Knowledge

သင်လွှင့်ပစ်နေတဲ့ ကြက်ဥခွံတွေက ဘယ်လိုအသုံးဝင်နေလဲကြည့်လိုက်ပါဦး

ကြက်ဥအခွံတွေကိုလွှင့်ပစ်ဖို့မလိုတော့ဘူးနော်။ကြက်ဥအခွံတွေက ကြက်ဥအနှစ်တွေ၊ အကာတွေလိုပဲ အသားအရည်အတွက်အရမ်းအသုံးဝင်ပါတယ်။

အခု ကြက်ဥအခွံနဲ့မျက်နှာ အသားအရည်ကို ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေပြောပြပေးသွားမှာပါ။ပထမဆုံးကြက်ဥအခွံကိုအမှုန့်ဖြစ်အောင်လုပ်ရမှာပါ။

ကြက်ဥအခွံတွေကိုရေသေချာဆေးလိုက်ပါ။ ပြီးရင်ပိုးမွှားတွေကပ်နေတာကို ဖယ်ရှားဖို့ဒယ်ပိုင်းမှာ မီးအပူချိန်နည်းနည်းနဲ့ ၁၀မိနစ်လောက် ထားပြီး အမှုန့်ချေပါ။

အပူပေးပြီးရင်တော့ပေါင်ဒါမှုန့်လိုဖြစ်အောင်လုပ်ဖို့ ကြေသွားတဲ့အမှုန်တွေ ကိုမွှေစက်ထဲထည့်ပြီး အမှုန့်ဖြစ်အောင်လုပ်လို့ရပါပြီ။ကြက်ဥမှုန့်တွေရလာပြီဆိုရင်တော့ဒီလိုမျိုးသုံးလို့ရပါပြီ။

၁။မျက်နှာပေါင်းတင်မယ်ကြက်ဥတစ်လုံးကိုခွဲပြီးအနှစ်ကိုဖယ်ထုတ်လိုက်ပါ။ကျန်နေတဲ့အကာရည်နဲ့ကြက်ဥမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောပြီး

ခပ်ထူထူလေးဖြစ်အောင်လုပ်ပါ။ပြီးရင်မျက်နှာ၊လည်ပင်းတွေမှာသုတ်လိမ်းပါ။ ၁၀မိနစ်လောက်ထားပြီးရင် ရေနဲ့သေချာသန့်စင်လိုက်ပါ။

အသားအရည်ခြောက်သွေ့တဲ့သူဆိုရင် တစ်ပတ်ကိုတစ်ခါလုပ်ပေးပြီးအဆီပြန်တဲ့အသားအရည်ပိုင်ရှင်တွေကတော့တစ်ပတ်ကို ၂ခါလုပ်ပေးပါ။

အသားအရည်ပါးတဲ့သူတွေကတော့ ဆယ်ရက်တစ်ခါလုပ်ပေးသင့် ပါတယ်။ကြက်ဥအကာနဲ့ကြက်ဥအမှုန့်က အသားအရည်ကိုချောမွေ့စေပြီးအရေးအကြောင်း ကင်းစင်စေပါတယ်။

၂။အသားအရည်နုပျိုစေတယ်လူငယ်ရောလူကြီးရော အသားအရည်နုပျိုစေဖို့ဒီနည်းလမ်းလေးကိုသုံးပေးနိုင်ပါတယ်။ကြက်ဥ မှုန့်နဲ့ကြက်ဥအကာကိုလိုအပ်သလောက်ရောစပ်ပြီး

မျက်နှာကိုလိမ်းပေးပါ။တင်းတင်းလေးဖြစ်သွားတဲ့အထိ စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။နာရီဝက်လောက်ထားပြီးရင် ရေအေးနဲ့ဆေးချလို့ ရပါပြီ။

ပြီးရင်တော့ မျက်နှာစိုပြည်စေတဲ့ကရင်မ်တစ်မျိုးမျိုးလိမ်းပေးထားပါ။ တစ်ပတ်ကို ၃ကြိမ်လုပ်ပေးနိုင်ပါတယ်။

