Knowledge

ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ

သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူးပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့

ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ…

အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေ နေ့တိုင်းခပ်ထားတယ်။မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာ

မိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူးစကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က

ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့

အခွင့်အရေးတော့ မပေးမိပါစေနဲ့ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူးဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့မှတ်ပုံတင်ထဲပြန်ကြည့်ပါ

ညီမလေးကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။ညီမလေးရေချစ်ဦးသူနဲ့ ရတယ်ဆိုတာတို့အိမ်ဘေးက နှင်းဆီလောက်သာရှိပြီးအချစ်ဦးနဲ့ လွဲဖူးသူဟာအိမ်ရှေက

ခရပွင့်တွေကြွေသလောက်ရှိတယ်အသဲကွဲတယ်ဆိုပြီး ဘီယာသောက်လောကကြီးကို မှောက်ပစ်တတ်တာပညာမဲ့သူတွေသက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါမုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်

လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိန္ဒြေလေတန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ

ညီမလေးရယေောကွြားဆိုတာဧကရာဇဘြုရငပြဲဖှဈဖှဈနနြးကဘွုရငပြဲဖှဈဖှဈမှှောကစြားတာ ခံခငွကြှတယကြွားကှီးရဲ့ဆရာဖှဈဖို့ဆိုတ

ာေ ကှာငတြဈကောငလြို ညငသြာတတမြှဖှဈမယကြမျဘာကွောတြဲ့ စဈသူရဲတဈယောကတြောငအြပှောခွိုတဲ့ အအိုခွောကှောင့ြ

ကမ္ဘာတစ်ဝက်ကို တက်သိမ်းဖူးတယ်လေလေယူရာတိမ်းတတ်တဲ့ ပန်းပင်ဟာဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူးပုခက်လွဲသောလက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာချိုသော

စကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံလိုတယ် ညီမလေး။ညီမလေးရေရင်ဘောင်တန်းတယ်ဆိုတိုင်းခြေရာတော့ လိုက်မတိုင်းလေနဲ့ကြောင်ဘယ်လောက်ခြေရာကြီးကြီးကျားကြီးကိုတော့

ဘယ်မှီမလဲအသားစားသတ္တဝါချင်းတူပေမယ့်စကားအဆိုသာ ကြောင်က ဆရာဖြစ်တာကျားဆိုတာ ကြောင်သားလဲစားချင်စားမှာလေသဘာဝဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာ

နစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ မိန်းမဆန်ပါ ညီမလေးရေ။ညီမလေးရေသစ္စာမှန်ရင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တယ်တဲ့ခုခေတ်မှာတော့ နွယ်မြက်သစ်ပင်ဟာ

အရက်ချက်ရင်သုံးနေကြပြီချစ်သူကို လွမ်းကြောင်းစာဖွဲ့ကောင်းတဲ့နတ်သျှင်နောင်ရဲ့ဖောက်ပြားမှု ဖွက်ထားတဲ့ သမိုင်းကြားမှာရှိသေးတယ်တို့ချစ်လှပါတယ်ဆိုတဲ့

ဧရာဝတီတောင် တချိန်တခါက သစ္စာဖောက်ခဲ့ဖူးတယ်စာများများဖတ်ပြီးဝေဖန်ဆုံးဖြတ်နိုင်ပါစေ ညီမလေးဘုရားဟောတဲ့ သစ္စာလေးချက်တောင်တို့ပုထုဇဉ်လောကမှာ ဒုက္ခသစ္စာနဲ့

သမုဒယသစ္စာပဲ စွဲမြဲနေတယ်လေအမှားတစ်ရန်ကို တစ်ဘက်စီယူပြီး အမှန်တရားလုပ်နေတဲ့လောကမှာသစ္စာဆိုတာ ပန်းနာမည်သက်သက်ဖြစ်နေပြီ ညီမလေးရေ။

ညီမလေးရေအယ်ဒီဆင်ရဲ့၉၉ခေါက်သော ကျရှုံုးခန်းဘယ်စာတမ်းမှာမှ မပါဘူးရိုက်ညီနောင်ရဲ့လေယာဉ်ပျက်ကျခန်းဘယ်စာတမ်းမှာမှ မပါဘူးဘုန်းရောင်ဖွဲ့တွေနဲ့

ယဉ်ပါးလာတဲ့ စာပေလောကမှာချီးတုံးကို တန်ဆာဆင်သလိုဖြစ်လို့ကျရှုံးခန်းဆိုတာ ရောင်းတန်းမဝင်ဘူးလေ
ဖတ်ပါ မှတ်ပါ လေ့လာပါအစွန်းတဘဘက်တော့ မရောက်စေနဲ့စာပေဆိုတာ

