Knowledge

ပိုက်ဆံပြတ်နေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင် နေနိုင်စေမယ့် နည်းလမ်း (၆) သွယ်

ပိုက်ဆံ ပြတ်သွားတဲ့ အခိုက်အတန့် ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ တစ်ချို့က လစာနည်းတော့ သုံးရတာမလောက်တာတွေရှိသလို လစာများတဲ့သူတွေမှာလည်း

အကြောင်းအမျိုးမျိုးကြောင့် လက်ထဲမှာ ပိုက်ဆံ ပြတ်သွားတဲ့ အခိုက်အတန့်တွေကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ပိုက်ဆံ မရှိတော့တာကြောင့် ဘဝကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေဖို့ မလိုသလို

ကံကြမ္မာကိုလည်း အပြစ်တင်နေဖို့ မလိုပါဘူး။ လက်ထဲမှာ ပိုက်ဆံ ပြတ်နေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်စေဖို့ ခေါင်းထဲထည့်ထားရမယ့် အချက်လေးတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ သင်ပိုင်ဆိုင်ထားတာတွေအတွက် ကျေနပ်နိုင်ပါစေ

သင့်မှာ ပိုက်ဆံ မရှိတော့ဘူးဆိုတာသာ ခေါင်းထဲမှာ ရှိနေပေမယ့် သင့်မှာနေစရာရှိသေးတယ် ၊ ဝတ်စရာတွေရှိသေးတယ် ၊ သူငယ်ချင်းတွေရှိသေးတယ် ၊

မိသားစုတွေရှိသေးတယ် စသဖြင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တွေးလိုက်တာနဲ့ ပိုက်ဆံ ပြတ်နေတာကို ခံစားနေစရာ မလိုတော့ပါဘူး။

၂။ ကုန်ကျငွေတွေအတွက် စိတ်ဖိစီးမခံပါနဲ့ ၊

အဲဒါတွေက တစ်သက်လုံး ရင်ဆိုင်နေရဦးမှာပါကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တဲ့အခါ ၊ အုပ်ထိန်းသူတွေနဲ့ အတူမနေဖြစ်တော့တဲ့အခါမျိုးမှာ

ဘေလ် ဆောင်ရတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်မီးသုံးစွဲခ ၊ ရေသုံးစွဲခ ၊ အမှိုက်သိမ်းဆည်းခ အစရှိတဲ့ ကုန်ကျငွေတွေဟာ ပိုက်ဆံ ပြတ်နေတဲ့အချိန် အပြစ်လွှဲချစရာ တွေမဟုတ်ပါဘူး။

၃။ ဒါဟာ ခဏပဲ လို့ အမြဲတွေးပါ

သင်အခုလက်ထဲမှာ ပိုက်ဆံ ပြတ်နေပေမယ့် နောက် ၅ နှစ်မှာ ကမ္ဘာကျော် ဘီလျံနာ တစ်ယောက် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ဘဝဆိုတာ ပုံသေပြောလို့မရပါဘူး။ ဒီနေ့ဆင်းရဲနေလည်း မနက်ဖြန် ချမ်းသာလာနိုင်ပါတယ်။ လက်ရှိ ပိုက်ဆံ ပြတ်နေတာလေးလောက်နဲ့ စိတ်ညစ်မခံပါနဲ့။

၄။ လွပေသသပ္စြာ ၀တ္ဆင္ပါ

ပိုက်ဆံ မရှိတော့တဲ့နောက် အဝတ်အစား အသစ်တွေ ဝယ်မဝတ်ဖြစ်တော့သလို ရှိတဲ့ အဝတ်အစားကောင်းတွေကို လည်း ထုတ်ဝတ်ချင်စိတ် မရှိတော့လောက် အောင်

စိတ်ညစ်တာမျိုးတွေက လူတိုင်းမှာ ရှိတတ်ပါတယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလိုပဲ ပိုက်ဆံ မရှိလည်း အဝတ်အစားတွေ ရှိနေပါသေးတယ်။

အကောင်းဆုံး ဝတ်စားနေထိုင်ခြင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာစေတဲ့အတွက် ပိုက်ဆံ ပြတ်သွားတဲ့ ပြဿနာ ကို ဖြေရှင်းမယ့်နည်းလမ်းတွေ အလွယ်တကူ တွေ့လာနိုင်ပါတယ်။

