Cooking

#ၾကက္ကုန္းေဘာင္ႀကီးေၾကာ္လုပ္နည္း ( Kong Pao Chicken )

#ၾကက္ကုန္းေဘာင္ႀကီးေၾကာ္လုပ္နည္း ( Kong Pao Chicken )

အိမ္တြင္ ၁၅ မိနစ္အတြင္း ကုန္းေဘာင္ႀကီးေၾကာ္ နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။


Ingredients (ပါဝင္ပစၥည္းမ်ား)

– ၾကက္သား (ရင္ဘုံသား) ၂၀ က်ပ္သား (အေနေတာ္ တုံးေပးပါ)

– ၾကက္သြန္နီ ၂ လုံး (ေလးစိပ္စိတ္ပါ)

– မုန္လာဥနီ ၂ ခု (အေနေတာ္ တုံးေပးပါ)

– ဘိုစားပဲ ၁ဝ ခု (အေနေတာ္ တုံးေပးပါ)

– ေျပာင္းဖူးေသး ၈ ခု (အေနေတာ္ တုံးေပးပါ)

– ၾကက္သြန္ၿမိတ္ ၂ ခု ( အရွည္လွီးေပးပါ)

– သီဟိုေစ့ ၁၅ ေစ့

– င႐ုတ္ပြနီေျခာက္ ၃ ခု


* ခ်က္ျပဳတ္နည္း *

Step 1 – ၾကက္သားကို [ ဆား(လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ၾကက္သားမွုန္႔(လက္ဖက္ရည္ဇြန္း တဝက္)၊ ပဲငံျပာရည္အေနာက္ (လက္ဖက္ရည္ဇြန္း ၂ဇြန္း)၊ ခ႐ုဆီ(စားပြဲတင္ဇြန္း တဝက္)၊ ဂ်ဳံမွုန္႔(စားပြဲတင္ဇြန္း တဝက္) ] ထည့္ ႏုယ္ေပးပါ။

Step 2 – ၿပီးလၽွင္ ဒယ္ထဲ ဆီမ်ားထည့္ၿပီး ႏုယ္ထားေသာ ၾကက္သားကို ၂မိနစ္ခန္႔ မီးအသင့္တင့္ျဖင့္ ေၾကာ္ေပးပါ။ ၿပီးလၽွင္ ေၾကာ္ထားေသာ ၾကက္သားမ်ားကို ဇကာျဖင့္ ျပန္ဆယ္ထားပါ။

Step 3 – ဒယ္ထဲ ဆီ(စားပြဲတင္ဇြန္း ၃ ဇြန္း) ထည့္ၿပီး ၾကက္သြန္ျဖဴ(လက္ဖက္ရည္ဇြန္း ၁ဇြန္း) ထည့္ကာ စကၠန္႔အနည္းငယ္မၽွ ဆီပူုထိုးေပးပါ။


Step 4 – ထို့ေနာက္ ၾကက္သြန္နီ၊ မုန္လာဥနီ ထည့္ေမႊေပးပါ။ ေျပာင္းဖူးေသး၊ ဘိုစားပဲ ထည့္ေပးပါ။

Step 5 – ၿပီးလၽွင္ ၾကက္ျပဳတ္ရည္(သို့) ေရ(တခြက္) ထည့္ၿပီး အဖုံး ၁မိနစ္ခန္႔အုပ္ထားေပးပါ။

Step 6 – ေရအနည္းငယ္က်န္လၽွင္ ၾကက္သား၊ ပဲငံျပာရည္အေနာက္ (လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ႏွမ္းဆီ(၄စက္)၊ ခ႐ုဆီ(စားပြဲတင္ဇြန္း ၁ဇြန္း)၊ သၾကား(လကဖက္ရည္ဇြန္း ၁ဇြန္း)၊ ဆား(လက္ဖက္ရည္ဇြန္း ၁ ဇြန္း)၊ ၾကက္သြန္ၿမိတ္ ထည့္ေမႊေပးပါ။

Step 7 – ထို့ေနာက္ အရသာအေပါ့အငံျမည္းၿပီး သီဟိုေစ့၊ င႐ုတ္ပြေျခာက္ ထည့္ၿပီး ေရခန္းသည္အထိေမႊေပးပါ။

