Knowledge

ဒီအချက်တွေနဲ့ကိုက်ညီသူမျိုးတွေ့နေပြီဆိုရင်တော့ ရဲရဲကြီးရွေးချယ်လိုက်ပါ…

မိန်းကလေးတွေဘဝမှာ ရွေးချယ်စရာက အမြဲတမ်းတစ်ခုမက ရှိနေတတ်ပါတယ်။ အိမ်ထောင် မပြုခင်မှာပဲဖြစ်ဖြစ်၊ ချစ်သူမဖြစ်ခင်မှာပဲဖြစ်ဖြစ် ကိုယ့်ကို ကမ်းလှမ်းတဲ့သူ၊ ချစ်ခွင့်ပန်တဲ့သူတွေ အများကြီးတွေ့ရမှာပါ။

ဒီအထဲကမှ နောက်ဆုံးရွေးစရာလူ (၂)ယောက်ထဲမှာ ဘယ်သူကိုရွေးရမယ်ဆိုတာမသိဘဲ တွေဝေ ဒွိဟဖြစ်နေခဲ့ရင်၊ အကူညီလိုနေခဲ့ရင်

ဒီစာလေးကိုဖတ်ပြီး ဒီအချက်တွေနဲ့ကိုက်ညီတဲ့ ယောကျ်ားမျိုးကိုသာ ရွေးချယ်လိုက်ပါနော်။

(၁) လွတ်လပ်ခွင့်ကို သိတတ်သူ”တစ်ချို့ယောကျ်ားတွေက လွတ်လပ်ခွင့်ကို မသိတတ်ကြပါဘူး။ ဒီလိုမသိတတ်တဲ့ယောကျ်ားကို ရွေးချယ်မိရင် တစ်သက်လုံးအကျဉ်းကျနေသလို ခံစားရမှာ ဖြစ်ပါတယ်။

သူ့ရဲ့လက်အောက်၊ သူ့ရဲ့ အာဏာတွေနဲ့ နိုင်ထက်စီးနင်း အလုပ်ခံရမှာပါ။ ဒါကြောင့် သင်ရွေးချယ်တဲ့အခါမှာ သူ့ရဲ့စကားအသွားအလာ၊ အပြုအမူ၊

သင့်ကိုဆက်ဆံပုံ၊ သူ့ညီမတွေ အစ်မတွေကို ဆက်ဆံပုံကို သေချာလေ့လာပြီး လွတ်လပ်ခွင့်ကို သိတတ်တဲ့သူကို ရွေးချယ်သင့်ပါတယ်။

(၂) အဆင့်အတန်း မခွဲခြားတတ်သူ”အဆင့်အတန်းခွဲခြားတတ်တဲ့ ယောကျ်ားတွေဟာ လုံးဝမယူသင့်တဲ့ ယောကျ်ားတွေ ဖြစ်ပါတယ်။ တကယ်လို့ တစ်နေ့မှ

ာ သူဟာ ကြီးပွားသွားတဲ့အခါ၊ အောင်မြင်သွားတဲ့အခါမှာ အောက်ခြေလွတ်သွားတတ်တဲ့ သူမျိုးတွေ ဖြစ်လို့ပါ။

ဘယ်လို အကဲခတ်လို့ရသလဲဆိုတော့ သူ့ထက် ပညာအရည်အချင်းနိမ့်တဲ့သူတွေ၊ သူ့ထက်အဆင့်နိမ့်တဲ့သူတွေ၊ စားပွဲထိုးတွေကို

ဘယ်လိုဆက်ဆံလဲဆိုတာကို ကြည့်ပြီးသိနိုင်ပါတယ်။ နောက်တစ်ခုကတော့ သူဟာ ယဉ်ကျေးတဲ့သူဖြစ်ဖို့ အထူး လိုအပ်ပါတယ်။

