Knowledge

ခြေထောက်တစ်ဖက်တည်းနဲ့ ဖိနပ်မပါပဲ တစ်ကီလိုမီတာအကွာအဝေးမှာရှိသော ကျောင်းသို့

ခက်ခဲသောအခြေအနေမျိုးမှာပင် အရှုံးမပေးပဲကြိုးစားလိုသောစိတ်ဓာတ်သည် အတုယူဖွယ်ကောင်းသလို အောင်မြင်အောင်လုပ်ဆောင်နိုင်ခြင်းကလည်း ဂုဏ်ယူစရာကောင်းသည်။သို့ဖြစ်၍ အိန္ဒိယနိုင်ငံမှ အသက်၁၀နှစ်အရွယ် ကလေးမလေးတစ်ဦးသည် သူမရဲ့အသက်နှစ်နှစ်သမီးအရွယ်မှာ ယာဥ်မတော်တဆဖြစ်ပြီး ဘယ်ဖက်ခြေထောက်တစ်ဖက်ကို ဆုံးရှူံးခဲ့ရသည်။


ကလေးမလေးသည် သူ့မှာလမ်းလျှောက်ဖို့ရာအတွက် ခြေတစ်ဖက်တည်းသာရှိတော့၍ ခက်ခဲခဲ့သော်လည်း အရှုံးမပေးပဲ သူမရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရန်ကြိုးစားနေဆဲဖြစ်သည်။



ကလေးမလေးသည် အနာဂတ်မှာကျောင်းဆရာမကောင်းတစ်ယောက်ဖြစ်လို၍ အိမ်နဲ့ကျောင်းက တစ်ကီလိုမီတာကျော်ကွာဝေးသော်လည်း ခြေတစ်ဖက်တည်းနဲ့ ဖိနပ်ပင်မပါပဲ လမ်းလျှောက်သွားကာ စာကိုကြိုးစားလေ့လာသင်ယူခဲ့သည်။

Nge (Cele Daily)

Zawgyi



ခြေထောက်တစ်ဖက်တည်းနဲ့ ဖိနပ်မပါပဲ တစ်ကီလိုမီတာအကွာအဝေးမှာရှိသော ကျောင်းသို့လမ်းလျှောက်သွားနေသည့် အသက်၁၀နှစ်အရွယ် ကလေးမလေး






Nge (Cele Daily)

Crd