Step 8 – အရသာစူးရွၿပီး စားလို့ေကာင္းေသာ ၾကက္ကုန္းေဘာင္ႀကီးေၾကာ္ကို ထမင္းႏွင့္တြဲဖက္ စားသုံးနိုင္ပါၿပီ။


ေနာက္မ်ားတြက္လည္း ပို၍ေကာင္းေသာ ဟင္းလၽွာမ်ားကို ပိုမိုေကာင္းမြန္ေသာတင္ဆက္မွုမ်ားနဲ႔ ျပသေပးသြားပါမယ္ေနာ္။

Credit karkuflair

#ကြက်ကုန်းဘောင်ကြီးကြော်လုပ်နည်း ( Kong Pao Chicken )

အိမ်တွင် ၁၅ မိနစ်အတွင်း ကုန်းဘောင်ကြီးကြော် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။


Ingredients (ပါဝင်ပစ္စည်းများ)

– ကြက်သား (ရင်ဘုံသား) ၂၀ ကျပ်သား (အနေတော် တုံးပေးပါ)

– ကြက်သွန်နီ ၂ လုံး (လေးစိပ်စိတ်ပါ)

– မုန်လာဥနီ ၂ ခု (အနေတော် တုံးပေးပါ)

– ဘိုစားပဲ ၁ဝ ခု (အနေတော် တုံးပေးပါ)

– ပြောင်းဖူးသေး ၈ ခု (အနေတော် တုံးပေးပါ)

– ကြက်သွန်မြိတ် ၂ ခု ( အရှည်လှီးပေးပါ)

– သီဟိုစေ့ ၁၅ စေ့

– ငရုတ်ပွနီခြောက် ၃ ခု


* ချက်ပြုတ်နည်း *

Step 1 – ကြက်သားကို [ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်)၊ ပဲငံပြာရည်အနောက် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ(စားပွဲတင်ဇွန်း တဝက်)၊ ဂျုံမှုန့်(စားပွဲတင်ဇွန်း တဝက်) ] ထည့် နုယ်ပေးပါ။

Step 2 – ပြီးလျှင် ဒယ်ထဲ ဆီများထည့်ပြီး နုယ်ထားသော ကြက်သားကို ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ပြီးလျှင် ကြော်ထားသော ကြက်သားများကို ဇကာဖြင့် ပြန်ဆယ်ထားပါ။

Step 3 – ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ စက္ကန့်အနည်းငယ်မျှ ဆီပူုထိုးပေးပါ။

Step 4 – ထို့နောက် ကြက်သွန်နီ၊ မုန်လာဥနီ ထည့်မွှေပေးပါ။ ပြောင်းဖူးသေး၊ ဘိုစားပဲ ထည့်ပေးပါ။

Step 5 – ပြီးလျှင် ကြက်ပြုတ်ရည်(သို့) ရေ(တခွက်) ထည့်ပြီး အဖုံး ၁မိနစ်ခန့်အုပ်ထားပေးပါ။

Step 6 – ရေအနည်းငယ်ကျန်လျှင် ကြက်သား၊ ပဲငံပြာရည်အနောက် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(၄စက်)၊ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(လကဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ကြက်သွန်မြိတ် ထည့်မွှေပေးပါ။

Step 7 – ထို့နောက် အရသာအပေါ့အငံမြည်းပြီး သီဟိုစေ့၊ ငရုတ်ပွခြောက် ထည့်ပြီး ရေခန်းသည်အထိမွှေပေးပါ။


Step 8 – အရသာစူးရှပြီး စားလို့ကောင်းသော ကြက်ကုန်းဘောင်ကြီးကြော်ကို ထမင်းနှင့်တွဲဖက် စားသုံးနိုင်ပါပြီ။

နောက်များတွက်လည်း ပို၍ကောင်းသော ဟင်းလျှာများကို ပိုမိုကောင်းမွန်သောတင်ဆက်မှုများနဲ့ ပြသပေးသွားပါမယ်နော်။

Credit karkuflair