အစဥ်လာအရ ယူနိုင်တက်အသင်း ကို ယူရိုပါလိဂ်ကနေ ဖြုတ်ချမယ်လို့ ကြုံးဝါးလိုက်တဲ့ ဆီဗီလာအသင်းဒုဥက္ကဋ္ဌဖြစ်သူ ဒယ်လ်နီဒိုကာရက်စ်ကို
ဆီဗီလာအသင်းဒုဥက္ကဋ္ဌဖြစ်သူ ဒယ်လ်နီဒိုကာရက်စ်ကိုက မန်ချက်စတာယူနိုက်တက်အသင်းကို(၃)ကြိမ်စလုံး အနိုင်ယူခဲ့တာကြောင့် လာမယ့်ပွဲမှာအနိုင်ရအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သိထားတယ်လို့ ကြွေးကြော်လိုက်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ (၆)ကြိမ်အထိဗိုလ်စွဲပြီး အောင်မြင်မှုအများဆုံးအသင်းအဖြစ်ရပ်တည်နေတဲ့ ဆီဗီလာဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပရီးမီး
ယားလိဂ်ထိပ်သီး ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာဥရောပပြိုင်ပွဲတွေမှာ ဆီဗီလာနဲ့ (၃)ကြိမ်ဆုံတွေ့ခဲ့ပြီး (၁)ပွဲမှ မနိုင်ခဲ့ပါဘူး။
နာမည်ကျော်နည်းပြဟောင်းမော်ရင်ဟိုလက်ထက် ၂၀၁၇ -၁၈ ရာသီချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက ဆီဗီလာကို အဝေးကွင်းမှာ ဂိုးမရှိသရေ၊ အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့ရှုံးပြီး ၂၀၁၉-၂၀ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမှာလည်း (၂-၁)ဂိုးနဲ့ ထပ်ရှုံးခဲ့ပါတယ်။
အဲဒါကြောင့် ကာရက်စ်ကိုက“ယူနိုက်တက်နဲ့ မဆုံတွေ့ချင်ပေမယ့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲချင်တယ်ဆိုရင်တော့ဘယ်လိုအသင်းကိုမဆို အနိုင်ယူမှဖြစ်မှာပါ။ ကျွန်တော်တို့ဟာ ဒီရာသီယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ မပါဝင်ဘဲယူနိုက်တက်အသင်းက ကျွန်တော်တို့ထက် ဘတ်ဂျက် (၃)ဆအထိပိုသုံးထားတဲ့အသင်းဖြစ်ပါတယ်။
ဒါပေမဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာကျွန်တော်တို့ အောင်မြင်မှုမှတ်တမ်း စိုက်ထူထားသလို ယူနိုက်တက်အသင်းကိုလည်း ချန်ပီယံလိဂ်မှာ (၁)ကြိမ်၊ ယူရိုပါလိဂ်မှာ (၁)ကြိမ်ဖြုတ်ချခဲ့ဖူးပါတယ်။
ပထမအကျော့မှာ မရှုံးအောင်ကစားနိုင်ရင်ဒုတိယအကျော့အိမ်ကွင်းပွဲမှာ ရလဒ်ကောင်းရယူပြီးတော့နောက်တစ်ဆင့်တက်နိုင်ဖို့ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Credit