Knowledge

အစ်ကိုရှိတဲ့ မိန်းကလေးတွေမှာသာတွေ့ရမယ့် အားသာချက်များအကြောင်း

မိန်းကလေးတွေမှာ အစ်ကို ရှိနေပြီဆိုရင်တော့ အဲ့မိန်းကလေးလောက် ကံကောင်းတဲ့ မိန်းကလေး ရှိတော့မှာ မဟုတ်ပါဘူး။

မိန်းကလေးဆိုတဲ့ သဘောသဘာဝအရ မိန်းကလေးတွေရဲ့အကြောင်းကို သိပြီးသား ဖြစ်နေမှာ ဖြစ်သလို အစ်ကို ရှိနေတဲ့အတွက် ယောင်္ကျားလေးတွေ အကြောင်းလည်း သိပြီးသား ဖြစ်သွားတတ်ကြပါတယ်။ ဒါတွေအပြင် အစ်ကိုှရှိတဲ့ သူတွေ ရတဲ့ အားသာချက်လေးတွေ အများကြီး ရှိနေပါတယ်။

(၁) သတ္တိရှိတယ်

မိန်းကလေးသဘာဝကတော့ ပျော့ညံ့တဲ့သဘော ရှိတတ်ပါတယ်။ အားငယ်တတ်ကြပါတယ်။ အစ်ကိုရှိတဲ့ ကောင်မလေးတွေကတော့ တမူထူးခြားပါတယ်။အစ်ကိုတွေက အလိုလိုက် အချစ်ပိုသလို အားကိုးရတဲ့အတွက် အားကိုးနဲ့ မိုက်တတ်တဲ့ လူဆိုးမလေးတွေ ဖြစ်သွားတတ်ကြပါတယ်။ တစ်ခုခုဖြစ်လည်း အစ်ကိုတွေ ရှိတဲ့အတွက် ဘာကိုမှ ကြောက်တယ်ဆိုတာ မရှိပါဘူး။ သတ္တိရှယ်ရှိနေတတ်တဲ့ ကောင်မလေးတွေ ဖြစ်သွားတတ်ပါတယ်။

(၂) ယောက်ျားလေးတွေရဲ့ အကျင့်ကို သိတယ်

မိန်းကလေးဆိုတာ ဆန့်ကျင်ဘက်သူတွေနဲ့ တွေ့ဆုံ နီးစပ်မှာပါ။ သင်က လူတွေရဲ့ အကြောင်းကို သေချာမသိပဲ လုပ်လိုက်မိတဲ့အရာတွေကြောင့် သင့်ရဲ့ လူမှုဆက်ဆံရေးမှာ သမီးရည်းစားဆက်ဆံရေးမှာ ထိခိုက်သွားစေမှာမျိုးတွေ ရှိနေတတ်ပါတယ်။

ဒါပေမဲ့ အစ်ကိုရှိတဲ့ ကောင်မလေးတွေကတော့ ယောင်္ကျားလေးတွေက ဘယ်လိုအကျင့်တွေ ရှိတတ်သလဲဆိုတာကို လေ့လာစရာမလိုပဲ အစ်ကိုတွေကြောင့် သိနေပါတယ်။ ဒါကြောင့် ယောင်္ကျားလေးတွေ ပေါင်းသင်းဆက်ဆံရေးမှာ တစ်ခြားသူတွေထက် လွယ်ကူချောမွေ့နေတတ်ကြပါတယ်။ ဒါက လူမှုဆက်ဆံရေးအတွက် ကောင်းတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။

(၃) အားကိုးရတယ်

အစ်ကို ရှိတာရဲ့ ကောင်းခြင်းထဲမှာ တစ်ခုက အားကိုးရတာပါပဲ။ ကိုယ် ပစ္စည်းတစ်ခုခု သယ်လို့ မရတာပဲ ဖြစ်ဖြစ် အရပ်မမီတာဖြစ်ဖြစ် အစ်ကိုတွေကို ခေါ်ပြီး ခိုင်းလို့ ရပါတယ်။ အစ်ကိုတွေက ချစ်တော့ တစ်ခါတစ်လေ ညာခိုင်းရင်တောင် သိသိနဲ့ လုပ်ပေးတတ်ကြပါတယ်။