၅။ ပျော်ပျေ်ာနေပါ

သူငယ်ချင်းတွေနဲ့ အခမဲ့နေရာတွေကို လျှောက်သွားလိုက်ပါ။ သူငယ်ချင်းတွေနဲ့ လျှောက်သွားတဲ့အခါမှာ အခမဲ့နေရာတွေကို သွားလို့ ဘယ်သူမှ မရှက်ကြပါဘူး။ အားလုံးက ပျော်ချင်တဲ့စိတ်ပဲ ရှိကြမှာပါ။

အဲဒါကြောင့် ဝင်ကြေးမပေးရတဲ့ ပန်းခြံတွေ ၊ ပြတိုက်တွေ ၊ လမ်းပေါ်က ဖျော်ဖြေပွဲ တွေကို လျှောက်သွားပါ။ တစ်ဖြည်းဖြည်း နဲ့ စိတ်ဖိစီးမှုတွေ ပျောက်သွားပါလိမ့်မယ်။

၆။ သင်ဟာ တစ်ခြား အရာတွေ ကြွယ်ဝချမ်းသာနေသေးတာကို မမေ့ပါနဲ့

ပိုက်ဆံဟာ အရာရာကို မဖန်တီးနိုင်ပါဘူး။ ပိုက်ဆဆိုတာဟာ ဈေးနှုန်းသတ်မှတ်ချက်တွေအတွက် ဖြစ်ပေါ်လာတာဖြစ်ပေမယ့် တန်ဖိုးချင်းယှဉ်မယ်ဆိုရင် သင်ကြွယ်ဝချမ်းသာတဲ့ အရာတွေက

ပိုက်ဆံ ထက် ပိုတန်ဖိုးရှိပါတယ်။ သင်ဟာ ချစ်ခြင်းမေတ္တာတွေ ကြွယ်ဝချမ်းသာပါတယ် ၊ သင်ဟာ အကောင်းမြင်စိတ်တွေ ကြွယ်ဝချမ်းသာပါတယ် ၊ သင်ဟာ ဗဟုသုတ တွေ ကြွယ်ဝချမ်းသာပါတယ်။

အဲဒီချမ်းသာမှုတွေကို အသုံးချပြီး သင့်ရဲ့ အိပ်မက်တွေဆီကို ရှေ့ဆက်ပါ။ သင့်ဘ၀ အဆင်ပြေလာတဲ့အခါမှာ ပိုက်ဆံ ဆိုတာဟာ ပူပန်စရာတစ်ခု ဖြစ်လာမှာ မဟုတ်တော့ပါဘူး။

Credit

Unicode

ပိုက်ဆံ ပြတ်သွားတဲ့ အခိုက်အတန့် ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ တစ်ချို့က လစာနည်းတော့ သုံးရတာမလောက်တာတွေရှိသလို လစာများတဲ့သူတွေမှာလည်းအကြောင်းအမျိုးမျိုးကြောင့် လက်ထဲမှာ ပိုက်ဆံ ပြတ်သွားတဲ့ အခိုက်အတန့်တွေကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ပိုက်ဆံ မရှိတော့တာကြောင့် ဘဝကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေဖို့ မလိုသလို

ကံကြမ္မာကိုလည်း အပြစ်တင်နေဖို့ မလိုပါဘူး။ လက်ထဲမှာ ပိုက်ဆံ ပြတ်နေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်စေဖို့ ခေါင်းထဲထည့်ထားရမယ့် အချက်လေးတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ သင်ပိုင်ဆိုင်ထားတာတွေအတွက် ကျေနပ်နိုင်ပါစေ

သင့်မှာ ပိုက်ဆံ မရှိတော့ဘူးဆိုတာသာ ခေါင်းထဲမှာ ရှိနေပေမယ့် သင့်မှာနေစရာရှိသေးတယ် ၊ ဝတ်စရာတွေရှိသေးတယ် ၊ သူငယ်ချင်းတွေရှိသေးတယ် ၊

မိသားစုတွေရှိသေးတယ် စသဖြင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တွေးလိုက်တာနဲ့ ပိုက်ဆံ ပြတ်နေတာကို ခံစားနေစရာ မလိုတော့ပါဘူး။

