Local News

စွန်းလွန်းဂူ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်ဟာ အချိန်တေကြာနေတာတောင် ဘာကြောင့် မပုပ်သလဲ

ညောင်လွန့် ဆရာတော် ဘုရားကြီး ပျံလွန်တော် မူ သောအခါ တပည့်ကြီးများက ရဟန္တာ ဆိုပြီး ပုပ်လိုက်တာ လွန်ရောဘဲ ဟုကဲ့ရဲ့ ပြောဆိုကြသဖြင့် စွန်းလွန်း ဆရာတော် ဘုရားက မပုပ်ပါ ဘူးခန္ဓာကိုယ် ပုပ်သော်လည်း ကိလေသာ အပုပ် တရား ဆရာတော်ကြီး၌ မရှိပါဘူး၊ ဆရာတော်ကြီး ရှိစဉ်က အကုသိုလ် အပုပ် တရားတွေ ဘာလုပ် သွားသလဲ၊ တရားအတိုင်း အားထုတ် ဆုံးမတော်မူခဲ့သည် မဟုတ်ပါလား  ဖြေဆိုခဲ့သည်။

ထိုအခါ စာပေ ကျမ်းဂန်၌ ရှာဖွေ ကြည့်ရှု ကြရာသုတ္တနိပါတ် ပါဋ္ဌိတော် အာမဂန္ဓသုတ်၌ ရဟ န္တာ များသည် ကိလေသာ အပုပ်နံ မရှိတော့ချေ ။ထို့ကြောင့် သေသော အခါ၌လည်း မပုပ်မသိုး မနံ စေတော့ ချေဟု ပါရှိလေ၏။

ဤကဲ့သို့ စာတ တ်ပေတတ် များက စွန်းလွန်းဂူကျောင်း၌ တရား အားထုတ်သော အခါ၌လည်း ရဟန္တာများ ပရိ နိဗ္ဗာန် စံဝင်လျှင် အဓိဌာန်လျှင် မပုပ်မသိုးကြော င်း လျှောက်ထား ကြလေသည်။

ထို့ကြောင့် စွန်းလွန်းဆရာတော် ဘုရားကြီးသည် – မိမိအား ပြစ်တင်ကဲ့ရဲ့ ပုတ်ခတ် ပြောဆို မှားခဲ့သူ များအား ထောက်ထား၍ လည်းကောင်း၊ တရားတော်၏ တန်ခိုးသတ္တိ အာနုဘော် ကိုလည်း သိစေလို၍လဲ ကောင်း ၊

ပဋိပတ္တိ သာသနာပြုရာ ၌သက်သေ အရာလည်း ဖြစ်သောကြောင့် လည်းကောင်း၊နေ့ စဉ် တရားအားထုတ် ချိန်တွင် ဂူဝင်၍ ညနေ သုံးနာရီမှ လေးနာရီ အထိ အဓိဋ္ဌာန် ပြုတော်မူခဲ့ လေ ၏။

ထို့ကြောင့် စွန်းလွန်း ဆရာတော် ဘုရားကြီး ပရိနိဗ္ဗာန် စံဝင်ပြီးနောက် မပုပ်မသိုး အနံ့မဆိုးသဖြင့် ပကတိအတိုင်း ထားခဲ့ရာ ယခုတိုင်အောင် ထင်ရှားသော သက်သေ သာဓကတစ်ခု ဖြစ်ပါ ပေ၏။

မြင်းခြံမြို့ စွန်းလွန်းဂူ ကျောင်း သံသရာအေး စေတီတော် အတွင်း၌ ရွှေပြဿဒ် မှန်ခေါ င်း သွင်းထားသည်ကို ယခုတိုင်ဖူးမြော် ကန်တော့ ကြည်ညို နိုင်ကြပေ၏။

မဂ် ဉာဏ် ဖိုလ် ဉာဏ် ရ နိုင် ကြ ပါ စေ ။ အခုလိုဝင် ရောက်ဖတ်ရူ့ ပေး ကြတဲ့ ပရိတ်သတ် တစ်ယောက် ခြင်းစီတိုင်းဟာလည်း ကျန်းမာ ပျော်ရွှင်သော နေ့ရက်များကိုပိုင် ဆိုင် နိုင်ကြ ပါစေလို့ ဆုတောင်း ပေးလိုက် ပါတ ယ်။

