Knowledge

“တနင်္လာသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ ကံညံ့ချိန်များ”

“တနင်္လာသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ ကံညံ့ချိန်များ”ဒသာကောက်ကိန်းအရတနင်္လာသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

အရင်နေ့ကတနင်္ဂနွေသားသမီးတွေရဲ့ဒသာအပိုင်းအခြားတွေကို ပြောခဲ့ပါတယ်။ဒီနေ့မှာတော့ တနင်္လာသားသမီးတွေရဲ့တစ်သက်တာကံကောင်း၊ကံညံ့သောဒသာကာလလေးတွေကိုပြောပေးလိုက်ပါမယ်။

လူငယ် လူရွယ် တွေအနေနဲ့မိမိရဲ့ ကောင်းတဲ့ဒသာတွေ ကျရောက်နေချိန်မှာ ပိုမိုအားထည့်ပြီး ကြိုးစားနိုင်ဖို့နဲ့ကံညံ့တဲ့ဒသာနှစ်ပိုင်းတွေ

ဖြတ်သန်းချိန်မှာတော့ သတိ၊ ဉာဏ်ပညာဦးဆောင်ပြီး ဖြတ်သန်းသွားနိုင်ဖို့အထူးရည်ရွယ်ပါတယ်။ကဲစကြရအောင် တနင်္လာသားသမီးတွေရဲ့

အသက် ၇နှစ် ၆လ ပြည့်ချိန်မှ အသက် ၉နှစ် ၊ ၄လ၊ ၁၅ရက်အတွင်းကာလအသက် ၁၈နှစ် တင်းတင်းပြည့်ချိန်မှ အသက်၁၉နှစ် တင်းတင်းပြည့်ချိန်အတွင်းကာလ

အသက် ၂၇နှစ် ၃လ ပြည့်ချိန်မှအသက် ၂၉နှစ် ၄လ ၁၅ရက်အတွင်းကာလအသက် ၄၁နှစ် ၃လ ပြည့်ချိန် မှ အသက် ၄၂နှစ် ၆လအတွင်း ကာလ

အသက် ၅၀နှစ် တင်းတင်းပြည့်ချိန်မှ အသက် ၅၂နှစ် ၄လ ၁၅ရက်အတွင်း ကာလအသက် ၇၉နှစ် ၆လ ပြည့်ချိန်မှ အသက်၈၁နှစ် တင်းတင်းပြည့်ချိန်ကာလများဟာ

၇၀%သော တနင်္လာ သားသမီး များအတွက် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် တဲ့ကာလပဲဖြစ်ပါတယ်။

အထက်ပါအသက်အပိုင်းအခြားတွေက မိမိတို့အလိုရှိရာပန်းတိုင်ကို ဆုပ်ကိုင်နိုင်မယ့် ကာလတွေပါပဲ။ ကောင်းသော အသက်အပိုင်းအခြားတွေမှာ အချိန်မဖြုန်းဖို့အထူးလိုအပ်ပါတယ်။

တနင်္လာသားသမီးများအတွက် ကံညံ့ချိန် အသက်အပိုင်းအခြားတွေကတော့အသက် ၅နှစ် ၇လမှ ၁၅ရက် မှ အသက်၇နှစ် ၆လ ပြည့်ချိန်အတွင်းကာလအသက် ၁၇နှစ် တင်းတင်းပြည့်ချိန်မှ အသက် ၁၈နှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ

အသက် ၂၅နှစ်၊ ၁လ၊ ၁၅ရက် ကာလမှ အသက် ၂၇နှစ် ၃လ ပြည့်ချိန်အတွင်းကာလအသက် ၄၀နှစ် တင်းတင်းပြည့်ချိန်မှ အသက် အသက် ၄၁နှစ် ၃လ ပြည့်ချိန်အတွင်းကာလ

အသက် ၆၆နှစ် ၇လ ၁၅ရက်မှ အသက် ၆၉နှစ်တင်းတင်းပြည့်ချိန် အတွင်းကာလအသက် ၇၈နှစ်တင်းတင်းပြည့်ချိန်မှ အသက် ၇၉နှစ် ၆လ ပြည့်ချိန် အတွင်း

ကာလများဟာ တနင်္လာသားသမီးတွေ အတွက် ကံညံ့နေချိန်တွေပဲဖြစ်ပါတယ်။ ကံညံ့နေချိန်မှာ ခင်ပွန်းကြီးဆယ်ပါးကို မမေ့ပါနဲ့။

အရာရာကိုချင့်ချိန်ပြီး ဆောင်ရွက်ပါ။ မိမိလုပ်ချင်တာကို မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ နားလည်သူတွေကို တိုင်ပင်လိုက် ပါ။

တတ်နိုင်သမျှ ပရဟိတကုသိုလ်တွေ၊ ဝေယျာဝစ္စကုသိုလ်တွေ များများလုပ်ပေးပါ။တနင်္လာ သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ ။

