Knowledge

ထမင်းစားနေတဲ့အချိန် ဘာကြောင့်ရေအေးထက် ရေနွေးကိုပိုသောက်ပေးသင့်တာလဲ

ထမင်းစားတဲ့အချိန်တွေမှာ ရေ သို့မဟုတ် ရေနွေးသောက်လေ့ ရှိသူတွေ ရှိပါတယ်။ နှစ်ခုလုံး မသောက်ပဲ အစားစားပြီးမှာ သောက်တဲ့သူတွေလည်း ရှိပါတယ်။ ထမင်းစားနေတဲ့အချိန်မှာ ရေသောက်တာကို အကျင့် ဖြစ်တဲ့သူတွေ ရှိသလို ရေနွေးသောက်ရတာကို နှစ်ခြိုက်နေတဲ့သူတွေလည်း ရှိပါတယ်။

ဒါကြောင့် ထမင်းစားချိန်မှာ အခုလို တစ်ခုခု သောက်သုံးတဲ့အကျင့် ရှိတယ်ဆိုရင်တော့ ရေထက် ရေနွေးက ပိုသင့်လျော်ကြောင်း အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ်။အူလမ်းကြောင်းမှာ မလိုအပ်တဲ့ အဆီတွေ မကျန်အောင် ပြုလုပ်ပေးတယ်

အစားစားတဲ့အခါ ပါဝင်တဲ့ အဆီဓာတ်တွေကို ခန္ဓာကိုယ်ထဲမှာ သူ့အစီအစဉ်နဲ့ စုပ်ယူပြီး အလုပ်လုပ်ကြလေ့ ရှိပါတယ်။ စားသောက်စရာတွေကို ပါဝင်တဲ့ အဆီတွေက အူလမ်းကြောင်းမှာ ကပ်ကျန်တာမျိုး ရှိနေတဲ့ အခါ ရေသောက်တာထက် ရေနွေးသောက်တာက ပိုသင့်လျော်ပါတယ်။

ရေနွေးက မလိုလားအပ်တဲ့ အဆီစုပ်ယူမှုတွေ မဖြစ်အောင် အဆီတွေကို ရေနွေးနဲ့အတူ အစာခြေစနစ်ထဲရောက်တဲ့အထိ သယ်သွားနိုင်ပါတယ်။

အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေတယ်

အစာခြေစနစ် ကောင်းမွန်ပြီးသားသူတွေ ရှိသလို အစာခြေစနစ် မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ ဒါ့အပြင် အစာကျေလွယ်တဲ့ အစာတွေ ရှိသလို အစာချေဖျက်ဖို့ ကြာမြင့်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ရေသောက်တာက ရေဓာတ်ကို ဖြည့်ဆည်းခြင်းနဲ့ ဗိုက်ပြည့်ခြင်းကိုပဲဖြစ်စေတာပါ။ ရေနွေးကတော့ အစာခြေမှုကို ပိုမိုကောင်းမွန်စေပါတယ်။အိပ်ချင်စိတ် မဖြစ်စေဘူး

ထမင်းစားပြီးတဲ့အခါတွေမှာ ထမင်းဆိပ်တက်ပြီး အိပ်ချင်တာကို သိကြမှာပါ။ နေ့လည်ခင်း အိပ်ချင်စိတ်က တကယ်တော့ အနှောင့်အယှက် တစ်ခုလည်း ဖြစ်နေပါတယ်။ ထမင်းစားနေစဉ်နဲ့ ထမင်းစားပြီးချိန်တွေမှာ

ရေနွေးသောက်သုံးမယ်ဆိုရင်တော့ ထမင်းစားပြီးတဲ့အခါ ဖြစ်တတ်တဲ့ အိပ်ချင်စိတ်ကို လျော့နည်းသွားစေပါတယ်။ ဒါက ကောင်းကျိုး တစ်ခုလည်း ဖြစ်ပါတယ်။

အဆီပိုတွေ မဖြစ်အောင် တားဆီးပေးတယ်

ရေနွေးသောက်ခြင်းကြောင့် မလိုအပ်တဲ့အဆီစုပ်ယူမှုတွေကို မဖြစ်ပေါ်စေတဲ့အတွက် အဆီတွေစုပြီး အဆီပိုတွေ ဖြစ်မှာကို တားဆီးပေးပါတယ်။ ဒါ့အပြင် အစားအစာတွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူနိုင်တဲ့အတွက် သင့်ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။

credit

Unicode