အာဏာသိမ်းပြီးသိပ်မကြာခင်ဖေဖော်ဝါရီ(၂၄)ရက်နေ့မှာဖမ်းဆီးခံလိုက်ရတဲ့လောကီဗေဒင်နိမိတ်ဖတ်ပညာရှင်လင်းညို့တာရာဟာ ၂၀၂၀ခုနှစ်ဒီဇင်ဘာ(၃၁)ရက်နေ့မှာလာမယ့်(၂၀၂၁)တစ်နှစ်လုံးစာအတွက်
ဟောကိန်းတစ်ခုထုတ်ခဲ့ပါတယ်။နှစ်စဉ်နှစ်တိုင်းလိုလို ဟောကိန်းတွေထုတ်ခဲ့ပြီးဒီဟောကိန်းတွေဟာလည်းမှန်ခဲ့တာများပါတယ်။
ဒီနှစ်အတွက်ဟောကိန်းဟာလည်းတိုက်ဆိုက်ခဲ့တဲ့အချက်တွေလည်းရှိခဲ့ပါတယ်။ဟောချက်(၁၇)ချက်ထဲမှာနံပါတ်(၈)အချက်ဖြစ်တဲ့”နာမည်ကြီးတန်ခိုးကြီးဘုရားတစ်ဆူပြိုလဲခြင်း(သို့)
ထိုဘုရားဖြင့်ပတ်သက်သောပုရဝိုဏ်ပျက်စီးခြင်းဖြစ်ပေါ်တတ်သည်။”ဆိုတဲ့ဟောထားချက်ဟာမှန်ကန်သွားခဲ့တာပါ။
မနေ့ကဇွန်လ(၁၉)ရက်နေ့ညပိုင်းမှာရွှေတိဂုံဘုရားတောင်ဖက်မုခ်တံတိုင်းပြိုကျပျက်ဆီးခဲ့ပါတယ်အာဏာသိမ်းမှုစတင်ဖြစ်ကတည်းက ပြည်သူတွေအန္တရာယ်ကာကွယ်စေနိုင်ဖို့
ယတြာတွေပေးခဲ့ပြီးပြည်သူတွေဟာလည်းယုံယုံကြည်ကြည်နဲ့လိုက်လုပ်ခဲ့ကြပါတယ်။ဒီနောက်မှာတော့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးလက်ရှိမှာတော့အင်းစိန်အကျဉ်းထောင်မှာအမှုရင်ဆိုင်နေခဲ့ရပါတယ်။
ကျန်းမာရေးမကောင်းသူဖြစ်တာကြောင့်စတင်ဖမ်းဆီးခံရစဉ်ကလင်းညို့ရဲ့တပည့်တွေနဲ့ သူငယ်ချင်းတွေဟာစိတ်ပူနေကြပါတယ်။လက်ရှိမှာတော့ကျန်းမာရေးအခြေအနေတည်ငြိမ်နေခဲ့ပါပြီ။
ဟောကိန်း(၁၇)ချက်ဟာတစ်ခုပြီးတစ်ခုမှန်ကန်လာခဲ့ပြီးကျန်သေးတဲ့အချက်တွေလည်းဘယ်တော့ဖြစ်လာမလဲဆိုတာကိုယုံကြည်သူတွေကရင်တမမနဲ့စောင့်မျှော်နေခဲ့ပါတယ်။
ဒီလိုအရည်အချင်းရှိတဲ့လောကီပညာရှင်တွေဖမ်းဆီးထိန်းသိမ်းခံထားရတာတကယ်ကိုစိတ်မကောင်းစရာပါ။အမြန်ဆုံးလွတ်မြောက်ဖို့ကိုလည်းအားလုံးကဝိုင်းဝန်းဆုတောင်းပေးနေခဲ့ပါတယ်။
ဟောချက်တွေထဲကကောင်းမွန်တဲ့အရာတွေအမြန်ဆုံးဖြစ်လာပါစေလို့လည်း ဆုတောင်းပါတယ်။သတင်းအရင်းမြစ်: Hein Min Aung’s FB Acc
Credit
Unicode