မိဘမေတ္တာဆိုသည်မှာ သားသမီးအပေါ်တွင် ကုန်ခမ်းသွားသည် မရှိ အဆက်မပြတ် စီးဆင်းလျက်ရှိကာ ဒုက္ခကို တစ်ယောက် တည်း ကြိတ်ခံရင်း တတ်စွမ်းသလောက် သားသမီးများကို ရှာကျွေးကြသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ နိုင်းဟွမ်ပြည် နယ်ရှိ ခန်ဟိုင်းမြို့တွင် နေထိုင်သော အသက် ၇၃နှစ် အရွယ် အဖိုးအိုတစ်ယောက်သည်
လမ်းဘေးတွင် ဂီ တာလေးတီး သီချင်းလေးဆိုကာ တောင်းရမ်းစားသောက်မှုဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။
အဖိုးအိုသည် ဆင်းရဲမွဲတေသော ဘဝတွင် ကံဆိုးစွာဖြင့် အ သက် ၇နှစ် အရွယ်မှာ အကြီးကျယ် ဖျားပြီးနောက် မျက်စိနှစ်ဖက်လုံး ကွယ်ခဲ့၍ သနားစရာ အမှောင်ချ မျက်မမြင်ဘဝသို့ ရောက်ရှိခဲ့ရသည်။
အဖိုးအို၏ မိသားစုမှာလည်း စားဝတ်နေရေး အဆင်မပြေကြ၍ အသက် ၁၃နှစ် ကစပြီး လမ်းဘေး မျက်မ မြင် တောင်းစားသူအဖြစ် ဝင်ငွေရှာခဲ့သည်။
ထို့နောက် အဖိုးအိုသည် စိတ်ထားကောင်းသူနှင့် တွေ့ပြီးအသက် မွေးဝမ်းကျောင်းပြုရန် ဂီတာတီး ပညာအား သင်ယူခဲ့ရပြီးနောက် ဘဝတူ အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး ကလေး ၅ ယောက်ကို ပိုင်ဆိုင်ထားသည်။
ကလေး ၅ ယောက်လုံးသည် အိမ်ထောင်ကျကုန်ပြီး သူတို့အ ခက်အခဲနှင့် သူတို့ရှိနေ၍ မိဘနှစ်ပါးအား ထောက်ပံ့နိုင်ခြင်း မရှိပဲ အဖိုးအိုခမျာ ဆက်လက်၍
လမ်းဘေး တောင်းရမ်းစားသောက်သူအဖြစ် ရပ် တည်နေရဆဲ ဖြစ်သည်။ယခုလို ပြီးဆုံးအောင် ဖတ်ပေးကြတဲ့ စာဖတ်သူ ပရိသတ်အ ပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာချမ်းသာ ကြပါစေခင်ဗျာ။
Credit
Unicode