ကိုယ့်ရဲ့ချစ်သူကောင်မလေး အရည်ပျော်သွားစေမယ့် စကားချိုချိုလေးတွေ
တစ်ခါတစ်လေမှာ ချစ်သူတွေအချင်းချင်း သူတို့ရဲ့ အနာဂတ်အစီအစဉ်လေးတွေကို စိတ်ကူးယဉ်ပုံဖော်ရင်း တစ်ယောက်နဲ့ တစ်ယောက်
ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းတာကလည်း ချစ်သူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုခိုင်မြဲစေပါတယ်။
ကိုယ့်ရဲ့ချစ်သူကောင်မလေး အရည်ပျော်သွားစေမယ့် ဒီလို စကားလုံးလေးတွေကိုလည်း တစ်ခါတစ်လေမှာ ပြောပြပေးဖို့
လိုအပ်ပါတယ်နော်ဒီလိုစကားလေးတွေက သင့်တို့နှစ်ယောက်ကို အချစ်တွေ ပိုတိုးလာစေမှာပဲ ဖြစ်ပါတယ်နော် ။
သူမကို ဘယ်လောက်ချစ်တဲ့အကြောင်း
ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကိုယ် ဘယ်လောက်တောင် ချစ်ပါတယ်ဆိုတဲ့အကြောင်းကို ဘယ်မိန်းကလေးမှ
နားမထောင်ချင်မှာ မဟုတ်သလို ကိုယ့်ကိုယ်တန်ဖိုးထားချစ်နေတဲ့
အကြောင်းလေးကြားရင် တကယ်ပျော်မိမှာ အမှန်ပါနော်။
တစ်ခါတစ်လေမှာ သူ့မကို ဘယ်လောက်တောင် ချစ်ရပါတယ် ဆိုတဲ့
အကြောင်းလေးကို သူမသိအောင် ပြောပြဖို့ လိုအပ်ပါတယ်နော်။
ဒီလိုမျိုး ပြောပြခြင်းက သင်တို့နှစ်ယောက်ရဲ့ အချစ်တွေကို ပိုတိုးစေပြီ
း တစ်ယောက်ကို တစ်ယောက် အချစ်တွေ တိုးလာစေမှာ အမှန်ပါပဲ ။
သင်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအကြောင်း
တစ်သက်မှာ တစ်ခါပဲ ဆောင်ရမယ့် မင်္ဂလာပွဲလေးကို မိန်းကလေးတိုင်းက
အလှဆုံးနဲ့ အခမ်းနားဆုံးဖြစ်ချင်တတ်ကြပါတယ်။
ဒီတော့ သင်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးကို ဘယ်လိုနေရာမှာ ဘယ်လိုမျိုးပုံစံနဲ့
အလှပဆုံးနဲ့ အခမ်းနားဆုံးဖြစ်အောင် ပြုလုပ်မယ်ဆိုတဲ့
စိတ်ကူးယဉ်မင်္ဂလာပွဲအကြောင်းလေးကို ပြောပြခြင်းက သူမရဲ့
နှလုံးသားတွေကို အရည်ပျော်ကျသွားစေမှာပါနော်
သင်တို့ရဲ့ အနာဂတ်အိမ်လေးအကြောင်း
သင်တို့မင်္ဂလာဆောင်ပြီးရင် နေထိုင်ဖို့ အိမ်လေးကို သူမအကြိုက်ဆုံးဆေးရောင်လေးသုတ်ပြီး
ဘယ်လိုမွမ်းမံ တည်ဆောက်မလဲ ဆိုတာကို ပြောပြပေးလို့ ရပါတယ်။
အနာဂတ်မှာ သင်တို့နှစ်ယောက်ရဲ့ အိမ်လေးဟာ နွေးထွေးမှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့
အိမ်လေးဖြစ်လာမယ်ဆိုတာလေးကို ပြောရင်း သူမရဲ့ အချစ်တွေကို အပိုင်သိမ်းလို့ ရပါတယ် ။
ခရီးတွေ အတူသွားကြဖို့
ကိုယ်ချစ်ရတဲ့သူနဲ့ သွားရတဲ့ခရီးဟာ တခြားခရီးတွေထက် ပိုပျော်စရာကောင်းမှာ ဖြစ်သလို
နှစ်ယောက်အတူ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးနိုင်မှာပါ။
သူမ သွားချင်တဲ့ နေရာတွေကို နှစ်ယောက်အတူခရီးတွေ ထွက်မယ့်
အစီစဉ်ကို ပြောပြရုံနဲ့တင် အရမ်း ကြည်နူးဖို့ ကောင်းနေပါပြီ ။
အတူတူအိုမင်းသွားကြဖို့
တစ်သက်လုံး သူမတစ်ယောက်ကိုပဲ သစ္စာရှိရှိနဲ့ ချစ်သွားပြီး အသက်တွေကြီးသွားသည့်တိုင်အောင် မပြောင်းလဲတဲ့အချစ်တွေနဲ့
ချစ်သွားမယ်ဆိုတဲ့အကြောင်းလေးကို သူမသိအောင် ပြောပြပေးလိုက်ပါ။
အကောင်းအဆိုးတွေကို အတူတူမျှဝေရင်း အဘိုးတွေအဘွားတွေ ဖြစ်သွားရင်တောင် ချစ်နေမယ့် အကြောင်းလေးကို
သင့်ကောင်မလေးက ဘယ်လိုမှ သဘောမကျပဲ မနေနိုင်အောင် ဖြစ်နေမှာပါနော် ။
credit
Unicode