၃။ကြည်လင်တောက်ပတဲ့အသားအရည်ဖြစ်စေတယ်မိတ်ကပ်မလိမ်းပဲတောက်ပကြည်လင်နေတဲ့အသားအရည်မျိုးရချင်တဲ့သူတွေအတွက်တော့

တကယ်အသုံးဝင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ပထမဆုံးကြက်ဥမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းထဲမှာ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းရောပြီးခပ်ပျစ်ပျစ်လေးရအောင် လုပ်ပါ။

အားလုံးပြီးရင်တော့ မျက်နှာမှာလိမ်းပြီး နာရီဝက်လောက်စောင့်ပေးပါ။ နာရီဝက်ပြည့်တဲ့အခါရေအေးအေးလေးနဲ့ဆေးချပေးရုံပါပဲ။

ဘယ်လိုအသားအရည်မျိုးမဆို တစ်ပတ်ကို ၂ခါလောက်ရေမချိုးခင်လုပ်ပေးရုံနဲ့ တစ်နေ့တာလုံးကြည်လင်ဝင်းပပြီး သန့်စင်နေတဲ့မျက်နှာလေးကိုပိုင်ဆိုင်ရမှာပါ။

၄။ထိခိုက်လွယ်တဲ့အသားအရည်အတွက်ကာကွယ်နိုင်တယ်သင့်ရဲ့အသားအရည်က ထိခိုက်လွယ်တယ်၊အသားအရည်ပါးတယ်၊မိတ်ကပ်ပစ္စည်းတွေတော်ရုံနဲ့ မတည့်ဘူးစသဖြင့်

Sensitive အသားအရည်ပိုင်ရှင်တွေအတွက် ဒီနည်းလမ်းလေးက အဆင်ပြေနိုင်ပါတယ်။ကြက်ဥမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းကိုယူပါ။

အဲ့ထဲကိုပန်းသီးအရက် ရှာလကာရည်စားပွဲတင်ဇွန်းထည့်ပါ။ခပ်ထူထူလေးဖြစ်ရင် မျက်နှာပေါ်ကိုလိမ်းပေးပါ။

နာရီဝက်လောက်ကြာရင်တော့ရေဆေးလို့ရပါပြီ။ရေခဲရေအေးအေးလေးနဲ့သန့်စင်ချင်တယ်ဆိုရင်လည်းရပါတယ်။ပြီးရင်တော့ ရေဓာတ်ဖြည့်ကရင်မ်လူးပေးထားပါ။

တစ်ပတ်ကို ၂ခါလုပ်ပေးရင် Ph level ညီမျှပြီးထိခိုက်လွယ်တဲ့အသားအရည်ကိုပုံမှန်ဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၅။မျက်နှာချေးချွတ်မယ်မျက်နှာချေးချွတ်တာကတော့အသားအရည်အတွင်းပိုင်းထိသန့်စင်ပေးတာမျိုးပါ။သဘာဝပစ္စည်းတွေနဲ့လုပ်ပေးရင်တော့

ဓာတုဆေးဝါးတွေကြောင့်ထိခိုက်မှာမစိုးရိမ်ရတော့ပါဘူး။ပထမဆုံး ကြက်ဥမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့အုတ်ဂျုံမှုန့်စားပွဲတင်ဇွန်းရောထည့်ပါ။နွားနို့ကိုလည်း ဆတူထည့်ပြီးရောစပ်ပါ။

ရောပြီးရင်မျက်နှာပေါ်လိမ်းပြီး ၁၀မိနစ်လောက်ထားပါ။ နည်းနည်းလေးခြောက်သွားရင်နွားနို့အရည်ကိုနည်းနည်းထပ်လိမ်းပြီး စက်ဝိုင်း ပုံစံနှိပ်နယ်ပေးပါ။

အဲ့ဒီအခါမှာ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး အသားအရည် အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုလုံလောက်စွာရရှိနိုင်ပါတယ်။၁၀မိနစ်လောက်ထားပြီး ရင်တော့ ရေနဲ့သေချာသန့်စင်ပေးနိုင်ပါပြီ။

Credit

Unicode