အသင်းပြောင်းရွေ့ဖို့ စိတ်ပြင်းပြနေတဲ့ ချဲလ်ဆီး ကြယ်ပွင့် မေဆင်မောင့် ကို ယူနိုက်တက် ခေါ်ယူသင့်လား?
မန်ချက်စတာယူနိုက်တက်နှင့်လီဗာပူးတို့ရဲ့ပစ်မှတ်မေဆင်မောင့်ဟာလာမယ့်နွေရာသီတွင်ချဲလ်ဆီးမှထွက်ခွာရေးအတွက်စတင်လုပ်ဆောင်နေပြီဖြစ်နေပြီဖြစ်ပါတယ်။
အသက်၂၄နှစ်ရှိအင်္ဂလန်လက်ရွေးစင်အလယ်တန်းကစား သမားဟာ၂၀၂၄ခုနှစ်၊ဇွန်လတွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ် းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုများပြုလုပ်နေပါတယ်။
မေဆင်မောင့်ဟာလက်ရှိအချိန်တွင်ချဲလ်ဆီးမှာတစ်ပတ်လုပ်ခပေါင်၈၀၀၀၀ဝန်းကျင်ရရှိနေသူဖြစ်ပြီး ချဲလ်ဆီးကကမ်းလှမ်းထားတဲ့စာချုပ်သစ်အရလုပ်ခများစွာတိုးမြှင့်ရရှိလာပါမယ်။
ဒါပေမဲ့ Daily Mail ရဲ့ဖော်ပြလာမှုအရမေဆင်မောင့်ဟာအေးဂျင့်သစ်ခန့်အပ်လာမှုနှင့်အတူအသင်းပြောင်းရွှေ့ရေးလုပ်ဆောင်လာဖို့ရှိနေကြောင်းသိရပါတယ်။
မေဆင်မောင့်ဟာ Wasserman Media Group တွင်အလုပ်လုပ်ခဲ့ဖူးတဲ့ နေးလ်ဖီဝင်းကိုအေးဂျင့်အဖြစ်ခန့်အပ်လိုက်တာလည်းဖြ့စ်ပါတယ်။
ချဲလ်ဆီးဟာလာမယ့်နွေရာသီအတွင်းတွင်မေဆင်မောင့်ကိုစာချုပ်သစ်ချုပ်ဆိုရေးအပြီးသတ်လုပ်ဆောင်သွားမှာဖြစ်ပြီးမဖြစ်မြောက်လာပါကအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်လာမှာမဟုတ်ဘဲရောင်းချသွားပါမယ်။
ယခင်တုန်းကမေဆင်မောင့်ရဲ့အေးဂျင့်အဖြစ်ဖခင်ဖြစ်သူ တိုနီကလုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်တွင်မေဆင်မောင့်ရဲ့အပြောင်းအရွှေ့ဈေးကွက်တန်ဖိုးကပေါင်သန်း၅၀ဝန်းကျင့်ရှိပါတယ်။
Credit
Zawgyi
အသင္းေျပာင္းေရြ႕ဖို႔ စိတ္ျပင္းျပေနတဲ့ ခ်ဲလ္ဆီး ၾကယ္ပြင့္ ေမဆင္ေမာင့္ ကို ယူနိုက္တက္ ေခၚယူသင့္လား?
မန္ခ်က္စတာယူနိုက္တက္ႏွင့္လီဗာပူးတို႔ရဲ့ပစ္မွတ္ေမဆင္ေမာင့္ဟာလာမယ့္ေႏြရာသီတြင္ခ်ဲလ္ဆီးမွထြက္ခြာေရးအတြက္စတင္လုပ္ေဆာင္ေနၿပီျဖစ္ေနၿပီျဖစ္ပါတယ္။
အသက္၂၄ႏွစ္ရွိအဂၤလန္လက္ေရြးစင္အလယ္တန္းကစား သမားဟာ၂၀၂၄ခုႏွစ္၊ဇြန္လတြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္ းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈမ်ားျပဳလုပ္ေနပါတယ္။
ေမဆင္ေမာင့္ဟာလက္ရွိအခ်ိန္တြင္ခ်ဲလ္ဆီးမွာတစ္ပတ္လုပ္ခေပါင္၈၀၀၀၀ဝန္းက်င္ရရွိေနသူျဖစ္ၿပီး ခ်ဲလ္ဆီးကကမ္းလွမ္းထားတဲ့စာခ်ဳပ္သစ္အရလုပ္ခမ်ားစြာတိုးျမႇင့္ရရွိလာပါမယ္။
ဒါေပမဲ့ Daily Mail ရဲ့ေဖာ္ျပလာမႈအရေမဆင္ေမာင့္ဟာေအးဂ်င့္သစ္ခန႔္အပ္လာမႈႏွင့္အတူအသင္းေျပာင္းေရႊ႕ေရးလုပ္ေဆာင္လာဖို႔ရွိေနေၾကာင္းသိရပါတယ္။
ေမဆင္ေမာင့္ဟာ Wasserman Media Group တြင္အလုပ္လုပ္ခဲ့ဖူးတဲ့ ေနးလ္ဖီဝင္းကိုေအးဂ်င့္အျဖစ္ခန႔္အပ္လိုက္တာလည္းျဖ့စ္ပါတယ္။
ခ်ဲလ္ဆီးဟာလာမယ့္ေႏြရာသီအတြင္းတြင္ေမဆင္ေမာင့္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအၿပီးသတ္လုပ္ေဆာင္သြားမွာျဖစ္ၿပီးမျဖစ္ေျမာက္လာပါကအလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္လက္လႊတ္လာမွာမဟုတ္ဘဲေရာင္းခ်သြားပါမယ္။
ယခင္တုန္းကေမဆင္ေမာင့္ရဲ့ေအးဂ်င့္အျဖစ္ဖခင္ျဖစ္သူ တိုနီကလုပ္ေဆာင္လာခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္တြင္ေမဆင္ေမာင့္ရဲ့အေျပာင္းအေရႊ႕ေဈးကြက္တန္ဖိုးကေပါင္သန္း၅၀ဝန္းက်င့္ရွိပါတယ္။
Credit