အပြင်သွားတဲ့အခါမှာလည်း အစ်ကိုတွေ ရှိတာကြောင့် ဘေးဘီသိပ်စိုးရိမ်စရာ မရှိပါဘူး။ ဒါက အစ်ကိုရှိသူတွေပဲ ရတဲ့ သီးသန့် အခွင့်အရေးတွေပါနော်။

(၄) မုန့်ဖိုးတောင်းလို့ ရတယ်

ဒါကတော့ အစ်မပဲ ရှိရှိ အစ်ကိုပဲ ရှိရှိ ရတဲ့အခွင့်အရေးလည်း ဖြစ်ပါတယ်နော်။ ကိုယ့်ဆီမှာ မုန့်ဖိုး ပြတ်သွားတဲ့အခါ အစ်ကိုတွေ အစ်မတွေကို နွဲ့ဆိုးဆိုးပြီး မုန့်ဖိုးလေး တောင်းလို့ ရပါတယ်။ သနားစရာကောင်းရင်ကောင်းသလို မုန့်ဖိုး ပိုပိုသာသာ ရတာကို အငယ်တွေပဲ ခံစားနားလည်ကြမှာပါ။

(၅) သင်ခန်းစာ ရတယ်

မိန်းကလေးတွေက မိန်းကလေးမို့ ယောကျ်ားတွေအကြောင်း သေချာမသိကြပါဘူး။ ဒါပေမဲ့ အစ်ကို ရှိတဲ့သူတွေကတော့ သိတာမှ သိသိနဲ့ နေပါတော့တယ်။ အစ်ကိုတွေရဲ့ ဆိုးမှုအခြေအနေတွေကိုလည်း သိလို့ တစ်ခါတစ်ခါ သူတို့ရည်းစား ကောင်မလေးတွေကို ကြည့်ပြီး တော်တော်လေး သနားမိတတ်ကြပါသေးတယ်။

ရည်းစားကို ပတ်တဲ့အကွက်တွေကိုလည်း မျက်စိရှေ့မြင်ရတာဖြစ်လို့ တော်တော်လေးကို သင်ခန်းစာရစေလို့ ယောက်ျားတွေအကြောင်း ကောင်းကောင်းသိသွားကြတာပေါ့။

ဘာပဲဖြစ်ဖြစ် အစ်ကိုတွေက ချစ်ဖို့ကောင်းပါတယ်နော်…။

Credit

Unicode

အစ်ကိုရှိတဲ့ မိန်းကလေးတွေမှာသာတွေ့ရမယ့် အားသာချက်များအကြောင်း

မိန်းကလေးတွေမှာ အစ်ကို ရှိနေပြီဆိုရင်တော့ အဲ့မိန်းကလေးလောက် ကံကောင်းတဲ့ မိန်းကလေး ရှိတော့မှာ မဟုတ်ပါဘူး။

မိန်းကလေးဆိုတဲ့ သဘောသဘာဝအရ မိန်းကလေးတွေရဲ့အကြောင်းကို သိပြီးသား ဖြစ်နေမှာ ဖြစ်သလို အစ်ကို ရှိနေတဲ့အတွက် ယောင်္ကျားလေးတွေ အကြောင်းလည်း သိပြီးသား ဖြစ်သွားတတ်ကြပါတယ်။ ဒါတွေအပြင် အစ်ကိုှရှိတဲ့ သူတွေ ရတဲ့ အားသာချက်လေးတွေ အများကြီး ရှိနေပါတယ်။

(၁) သတ္တိရှိတယ်

မိန်းကလေးသဘာဝကတော့ ပျော့ညံ့တဲ့သဘော ရှိတတ်ပါတယ်။ အားငယ်တတ်ကြပါတယ်။ အစ်ကိုရှိတဲ့ ကောင်မလေးတွေကတော့ တမူထူးခြားပါတယ်။

အစ်ကိုတွေက အလိုလိုက် အချစ်ပိုသလို အားကိုးရတဲ့အတွက် အားကိုးနဲ့ မိုက်တတ်တဲ့ လူဆိုးမလေးတွေ ဖြစ်သွားတတ်ကြပါတယ်။ တစ်ခုခုဖြစ်လည်း အစ်ကိုတွေ ရှိတဲ့အတွက် ဘာကိုမှ ကြောက်တယ်ဆိုတာ မရှိပါဘူး။ သတ္တိရှယ်ရှိနေတတ်တဲ့ ကောင်မလေးတွေ ဖြစ်သွားတတ်ပါတယ်။