Unicode

ကျေးဇူးရှင် စွန်းလွန်းဂူ ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်ဟာ ဘာကြောင့် မပုပ်သလဲညောင်လွန့် ဆရာတော် ဘုရားကြီး ပျံလွန်တော် မူ သောအခါ တပည့်ကြီးများက ရဟန္တာ ဆိုပြီး ပုပ်လိုက်တာ လွန်ရောဘဲ ဟုကဲ့ရဲ့ ပြောဆိုကြသဖြင့် စွန်းလွန်း ဆရာတော် ဘုရားက ” မပုပ်ပါ ဘူးခန္ဓာကိုယ် ပုပ်သော်လည်း ကိလေသာ အပုပ် တရား ဆရာတော်ကြီး၌ မရှိပါဘူး၊ဆရာတော်ကြီး ရှိစဉ်က အကုသိုလ် အပုပ် တရားတွေ ဘာလုပ် သွားသလဲ၊ တရားအတိုင်း အားထုတ် ဆုံးမတော်မူခဲ့သည် မဟုတ်ပါလား  ဖြေဆိုခဲ့သည်။

ထိုအခါ စာပေ ကျမ်းဂန်၌ ရှာဖွေ ကြည့်ရှု ကြရာသုတ္တနိပါတ် ပါဋ္ဌိတော် အာမဂန္ဓသုတ်၌ ရဟ န္တာ များသည် ကိလေသာ အပုပ်နံ မရှိတော့ချေ ။ ထို့ကြောင့် သေသော အခါ၌လည်း မပုပ်မသိုး မနံ စေတော့ ချေဟု ပါရှိလေ၏။

ဤကဲ့သို့ စာတ တ်ပေတတ် များက စွန်းလွန်းဂူကျောင်း၌ တရား အားထုတ်သော အခါ၌လည်း ရဟန္တာများ ပရိ နိဗ္ဗာန် စံဝင်လျှင် အဓိဌာန်လျှင် မပုပ်မသိုးကြော င်း လျှောက်ထား ကြလေသည်။

ထို့ကြောင့် စွန်းလွန်းဆရာတော် ဘုရားကြီးသည် – မိမိအား ပြစ်တင်ကဲ့ရဲ့ ပုတ်ခတ် ပြောဆို မှားခဲ့သူ များအား ထောက်ထား၍ လည်းကောင်း၊ တရားတော်၏ တန်ခိုးသတ္တိ အာနုဘော် ကိုလည်း သိစေလို၍လဲ ကောင်း ၊

ပဋိပတ္တိ သာသနာပြုရာ ၌သက်သေ အရာလည်း ဖြစ်သောကြောင့် လည်းကောင်း၊နေ့ စဉ် တရားအားထုတ် ချိန်တွင် ဂူဝင်၍ ညနေ သုံးနာရီမှ လေးနာရီ အထိ အဓိဋ္ဌာန် ပြုတော်မူခဲ့ လေ ၏။

ထို့ကြောင့် စွန်းလွန်း ဆရာတော် ဘုရားကြီး ပရိနိဗ္ဗာန် စံဝင်ပြီးနောက် မပုပ်မသိုး အနံ့မဆိုးသဖြင့် ပကတိအတိုင်း ထားခဲ့ရာ ယခုတိုင်အောင် ထင်ရှားသော သက်သေ သာဓကတစ်ခု ဖြစ်ပါ ပေ၏။

မြင်းခြံမြို့ စွန်းလွန်းဂူ ကျောင်း သံသရာအေး စေတီတော် အတွင်း၌ ရွှေပြဿဒ် မှန်ခေါ င်း သွင်းထားသည်ကို ယခုတိုင်ဖူးမြော် ကန်တော့ ကြည်ညို နိုင်ကြပေ၏။

မဂ် ဉာဏ် ဖိုလ် ဉာဏ် ရ နိုင် ကြ ပါ စေ ။ အခုလိုဝင် ရောက်ဖတ်ရူ့ ပေး ကြတဲ့ ပရိတ်သတ် တစ်ယောက် ခြင်းစီတိုင်းဟာလည်း ကျန်းမာ ပျော်ရွှင်သော နေ့ရက်များကိုပိုင် ဆိုင် နိုင်ကြ ပါစေလို့ ဆုတောင်း ပေးလိုက် ပါတ ယ်။

Credit Nyein Naing