Knowledge

အသက်ရှည်ရှည်နေချင်ရင် မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အလေ့အကျင့်(၁၀)ခု

အသက်လေးရယ် ရှည်စေလို မန်းတောင်ရိပ်ကိုခို ဆိုပေမယ့် အသက်ရှည်စေနိုင်မယ့် အခြားနည်းလမ်းတွေလည်း ရှိနေပါသေးတယ်။

ဒီနည်းလမ်းတွေကို ကျင့်သုံးမယ်ဆိုရင် အသက် ၉၅ နှစ်အထိ အသက်ရှည်စွာ နေထိုင်နိုင်မယ်လို့ စတန်းဖို့ဒ်မှ သိပ္ပံပညာရှင်တွေက အတိအလင်း ကြေငြာထားပါတယ်။

ဒီတော့ သူတို့အခိုင်အမာပြောထားတဲ့နည်းလမ်းတွေက ဘာတွေဖြစ်မလဲ ၊ ကြည့်လိုက်ရအောင်နော်။

(၁) ဆရာဝန်တစ်ယောက်ထဲနဲ့သာပြပါ။ကိုယ်ပြနေကျ ဆရာဝန်တစ်ယောက်ပဲ ကိုယ့်ရဲ့အခြေအနေကို သေချာသိနိုင်ပါတယ်။အဲ့လိုမဟုတ်ပဲနဲ့ ဟိုဆရာဝန်သွားပြလိုက် ဒီဆရာဝန်သွားပြလိုက်နဲ့ဆိုရင် ဆရာများ သားသေ” ဖြစ်သွားနိုင်ပါတယ်။

(၂) အနာဂတ်အတွက် ပိုက်ဆံစုထားပါ။အသက် ၅၀ ကျော်လာတဲ့အခါ ငွေက အသက်ရှင်ရပ်တည်ဖို့အတွက် ပြဿနာတစ်ခု ဖြစ်လာတတ်ပါတယ် ဒီတော့ ငယ်ရွယ်စဉ်အခါမှာ မဖြုန်းတီးပဲနဲ့ တတ်နိုင်သမျှ ငွေစုပါ …။

ပင်စင်ယူပြီး ၁၀ နှစ်တာကာလအတွက် ကြိုတင်ပြင်ဆင်ပါ။ ဖြစ်လာနိုင်တဲ့ ငွေကြေးပြဿနာတွေအတွက်လည်း ကြိုတင် ပြင်ဆင်ထားပါ။

(၃) အဆီအနည်းငယ် ပိုစားပေးပါ။တန်ဆေးလွန်ဘေး” ဆိုတဲ့အတိုင်း အဆီဆိုတာ များလွန်းရင်မကောင်းပေမယ့် အသက်ရှည်ဖို့အတွက် အဆီအနည်းငယ်စားပေးဖို့တော့ လိုအပ်ပါတယ်။

အမဲသား ၊ ကြက်သား ၊ ကြက်ဥ ၊ နို့ နဲ့ ငါးတွေကို မျှမျှတတ စားသုံးပေးမယ်ဆိုရင် သင့်ကျန်းမာရေးအခြေအနေ ၇၅ ရာခိုင်နှုန်းလောက် တိုးတက်လာပါလိမ့်မယ်။

(၄) ကိုယ်နဲ့သင့်တင့်လျောက်ပတ်တဲ့ အစားအသောက်ကိုပဲ စားသုံးပါ။မတည့်တဲ့ အစာတွေကို စားမယ်ဆိုရင် အူလမ်းကြောင်း ထိခိုက်ပြီး ရောဂါရလာနိုင်ပါတယ်။

(၅) သက်တောင့်သက်သာရှိတဲ့ ဖိနပ်နဲ့အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။အသက် ၆၅ နှစ်အရွယ် ပရော်ဖက်ဆာ David Rosenbaum ကတော့ သက်တောင့်သက်သာရှိတဲ့

