Knowledge

ဖခင်ဖြစ်သူသည် ဇွဲမလျှော့ပဲ ရှာဖွေခဲ့မှုတို့ကြောင့် ၁၂နှစ်လုံးလုံး ဝေးကွာခဲ့ရသော သားသမီးတွေနဲ့ အဆက်အသွယ်ပြန်ရချိန် ရင်ကွဲမတတ်ခံစားပြီး

မိဘတွေအကြောင်းအမျိုးမျိုးကြောင့် သားသမီးတွေနဲ့ ဝေးကွာရသည့်အခါ မည်သူမဆို အချိန်မရွေးပြန်ဆုံတွေ့စေလိုသည့် ဆန္ဒရှိကြသည်။သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံက ဖခင်တစ်ဦးသည် ဇနီးသည်နဲ့ကွာရှင်းအပြီးမှာ သူ့ရဲ့ကလေးသုံးယောက်နဲ့လည်း အဆက်အသွယ်ပြတ်ပြီး ခွဲခွာခဲ့ရသည်။


ဇနီးဖြစ်သူသည် ကွာရှင်းပြီးတာနဲ့ သူမသိအောင် ကလေးသုံးယောက်ကိုတိတ်တဆိတ်ခေါ်သွားပြီး အဆက်အသွယ်လည်းဖြတ်ခဲ့၍ ၁၂နှစ်လုံးလုံး သားသမီးတွေဘယ်အရွယ် ဘယ်ပုံစံရောက်နေပြီဆိုတာ ဖခင်ခမျာမသိခဲ့ရပေ။


နောက်ဆုံးမှာတော့ ဖခင်ဖြစ်သူသည် ဇွဲမလျှော့ပဲ ရှာဖွေခဲ့မှုတို့ကြောင့် ၁၂နှစ်အကြာဝေးကွာခဲ့ရသော သားသမီး သုံးယောက်လုံးနဲ့ဖုန်းပြောရင်း အဆက်အသွယ်ပြန်ရချိန် ဝမ်းသာလွန်းလို့ မျက်ရည်များဖြေမဆည်နိုင်အောင် ကျနေခဲ့သည်။


Nge (Cele Daily)

Zawgyi

ဖခင်ဖြစ်သူသည် ဇွဲမလျှော့ပဲ ရှာဖွေခဲ့မှုတို့ကြောင့် ၁၂နှစ်လုံးလုံး ဝေးကွာခဲ့ရသော သားသမီးတွေနဲ့ အဆက်အသွယ်ပြန်ရချိန် ရင်ကွဲမတတ်ခံစားပြီး ငိုနေရှာသော ဖခင်တစ်ဦး








Nge (Cele Daily)

Crd