ငြိမ်းအေးလူ ၀၉၇၇၅၅၅၅၆၉၅ ၀၉၄၄၅၅၅၅၆၉၅

Credit

Unicode

ဒသာကောက်ကိန်းအရတနင်္လာသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များအရင်နေ့က တနင်္ဂနွေသားသမီးတွေရဲ့ ဒသာအပိုင်းအခြားတွေကို ပြောခဲ့ပါတယ်။

ဒီနေ့မှာတော့ တနင်္လာသားသမီးတွေရဲ့ တစ်သက်တာကံကောင်း၊ကံညံ့သောဒသာကာလလေးတွေကိုပြောပေးလိုက်ပါမယ်။

လူငယ် လူရွယ် တွေအနေနဲ့ မိမိရဲ့ ကောင်းတဲ့ဒသာတွေ ကျရောက်နေချိန်မှာ ပိုမိုအားထည့်ပြီး ကြိုးစားနိုင်ဖို့နဲ့ ကံညံ့တဲ့ဒသာနှစ်ပိုင်းတွေ ဖြတ်သန်းချိန်မှာတော့ သတိ၊ ဉာဏ်ပညာဦးဆောင်ပြီး ဖြတ်သန်းသွားနိုင်ဖို့ အထူးရည်ရွယ်ပါတယ်။

ကဲစကြရအောင် တနင်္လာသားသမီးတွေရဲ့အသက် ၇နှစ် ၆လ ပြည့်ချိန်မှအသက် ၉နှစ် ၊ ၄လ၊ ၁၅ရက်အတွင်း ကာလအသက် ၁၈နှစ် တင်းတင်းပြည့်ချိန်မှ အသက်၁၉နှစ် တင်းတင်းပြည့်ချိန်အတွင်း ကာလ

အသက် ၂၇နှစ် ၃လ ပြည့်ချိန်မှအသက် ၂၉နှစ် ၄လ ၁၅ရက်အတွင်းကာလအသက် ၄၁နှစ် ၃လ ပြည့်ချိန် မှ အသက် ၄၂နှစ် ၆လအတွင်းကာလ

အသက် ၅၀နှစ် တင်းတင်းပြည့်ချိန်မှ အသက် ၅၂နှစ် ၄လ ၁၅ရက်အတွင်းကာလအသက် ၇၉နှစ် ၆လ ပြည့်ချိန်မှ အသက်၈၁နှစ် တင်းတင်းပြည့်ချိန်ကာလများဟာ

၇၀%သော တနင်္လာ သားသမီး များအတွက် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် တဲ့ကာလပဲဖြစ်ပါတယ်။

အထက်ပါအသက်အပိုင်းအခြားတွေက မိမိတို့ အလိုရှိရာပန်းတိုင်ကို ဆုပ်ကိုင်နိုင်မယ့် ကာလတွေပါပဲ။ ကောင်းသော အသက်အပိုင်းအခြားတွေမှာ အချိန်မဖြုန်းဖို့ အထူးလိုအပ်ပါတယ်။

တနင်္လာသားသမီးများအတွက် ကံညံ့ချိန် အသက်အပိုင်းအခြားတွေကတော့အသက် ၅နှစ် ၇လမှ ၁၅ရက် မှ အသက်

၇နှစ် ၆လ ပြည့်ချိန်အတွင်းကာလအသက် ၁၇နှစ် တင်းတင်းပြည့်ချိန်မှ အသက် ၁၈နှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ

အသက် ၂၅နှစ်၊ ၁လ၊ ၁၅ရက် ကာလမှ အသက် ၂၇နှစ် ၃လ ပြည့်ချိန်အတွင်းကာလအသက် ၄၀နှစ် တင်းတင်းပြည့်ချိန်မှ အသက် အသက် ၄၁နှစ် ၃လ ပြည့်ချိန်အတွင်းကာလ

အသက် ၆၆နှစ် ၇လ ၁၅ရက်မှ အသက် ၆၉နှစ်တင်းတင်းပြည့်ချိန် အတွင်းကာလအသက် ၇၈နှစ်တင်းတင်းပြည့်ချိန်မှ အသက် ၇၉နှစ် ၆လ ပြည့်ချိန် အတွင်း

ကာလများဟာ တနင်္လာသားသမီးတွေ အတွက် ကံညံ့နေချိန်တွေပဲဖြစ်ပါတယ်။ ကံညံ့နေချိန်မှာ ခင်ပွန်းကြီးဆယ်ပါးကို မမေ့ပါနဲ့။

အရာရာကိုချင့်ချိန်ပြီး ဆောင်ရွက်ပါ။ မိမိလုပ်ချင်တာကို မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ နားလည်သူတွေကို တိုင်ပင်လိုက် ပါ။

တတ်နိုင်သမျှ ပရဟိတ ကုသိုလ်တွေ၊ ဝေယျာဝစ္စကုသိုလ်တွေ များများလုပ်ပေးပါ။တနင်္လာ သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ ။ငြိမ်းအေးလူ ၀၉၇၇၅၅၅၅၆၉၅ ၀၉၄၄၅၅၅၅၆၉၅။

credit