ဖိနပ်တွေပဲဝတ်ဆင်ခဲ့တဲ့အတွက် သူအခုလို အသက်ရှည်တာလို့ ပြောပြခဲ့ဖူးပါတယ်ကျန်းမာရေး ကောင်းမွန်ဖို့အတွက်တော့

သက်တောင့်သက်သာရှိတဲ့ ဖိနပ်ဝတ်ရုံတင်မဟုတ်ပဲ တစ်နေ့ကို ခြေလှမ်းတစ်သောင်းလောက် လမ်းလျှောက် ပေးသင့်ပါတယ်နော်။

(၆) ဆိုဖာပေါ်မှာမအိပ်ပါနဲ့။တစ်နေ့တာ ပင်ပန်းလွန်းတဲ့အတွက် ရုပ်ရှင်ကားကြည့်ရင်း ဆိုဖာပေါ်အိပ်ပျော်သွားတာမျိုး ရှိပါလိမ့်မယ်။

ဒါပေမယ့် ဆိုဖာပေါ်အိပ်တဲ့အခါ သက်တမ်း ၃ နှစ်လောက် ပိုတိုစေကြောင်း သုတေသနအချက်အလက်တွေအရ ဖော်ပြထားပါတယ်။

(၇) ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်ပါ။ပိတ်ရက်မှာ စိတ်ကိုလျော့ထားပြီး လွတ်လွတ်လပ်လပ်သာ အိပ်ပစ်လိုက်ပါ။အိပ်ရေးဝဝအိပ်ခြင်းဟာလည်း ကျန်းမာရေးပြဿနာတွေကို လျော့ချ ပေးနိုင်ပါတယ် …။

(၈) အိမ်သန့်ရှင်းရေးလုပ်ပါ။တစ်နေ့ကို နာရီဝက်လောက် တစ်ပတ်မှာ ၅ ကြိမ် အိမ်သန့်ရှင်းရေးလုပ်မယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနိုင်ချေ အလွန်လျော့နည်းသွားတာကို တွေ့ရပါတယ်။

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့အတွက် တကူးတက Gyn သွားဖို့ကို မ လိုပါဘူးအိမ်သန်ရှင်းရေးလုပ်တဲ့အခါ အလိုအလျောက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးသား ဖြစ်သွားပါတယ်။

(၉) အလုပ်ကြိုးစားပါ ။ဘဝမှာအောင်မြင်တဲ့သူတွေက မအောင်မြင်တဲ့သူတွေထက် အသက်ပိုရှည်ကြလေ့ ရှိပါတယ်။

ဒီတော့ အောင်မြင်ဖို့အတွက် အလုပ်ကို ကြိုးစားလုပ်ဖို့လိုအပ်ပါတယ်။ အရေးကြီးဆုံး အချက်ကတော့ မပျင်းမရိဖို့ပါပဲ။ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်ကြိုးစားပါ။

(၁၀) ကိုယ့်အပေါ်နားလည်တဲ့သူနဲ့ စကားများများပြောပါ ။သူငယ်ချင်းအများကြီးရှိဖို့ မလိုပါဘူး။ ကိုယ်အပေါ်နားလည်တဲ့ သူတစ်ယောက်ရှိရင် ရပါပြီ။

သူနဲ့ တိုင်ပင်ဆွေးနွေး ၊ ကိုယ့်ရဲ့ခံစားချက်တွေ ထုတ်ပြောပြီးတော့ ရင်ဖွင့်လိုက်ပါဘဝမှာ ဘယ်သူမှ ရာနှုန်းပြည့်မပျော်နိုင်ပေမယ့် စိတ်ပေါ့ပါးနေတဲ့ သူတွေက စိတ်တင်းကြပ်နေတဲ့ သူတွေထက်တော့ ပိုအသက်ရှည်လေ့ရှိတာ အမှန်ပါပဲနော်။

Credit

Unicode