နွေနေပူလာပြီဆိုတော့….
တစ်နေ့တစ်မျိုးမရိုးရအောင်….
အချဉ်ပါတဲ့ဟင်းလေးတွေ…..
စဉ်းစားပြီးချက်ရတာ…..အိမ်ရှင်မတွေအလုပ်ပါ…..
ဒီနေ့တော့…..အချဉ်လေးလဲပါ..ချဉ်ငံစပ်ခံတွင်းမြိန်စေမယ့်
ငါးဖယ်လုံးကင်ပွန်းချဉ်ငပိချက်လေး….ချက်စားကြမယ်
နော်
ငါးဖယ်တစ်ဆယ်သားကို ဆား အရသာမှုန့် ဆနွင်းထည့်ပြီး
စေးနေအောင်ထောင်းပြီး လက်မလုံးလောက်အလုံးလေးတွေလုံး
ထားပါမယ်။
ကင်ပွန်းချဉ် ငါးစည်းကိုအရွက်ခြွေရေဆေးပြီးစစ်ထား
ငရုတ်သီးစိမ်း ၂၀၀ ဖိုး ကိုရေဆေးပြီးညှပ်ထား
ကြက်သွန်ဖြူ ၂လုံး၊အနီ ၃လုံး ၊ဂျင်းလက်တစ်ဆစ်
ထောင်းထားပြီးဆီသတ်ပါမယ်။
ကြက်သွန်ဆီသတ်တာမွှေးလာပြီဆိုရင်
ငရုတ်သီးခွဲခမ်း ဟင်းစားဇွန်း ၂ဇွန်းမောက်မောက်ထည့်ပြီး
ငရုတ်သီးစိမ်းလှီးထားတာတွေပါထည့်ပါ။
မျှင်ငပိဟင်းစားဇွန်းတစ်ဇွန်းထည့်ပြီးမွှေ
ငါးဖယ်လုံးတွေထည့်
နောက်ဆုံးမှကင်ပွန်းချဉ်ရွက်တွေအုပ်လိုက်ပါ။ အရသာလေးကတော့လိုသလို ဆား ငံပြာရည် အရသာမှုန့်
လေးတွေထပ်ထည့်လိုက်နော်…….
ချဉ်ငံစပ် ဟင်းလေးတစ်ပွဲဖစ်တဲ့အပြင်
အရွက်ရောငါးအသားပါပါတဲ့အတွက်
တစ်ပွဲထဲနဲ့စားလို့မြိန်တဲ့ဟင်းလေးပါပဲရှင်…..
ဝါသနာတူအိမ်ရှင်မတွေအတွက်…….Mar Lay
Credit Mar Lay
နှနေပေူလာပွီဆိုတော့….
Credit Mar Lay