၂။ ကုန်ကျငွေတွေအတွက် စိတ်ဖိစီးမခံပါနဲ့ ၊

အဲဒါတွေက တစ်သက်လုံး ရင်ဆိုင်နေရဦးမှာပါကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တဲ့အခါ ၊ အုပ်ထိန်းသူတွေနဲ့ အတူမနေဖြစ်တော့တဲ့အခါမျိုးမှာ

ဘေလ် ဆောင်ရတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်မီးသုံးစွဲခ ၊ ရေသုံးစွဲခ ၊ အမှိုက်သိမ်းဆည်းခ အစရှိတဲ့ ကုန်ကျငွေတွေဟာ ပိုက်ဆံ ပြတ်နေတဲ့အချိန် အပြစ်လွှဲချစရာ တွေမဟုတ်ပါဘူး။

၃။ ဒါဟာ ခဏပဲ လို့ အမြဲတွေးပါ

သင်အခုလက်ထဲမှာ ပိုက်ဆံ ပြတ်နေပေမယ့် နောက် ၅ နှစ်မှာ ကမ္ဘာကျော် ဘီလျံနာ တစ်ယောက် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ဘဝဆိုတာ ပုံသေပြောလို့မရပါဘူး။ ဒီနေ့ဆင်းရဲနေလည်း မနက်ဖြန် ချမ်းသာလာနိုင်ပါတယ်။ လက်ရှိ ပိုက်ဆံ ပြတ်နေတာလေးလောက်နဲ့ စိတ်ညစ်မခံပါနဲ့။၄။ လွပေသသပ္စြာ ၀တ္ဆင္ပါ

ပိုက်ဆံ မရှိတော့တဲ့နောက် အဝတ်အစား အသစ်တွေ ဝယ်မဝတ်ဖြစ်တော့သလို ရှိတဲ့ အဝတ်အစားကောင်းတွေကို လည်း ထုတ်ဝတ်ချင်စိတ် မရှိတော့လောက် အောင်

စိတ်ညစ်တာမျိုးတွေက လူတိုင်းမှာ ရှိတတ်ပါတယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလိုပဲ ပိုက်ဆံ မရှိလည်း အဝတ်အစားတွေ ရှိနေပါသေးတယ်။

အကောင်းဆုံး ဝတ်စားနေထိုင်ခြင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာစေတဲ့အတွက် ပိုက်ဆံ ပြတ်သွားတဲ့ ပြဿနာ ကို ဖြေရှင်းမယ့်နည်းလမ်းတွေ အလွယ်တကူ တွေ့လာနိုင်ပါတယ်။

၅။ ပျော်ပျေ်ာနေပါ

သူငယ်ချင်းတွေနဲ့ အခမဲ့နေရာတွေကို လျှောက်သွားလိုက်ပါ။ သူငယ်ချင်းတွေနဲ့ လျှောက်သွားတဲ့အခါမှာ အခမဲ့နေရာတွေကို သွားလို့ ဘယ်သူမှ မရှက်ကြပါဘူး။ အားလုံးက ပျော်ချင်တဲ့စိတ်ပဲ ရှိကြမှာပါ။

အဲဒါကြောင့် ဝင်ကြေးမပေးရတဲ့ ပန်းခြံတွေ ၊ ပြတိုက်တွေ ၊ လမ်းပေါ်က ဖျော်ဖြေပွဲ တွေကို လျှောက်သွားပါ။ တစ်ဖြည်းဖြည်း နဲ့ စိတ်ဖိစီးမှုတွေ ပျောက်သွားပါလိမ့်မယ်။

၆။ သင်ဟာ တစ်ခြား အရာတွေ ကြွယ်ဝချမ်းသာနေသေးတာကို မမေ့ပါနဲ့ပိုက်ဆံဟာ အရာရာကို မဖန်တီးနိုင်ပါဘူး။ ပိုက်ဆဆိုတာဟာ ဈေးနှုန်းသတ်မှတ်ချက်တွေအတွက် ဖြစ်ပေါ်လာတာဖြစ်ပေမယ့် တန်ဖိုးချင်းယှဉ်မယ်ဆိုရင် သင်ကြွယ်ဝချမ်းသာတဲ့ အရာတွေက