Knowledge

လက်ရှိဘေးကချစ်သူလောက် ဘယ်သူကမှ သင့်ကို ချစ်ပေးနိုင်မှာမဟုတ်ပါဘူး

ဒီဘက်ခေတ်မှာ ရည်းစားသက်တမ်း ၂.နှစ်ကျော် မြဲဖို့ကမလွယ်ပါဘူး။၅.နှစ် အထက် အတူဖြတ်သန်းသွားဖို့ဆိုတာ ပိုလို့တောင် မလွယ်ကူတဲ့ကိစ္စပါ။

သံယောဇဉ်တွေနဲ့ချည်နှောင်ထားလည်း အလကားပါပဲမိဘအသိုင်းအဝိုင်းနဲ့ Peace ဖြစ်ထားလည်း အပိုပါပဲဘုရားစူးမိုးကြိုးပစ် ကျိန်ထားလည်း

သစ္စာမဲ့တာပါပဲPublic အထိ ချပြထားခဲ့လည်း ဝေးရတာပါပဲနှစ်တွေမနည်းဘူး အတူရှိခဲ့ကြလည်း ပြတ်တာပါပဲ။ညလုံးပေါက် ဖုန်းတွေပြောခဲ့ Chat ခဲ့ကြတယ်ဘယ်နေရာသွားသွာ

း သော့ချိတ်လို ကပ်ပါခဲ့ကြတယ်ကိုကိုတွေ အသဲတစ်ခြမ်းတွေ ချစ်စနိုးနဲ့ခေါ်ခဲ့ကြတယ်ဖုန်း Screen မှာ Couple ပုံတင်ထားခဲ့ကြတယ်ဘဝအတွက် Plan တွေ အတူချမှတ်ခဲ့ကြတယ်။ရေစက်ကုန်တော့လည်း လက်ပြနှုတ်ဆက်ကြတာပါပဲ။

လူတွေက အပြောင်းအလဲတွေ မြန်လာကြတယ်ကတိကို ထမင်းစားရေသောက် လွယ်လွယ်ပေးလာကြတယ်အချိန်မရွေး ဖေါက်ပြန်ဖို့ စဉ်းစားတတ်လာကြတယ်။

ရည်းစားရှိတဲ့သူကိုမှ အသေအလဲလိုက်ဆွဲချင်ကြတယ်သူများအတွဲပြတ်မှ စားဝင်အိပ်ပျော်လာတတ်ကြတယ်ပွဲလန့်တုန်းဖျာဝင်ခင်း အချောင်ဝင်နှိုက်မြည်းချင်လာကြတယ်။

ချစ်သူရှိရက်နဲ့ နောက်ထပ်အသစ်ထပ်ထားချင်ကြတယ်နှလုံးသား Storage က 32.GB အထိဆံ့လာကြတယ်ေ ဖါက်ပြန်ချင်တာနဲ့ပဲ အသံတိတ် နှိပ်စက်လာကြတယ်။

တစ်ချို့ဆို Anni တောင် မလုပ်လိုက်ရဘူး ပြဿနာတွေတက် တာ့တာ bye bye လုပ်ရပြီ။တစ်ချို့ကျပြန်တော့ လပိုင်းလောက်ပဲ ကြာလိုက်တာမခေါ်မပြောတွေဖြစ်ပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ရပြီ။

စ်ချို့တွေက ရက်သတ္တပတ်ပဲ တွဲရသေးရွေးချယ်မှုမှားမှန်းသိပြီး မသိမသာလေး ပြတ်သွားကြရော။တစ်ကယ်ဆို ချစ်သူရည်းစားတွေဖြစ်လာတာကတစ်ယောက်ကိုတစ်ယောက် ချစ်လို့ပဲ မဟုတ်လား?

ဘာ့ကြောင့် ရန်ဖြစ်စကားများတိုင်း လမ်းခွဲချင်နေရတာလဲ? မာနတွေ အပြိုင်အဆိုင်ထား အနိုင်ယူချင်နေရတာလဲ? Lotteria က ကြက်ကြော်ကို မေ့ပြီး လမ်းဘေးက ဘယာကြော်ကို စိတ်ရောက်နေရတာလဲ?

နှစ်ပေါင်းမနည်းဘူး အခက်အခဲပေါင်းစုံ ကျော်လွှား ဖြတ်သန်းလာခဲ့တဲ့ အချစ်ရေးတစ်ခု မိနစ်ပိုင်းလောက် အသေးအဖွဲ့ Case လေးကြောင့် အပျက်ပျက်နဲ့နှာခေါင်းသွေးထွက် အဆုံးရှုံးမခံလိုက်ပါနဲ့။

လက်ရှိဘေးကချစ်သူလောက် ဘယ်သူကမှ ဒီကမ္ဘာမှာ သင့်ကို ချစ်ပေးနိုင်မှာမဟုတ်သလို သင့်ရဲ့စိတ်ကိုလည်း Scan ဖတ်ပေးနိုင်မှာမဟုတ်ဘူးလေ။

Crd Venus