လူဘဝအတွက် အလင်းစက်တစ်ခုပေါ့ဒါပေမယ့် အသုံးမတတ်ရင် မီးခွက်ဟာမြို.ပျက်သွားစေနိုင်တယ် ညီမလေး။ညီမလေးရေမြို့ကြီးပြကြီးမှာ အသက်မွေးမယ်ဆိုရင်ပွင့်လင်းရိုးသားတယ်ဆိုတာ

တို့ဘိုးဘွားတွေရဲ့ ရိုးရာပုံပြင်ထဲမှာ ချန်ခဲ့တော့ဖြောင့်မတ်ခြင်းကို ဂွကျတယ်လို့ဆိုသူတွေကကောက်တဲ့လက် ဆန်ပိုရသတဲ့လေမျှတခြင်းတွေက

ဟာသဆန်သွားပြီမြို့ပြအမှန်တရားက သာသူစားစတမ်းတဲ့သတိထား ညီမလေးရေခုခေတ်က လှည်းလမ်းလည်းကားမောင်းချင်မောင်းတယ်ကားလမ်းပေါ်လည်း လှည်းမောင်းချင်မောင်းတယ်မူဆိုတာ

ခင်မင်သူတွေအတွက် ပြောင်းလဲလို့ရတဲ့ခေတ်တို့သိတဲ့ ကိုယ်ကျင့်တရားတွေ အတော်ခေါင်းပါးမှဖြစ်မယ်ရေမကြည်၊မြက်မနုတော့တဲ့ အဲ့ဒီမြို့ပြသွားမယ်ဆိုခဏခဏ မငိုမိအောင်

ဟန်ဆောင်ပြုံးတွေ အလုံးအရင်းသာယူသွား ညီမလေး။သစ်ရွက်တွေကြွေရုံနဲ့တော့သစ်ပင်ကြီးမသေပါဘူးကြယ်လေးတွေကြွေရုံနဲ့လည်းကောင်းကင်ကြီးမသေပါဘူးညီမလေးရေ…..

ပန်းပုတစ်ရုပ်လှဖို့ဆိုတာထွင်းထုတ်လိုက်ရတဲ့ အသားတွေရှိတတ်မြဲလေလဲလို့သာ ပြန်မထကြရင်လူဆိုတာ တွားသွားသတ္တဝါဖြစ်တော့မပေါ့

အားမလျော့ပါနဲသွားတဲ့သူအတွက် လမ်းရှိပါတယ်ညဘယ်လောက်နက်နက် မနက်ဆိုနေထွက်မှာမို့မနက်ဖြန်အတွက် နိူးစက်ကို အချက်ပေးထားပါအတိတ်ဆိုတာ

ချခင်းထားတဲ့ကော်ဇောတစ်ချပ်သာသာမို့ခပ်နာနာတစ်ချက်နင်းပြီး အနာဂတ်ကို စိတ်နဲ့ပစ်ခွင်းလိုက်ပါကောင်းသော မနက်ခင်းဖြစ်ပါစေညီမလေးရေရူးရင်လဲ ထမင်းလွတ်အောင်ရူးဒါမှ

အချိန်တန်ရင်ထူးမှာအကို့လိုတော့ ဟိုမရောက်ဒီမရောက်နဲ့လမ်းမပျောက်စေနဲ့ငယ်ငယ်က တို့တွေ ပန်းကောက်သလိုပေါ့ခရေသီမလား စံပါယ်သီမလားတစ်မျိုးချင်းသီမှ

ရောင်းပန်းမည်တယ်လေလွယ်လွယ်နဲ့တော့ စံပါယ်မပွင့်ဘူးအချိန်တစ်ခုတော့ ရင်းရမှာပေါ့မဟုတ်ရင် ကိုးမရှိတဲ့ နဝင်းလို အချင်းဘယ်လှပါ့မလဲညီမလေးရေလက်နှစ်ချောင်းထောင်ပြီး

ဓါတ်ပုံရိုက်တင်တော့ရုပ်လေးလှတာ လူမြင်တာပေါ့ဖြူစင်တဲ့စိတ်ထားလေးလည်းမွေးပါပြန်တွေးတိုင်း လက်မထောင်နိုင်တဲ့ အတိတ်ရှိအောင်ပေါ့နိမိတ်၊

တဘောင်ဆိုတာတွေ သိပ်မယုံနဲ့ကြုံသမျှ ဒုက္ခမှာ အကြောင်းရှိတယ်ယတြာကောင်းစရာမလိုပါဘူးတရားဓမ္မတွေသာ ရင်ထဲကိန်းအောင်းနေပါစေ ညီမလေးရေ။

Credit

Unicode

ဟန်ဆောင်ပြုံးတွေ အလုံးအရင်းသာယူသွား ညီမလေး။သစ်ရွက်တွေကြွေရုံနဲ့တော့သစ်ပင်ကြီးမသေပါဘူးကြယ်လေးတွေကြွေရုံနဲ့လည်းကောင်းကင်ကြီးမသေပါဘူးညီမလေးရေ