဖက်နေပါတယ်။

trending ဖြစ်နေတဲ့ ဖက်ရှင်တွေကို မော်ဒယ်လ်တွေ ဝတ်တဲ့အခါ သိသိသာသာ တွေ့နိုင်ပါတယ်။ဒါကြောင့် အသစ်အသစ်သော ဖက်ရှင်တွေနဲ့အညီ လိုက်ဖက်အောင် ဝတ်နိုင်တဲ့သူတွေက ပိန်တဲ့သူတွေ ဖြစ်တာကြောင့်လူတွေကို ဆွဲဆောင်နိုင်တဲ့ သူတွေလည်း ဖြစ်ပါတယ်။

(၅) ပေါ့ပေါ့ပါးပါးဖြစ်တယ်ဘတ်စ်ကား လူကြပ်တဲ့အခါ၊ လူအုပ်တွေထဲ သွားတဲ့ အခါတွေမှာ ပိန်တဲ့သူတွေက အဆင်အပြေဆုံး ဖြစ်ပါတယ်။လူတွေ ကြားထဲ အတင်းကို တိုးဝှေ့နေစရာ မလိုပဲ သူ့အတွက်က အဆင်ပြေပြေ တိုးဝှေ့သွားလို့ ရနေတာပါ။

ဒါ့အပြင် အမြင့်တွေကို တက်ရတဲ့အခါမျိုးနဲ့ ပြေးလွှားရတာမျိုးတွေမှာလည်း ပေါ့ပေါ့ပါးပါး ရှိလှပါတယ်။ပေါ့ပါးသွက်လက်တဲ့သူတွေကို မြင်ရင် လူတွေက စိတ်ဝင်စားတတ်ပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ သွားလာနေတာ အားကျဖို့ကောင်းတယ် စတဲ့ အမြင်တွေလည်း ရှိကြပါသေးတယ်။ဒါကြောင့် ပိန်တာက ကိုယ်တိုင် သက်သက်သာသာ ဖြစ်ရုံမက

ဘေးလူတွေကိုပါ အားကျတဲ့စိတ်တွေ သဘောကျတဲ့ စိတ်တွေ ဖြစ်ပေါ်စေတာကြောင့်ပေါ့ပေါ့ပါးပါး ရှိခြင်းကလည်း ဆွဲဆောင်နိုင်မှု တစ်ခုပဲ ဖြစ်ပါတယ်နော်။

Credit