ကိုယ့်ရဲ့ချစ်သူကောင်မလေး အရည်ပျော်သွားစေမယ့် စကားချိုချိုလေးတွေ
တစ်ခါတစ်လေမှာ ချစ်သူတွေအချင်းချင်း သူတို့ရဲ့ အနာဂတ်အစီအစဉ်လေးတွေကို စိတ်ကူးယဉ်ပုံဖော်ရင်း တစ်ယောက်နဲ့ တစ်ယောက်
ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းတာကလည်း ချစ်သူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုခိုင်မြဲစေပါတယ်။
ကိုယ့်ရဲ့ချစ်သူကောင််မလေး အရည်ပျော်သွားစေမယ့် ဒီလို စကားလုံးလေးတွေကိုလည်း
တစ်ခါတစ်လေမှာ ပြောပြပေးဖို့ လိုအပ်ပါတယ်နော်ဒီလိုစကားလေးတွေက သင့်တို့နှစ်ယောက်ကို အချစ်တွေ ပိုတိုးလာစေမှာပဲ ဖြစ်ပါတယ်နော် …။
သူမကို ဘယ်လောက်ချစ်တဲ့အကြောင်း
ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကိုယ် ဘယ်လောက်တောင် ချစ်ပါတယ်ဆိုတဲ့အကြောင်းကို ဘယ်မိန်းကလေးမှ နားမထောင်ချင်မှာ
မဟုတ်သလို ကိုယ့်ကိုယ်တန်ဖိုးထားချစ်နေတဲ့ အကြောင်းလေးကြားရင် တကယ်ပျော်မိမှာ အမှန်ပါနော်။
တစ်ခါတစ်လေမှာ သူ့မကို ဘယ်လောက်တောင် ချစ်ရပါတယ် ဆိုတဲ့အကြောင်းလေးကို သူမသိအောင် ပြောပြဖို့ လိုအပ်ပါတယ််နော်။
ဒီလိုမျိုး ပြောပြခြင်းက သင်တို့နှစ်ယောက်ရဲ့ အချစ်တွေကို ပိုတိုးစေပြီး တစ်ယောက်ကို တစ်ယောက် အချစ်တွေ တိုးလာစေမှာ အမှန်ပါပဲ ။
သင်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအကြောင်းတစ်သက်မှာ တစ်ခါပဲ ဆောင်ရမယ့် မင်္ဂလာပွဲလေးကို
မိန်းကလေးတိုင်းက အလှဆုံးနဲ့ အခမ်းနားဆုံးဖြစ်ချင်တတ်ကြပါတယ်။
ဒီတော့ သင်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးကို ဘယ်လိုနေရာမှာ ဘယ််လိုမျိုးပုံစံနဲ့ အလှပဆုံးနဲ့ အခမ်းနားဆုံးဖြစ်အောင်် ပြုလုပ်မယ်ဆိုတဲ့
စိတ်ကူးယဉ်မင်္ဂလာပွဲအကြောင််းလေးကို ပြောပြခြင်းက သူမရဲ့ နှလုံးသားတွေကို အရည်ပျော်ကျသွားစေမှာပါနော် ။
သင်တို့ရဲ့ အနာဂတ်အိမ်လေးအကြောင်း
သင်တို့မင်္ဂလာဆောင်ပြီးရင် နေထိုင်ဖို့ အိမ်လေးကို သူမအကြိုက်ဆုံးဆေးရောင်လေးသုတ်ပြီး
ဘယ်လိုမွမ်းမံ တည်ဆောက်မလဲ ဆိုတာကို ပြောပြပေးလို့ ရပါတယ်။
အနာဂတ်မှာ သင်တို့နှစ်ယောက်ရဲ့ အိမ်လေးဟာ နွေးထွေးမှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့
အိမ်လေးဖြစ်လာမယ်ဆိုတာလေးကို ပြောရင်း သူမရဲ့ အချစ်တွေကို အပိုင်သိမ်းလို့ ရပါတယ် ။
ခရီးတွေ အတူသွားကြဖို့
ကိုယ်ချစ်ရတဲ့သူနဲ့ သွားရတဲ့ခရီးဟာ တခြားခရီးတွေထက် ပိုပျော်စရာကောင်းမှာ ဖြစ်သလို
နှစ်ယောက်အတူ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးနိုင်မှာပါ။
သူမ သွားချင်တဲ့ နေရာတွေကို နှစ်ယောက်အတူခရီးတွေ ထွက်မယ့် အစီစဉ်ကို
ပြောပြရုံနဲ့တင် အရမ်း ကြည်နူးဖို့ ကောင်းနေပါပြီ ။
အတူတူအိုမင်းသွားကြဖို့
တစ်သက်လုံး သူမတစ်ယောက်ကိုပဲ သစ္စာရှိရှိနဲ့ ချစ်သွားပြီး အသက်တွေကြီးသွားသည့်တိုင်အောင်် မပြောင်းလဲတဲ့
အချစ်တွေနဲ့ ချစ်သွားမယ်ဆိုတဲ့အကြောင်းလေးကို သူမသိအောင် ပြောပြပေးလိုက်ပါ။
အကောင်းအဆိုးတွေကို အတူတူမျှဝေရင်း အဘိုးတွေအဘွားတွေ ဖြစ်သွားရင်တောင် ချစ်နေမယ့် အကြောင်းလေးကို
သင့်ကောင်မလေးက ဘယ်လိုမှ သဘောမကျပဲ မနေနိုင်အောင် ဖြစ်နေမှာပါနော် ။
credit