Local News

လူတွေအသုံးမပြုတော့ဘဲ စွန့်ပစ်ထားတဲ့ Shopping Mall ကြီးထဲမှာ ထောင်နဲ့ချီတဲ့ငါးတွေ အသက်ရှင်နေထိုင်ခဲ့ကြတဲ့အဖြစ် (ရုပ်သံ)

လူတွေစွန့်ပစ်ထားတဲ့Shopping Mallကတော့ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့မှာတည်ရှိနေခဲ့တာပါ ။အဆိုပါ Mall ကြီးဟာဆောက်လုပ်ပြီးစီးတာနဲ့အန္တရာယ်ကင်းပြီးလုံခြုံစိတ်ချမှုမရှိလို့ 1997 ခုနှစ်မှာပိတ်သိမ်းခဲ့ရပါတယ် ။

1999 ခုနှစ်မှာမီးဘေးကြောင့်အဆောက်အအုံရဲ့အမိုးတွေပေါက်ကွဲပျက်စီးခဲ့ရပါတယ် ။နောက်ပိုင်း မိုးတွေရွာသွန်းတဲ့အချိန်မှာခြင်တောင်အဆမတန်ပေါက်ဖွားလာလို့ အဆိုပါပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့

ဒေသခံတွေအခက်တွေ့ခဲ့ရပါတယ် ။ နောက်ဆုံး အင်းဆက်ပိုးတွေ များလာတော့ဒေသခံတွေကအဆိုပါအင်းဆက်ပိုးတွေကိုနှိမ်နင်နိုင်ဖို့ အဆောက်အအုံထဲ ငါးတွေမွေးထည့်ဖို့ အကြံရလာခဲ့ပါတယ် ။

နောက်ပိုင်းမိုးရွာသွန်းမှုကြောင့် အဆောက်အအုံအတွင်းမှာလည်းရေတွေပြည့်နှက်ခဲ့ပြီးရွှေငါး ၊ငါးခူ အစရှိတဲ့ ငါးအမျိုးအစား စုံလင်စွာ မွေးထားခဲ့ကြပါတယ် ။

နောက်ပိုင်း ငါးတွေကလည်းအဆမတန်မျိုးပွားလာခဲ့ပြီးနောက်အဆိုပါအဆောက်အအုံသို့ ငါးများကြည့်ရှုရန်လာရောက်လည်ပတ်သူတွေများပြားလာခဲ့ပြီး ဒေသခံတွေကလည်း Shopping Mall ဘေးမှာဆိုင်ခန်းငယ်လေးတွေ ဖွင့်ပြီး အစားအသောက်နှင့် ငါးတွေရောင်းချလျက်ရှိကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Credit

Unicode