Local News

ပရိသတ်တွေနဲ့အတူ စုပေါင်းပြီး မိဘမဲ့ကလေးအယောက် (၃၀၀)စာအတွက် နေ့လည်စာအာဟာရဒါနအလှူလေး ပြုလုပ်ခဲ့တဲ့ ပိုးကြာဖြူခင်

ပရိသတ်တွေက“ဆိုင်းမိုင်”လို့ချစ်စနိုးတဲ့ခေါ်ဆိုကြတဲ့မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့မနေ့ကဇွန်လ(၁၉)ရက်နေ့မှာအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

ပိုးကြာဖြူခင်တို့မိသားစုကတော့သံဃာတော်အရှင်သူမြတ်တွေကို ဆွမ်းကပ်လှူဒါန်းတဲ့အာဟာရဒါနအလှူလေးဖြစ်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင်သံဃာတော်တွေသီတင်းသုံးနေထိုင်တဲ့ကျောင်းမှာပဲမိဘမဲ့ကလေးငယ်အယောက်(၃၅၀)စာအတွက်နေ့လည်စာအာဟာရဒါနအလှူလေးကိုပါလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မှာပြုလုပ်တဲ့အလှူလေးကတော့ပိုးကြာဖြူခင်တို့မိသားစုနဲ့အတူပိုးကြာဖြူခင်ကိုချစ်ခင်ပြီးအားပေးကြတဲ့ပရိသတ်တွေနဲ့အတူစုပေါင်းပြီး စုဆောင်းထားတဲ့ငွေကြေးတွေနဲ့ပြုလုပ်ခဲ့တဲ့အလှူလေးပဲဖြစ်ပါတယ်။

အခုလိုချစ်ခင်တဲ့ပရိသတ်တွေနဲ့စိတ်ကူကိုယ်တူလှူဒါန်းတဲ့အာဟာရဒါနအလှူလေးကြောင့်ပရိသတ်တွေရောဆိုင်းမိုင်လေးပါလိုအင်ဆန္ဒတွေပြည့်ဝပြီ

းဘေးအန္တရာယ်တွေကင်ရှင်းပါစေလို့ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးတွေလည်းဆုမွန်ကောင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်။

Credit