(၃) ယောကျ်ားမိန်းမ မခွဲခြားသူ”တစ်ချို့ယောကျ်ားလေးတွေဟာ မိန်းမထက် ယောကျ်ားကမြတ်တယ်ဆိုတဲ့ ရှေးရိုးစွဲ အတွေးအခေါ်ရှိတတ်ကြပါတယ်။

အောက်ခြေသိမ်းအလုပ်တွေ၊ အိမ်မှုကိစ္စတွေအားလုံးကို မိန်းမအလုပ်လို့ပဲ သတ်မှတ်ထားတတ်ကြပါတယ်။ဒီလိုလူမျိုးတွေဟာ လုံးဝမယူသင့်တဲ့ ယောကျ်ားတွေ ဖြစ်ပါတယ်။

ဘယ်လိုအကဲခတ်လို့ရလဲဆိုရင် သူဟာ အိမ်မှာဘယ်လိုနေလဲ၊ ထမင်းဟင်းချက်ဖူးလား၊ သန့်ရှင်းရေးလုပ်ဖူးလား၊ သူ့အဝတ်သူလျှော်လား ဒါမှမဟုတ်

အိမ်သားတွေအတွက် သူ တစ်ခုခုလုပ်ပေးဖူးလားဆိုတာ လေ့လာကြည့်လိုက်ပါ။

(၄) တာဝန်ယူတတ်သူနောက်ထပ်ရွေးချယ်သင့်တဲ့သူက တာဝန်ယူတတ်သူပါ။ အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်

သူ့ကိုယ်သူတာဝန်ယူတတ်တဲ့ ယောကျ်ားမျိုးကိုသာ ရွေးချယ်ရမှာပါ။သနားကြင်နာစိတ်ရှိပြီး အားနည်းတဲ့သူတွေဖက်က ရပ်တည်တတ်တဲ့သူ၊ အချောင်လိုစိတ် မရှိသူ၊ ကိုယ့်ကြောင့်

သူတစ်ပါး ထိခိုက်နစ်နာစေမယ့်အရာမျိုး မလုပ်သူကို ရွေးချယ်ရမှာပါ။ ဒါတွေအားလုံးဟာ တာဝန်ယူစိတ်ရှိတဲ့ ယောကျ်ားတွေဆီမှာသာ တွေ့မြင်ရမယ့် အချက်ပဲ ဖြစ်ပါတယ်။

(၅) ရဲရင့်ပြီး ဉာဏ်ရည်ထက်မြက်သူ”သင်တစ်သက်လုံးပေါင်းသင်းရမယ့် သူဟာ အူတူတူ၊ အတတဆိုရင် လုံးဝ အဆင်မပြေနိုင်ပါဘူး။ တစ်သက်လုံး သင်က ဦးဆောင်ပြီး

တာဝန်ယူနိုင်ရင်တော့ရပေမယ့် အဲလိုမဟုတ်ရင်တော့ လုံးဝ အဆင်မပြေပါဘူး။ဒါကြောင့် ရဲရင့်ထက်မြက်ပြီး ဉာဏ်ပညာရှိသူ၊ ဇွဲလုံ့လဝီရိယကြီးမားသူ၊

ဘဝကို လေးလေးနက်နက်ကြိုးစားရုန်းကန်သူ၊ ကိုယ့်အားကိုယ်ကိုးသူ၊ ဖြတ်ထိုးဉာဏ်ရှိပြီး ဦးဆောင်တတ်တဲ့ ယောကျ်ားမျိုးကို ရွေးချယ်ပါ။

ဒီလိုယောကျ်ားမျိုးဟာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သုညကနေ ပြန်စနိုင်ကြတာကြောင့် သူတို့နဲ့နေရင် သင့်ဘဝအတွက် စိတ်ချရပါပြီနော်။

Credit

Unicode

အိမ်သားတွေအတွက် သူ တစ်ခုခုလုပ်ပေးဖူးလားဆိုတာ လေ့လာကြည့်လိုက်ပါ …။