Knowledge

ဆံပင်ကျွတ်သက်သာစေမယ့် အိမ်တွင်းနည်းလမ်းကောင်းလေးတွေ

ခေါင်းလျှော်တိုင်း ဆံပင်မွှေးတွေ အထွေးလိုက် ကျွတ်နေလို့ စိတ်ညစ်နေပြီလား? စိုနေတဲ့ ဆံပင်ကိုအားရပါးရသုတ်နေချိန် ဆံပင်ကိုလက်နဲ့သပ်လိုက်တိုင်း ဆံပင်တွေ ကပ်ပါလာတာတွေ စိတ်မပူပါနဲ့တော့။သင့်ကို ကူညီဖြေရှင်းပေးမယ့် နည်းလမ်းကောင်းလေးတွေရှိနေပါပြီ။ သေချာ မှတ်ထားပြီး တစ်ပတ်ကို တစ်ခါ နှစ်ခါလောက်ပဲလုပ်ပေးဖို့ လိုမယ်နော်။

ဆံပင်သန်ချင်သူများအတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့ –ပျားရည် အနည်းငယ်ကြက်သွန်ဖြူ ၃မွှာသံလြင္ဆီလီမြန္သီးဒီပါဝင်ပစ္စည်းတွေကို ကြိတ်စက်ထဲမှာ ရောသမမွှေပြီးရင် ရလာတဲ့အနှစ်ကိုသိမ်းထားပါ။ဆံပင်သန်စွမ်းချင်တယ်ဆိုရင် တစ်နေ့သုံးကြိမ်လောက် ဒီအနှစ်တွေကိုလိမ်းပေးပါ။ ပြီးရင်တော့ ကြိုက်နှစ်သက်ရာ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်လို့ရပါပြီ။

ဆံသားခြောက်သွေ့ပြီး နှစ်ခွဖြစ်သူနေများအတွက်သံလြင္ဆီပျားရည်အုန်းဆီငှက်ပျော်သီးနှစ်လုံး တို့ကို ရောကြိတ်ပါ။ ရလာတဲ့အနှစ်ကို တစ်ခေါင်းလုံး နှံ့အောင်လိမ်းထားပြီး ၅မိနစ်ကြာတာနဲ့ ဆေးချလိုက်ပါ။ငှက်ပျောသီးက သင့်ရဲ့ခြောက်သွေ့ ဖွာလန်နေတဲ့ဆံပင်တွေကို ပြန်လည်စိုပြေတောက်ပလာအောင် အများကြီးအားဖြည့်ပေးနိုင်ပါတယ်။ ဗောက်တွေကိုလည်း ကင်းရှင်းစေပါတယ်။

ထိပ်ကွက်နေသူများအတွက်ကြက်ဥ ၁လုံးလီမွန်ရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းနွားနို့ တစ်ခွက်သံလွင်ဆီ ၂ဇွန်း တို့ကို ရောပြီး ကွက်နေတဲ့နေရာလေးကို လိမ်းပေးပါ။ မိနစ် ၂ဝလောက်ထားပြီးရင်ခေါင်းလျှော်ပါ။ ဒီနည်းအတိုင်း ပိုမိုထိရောက်ချင်ရင် တပတ်ကို ၂ ခါ၊ ၃ခါလောက်လုပ်ပေးနိုင်ပါတယ်။ပရိုတိန်းနဲ့ Aino acids ပါဝင်တာမို့ ဆံသားကို အစိုဓာတ်ထိန်းသိမ်းပေးပြီး ကျန်းမာစေပါတယ်။

ဖော်ပြပါ နည်းလမ်းလေးတွေကို သေချာအချိန်ပေးပြီးလုပ်ပေးနိုင်မယ်ဆိုရင် တစ်လအတွင်းမှာ ကျန်းမာစိုပြေ သန်စွမ်းတဲ့ ဆံသားလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Credit

Unicode

ဆံပင်ကျွတ်သက်သာစေမယ့် အိမ်တွင်းနည်းလမ်းကောင်းလေးတွေ

ခေါင်းလျှော်တိုင်း ဆံပင်မွှေးတွေ အထွေးလိုက် ကျွတ်နေလို့ စိတ်ညစ်နေပြီလား? စိုနေတဲ့ ဆံပင်ကိုအားရပါးရသုတ်နေချိန် ဆံပင်ကိုလက်နဲ့သပ်လိုက်တိုင်း ဆံပင်တွေ ကပ်ပါလာတာတွေ စိတ်မပူပါနဲ့တော့။သင့်ကို ကူညီဖြေရှင်းပေးမယ့် နည်းလမ်းကောင်းလေးတွေရှိနေပါပြီ။ သေချာ မှတ်ထားပြီး တစ်ပတ်ကို တစ်ခါ နှစ်ခါလောက်ပဲလုပ်ပေးဖို့ လိုမယ်နော်။

ဆံပင်သန်ချင်သူများအတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့ –ပျားရည် အနည်းငယ်ကြက်သွန်ဖြူ ၃မွှသံလွင်ဆီလီမွန်သီးဒီပါဝင်ပစ္စည်းတွေကို ကြိတ်စက်ထဲမှာ ရောသမမွှေပြီးရင် ရလာတဲ့အနှစ်ကိုသိမ်းထားပါ။ဆံပင်သန်စွမ်းချင်တယ်ဆိုရင် တစ်နေ့သုံးကြိမ်လောက် ဒီအနှစ်တွေကိုလိမ်းပေးပါ။ ပြီးရင်တော့ ကြိုက်နှစ်သက်ရာ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်လို့ရပါပြီ။

ဆံသားခြောက်သွေ့ပြီး နှစ်ခွဖြစ်သူနေများအတွက်သံလွင်ဆီပျားရည်အုန်းဆီငှက်ပျော်သီးနှစ်လုံး တို့ကို ရောကြိတ်ပါ။ ရလာတဲ့အနှစ်ကို တစ်ခေါင်းလုံး နှံ့အောင်လိမ်းထားပြီး ၅မိနစ်ကြာတာနဲ့ ဆေးချလိုက်ပါ။
ငှက်ပျောသီးက သင့်ရဲ့ခြောက်သွေ့ ဖွာလန်နေတဲ့ဆံပင်တွေကို ပြန်လည်စိုပြေတောက်ပလာအောင် အများကြီးအားဖြည့်ပေးနိုင်ပါတယ်။ ဗောက်တွေကိုလည်း ကင်းရှင်းစေပါတယ်။

ထိပ်ကွက်နေသူများအတွက်ကြက်ဥ ၁လုံးလီမွန်ရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းနွားနို့ တစ်ခွက်သံလွင်ဆီ ၂ဇွန်း တို့ကို ရောပြီး ကွက်နေတဲ့နေရာလေးကို လိမ်းပေးပါ။ မိနစ် ၂ဝလောက်ထားပြီးရင်ခေါင်းလျှော်ပါ။

ဒီနည်းအတိုင်း ပိုမိုထိရောက်ချင်ရင် တပတ်ကို ၂ ခါ၊ ၃ခါလောက်လုပ်ပေးနိုင်ပါတယ်။ ပရိုတိန်းနဲ့ Aino acids ပါဝင်တာမို့ ဆံသားကို အစိုဓာတ်ထိန်းသိမ်းပေးပြီး ကျန်းမာစေပါတယ်။ဖော်ပြပါ နည်းလမ်းလေးတွေကို သေချာအချိန်ပေးပြီးလုပ်ပေးနိုင်မယ်ဆိုရင် တစ်လအတွင်းမှာ ကျန်းမာစိုပြေ သန်စွမ်းတဲ့ ဆံသားလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Credit