Knowledge

ကိုယ်ကလိုက်ရင် ပြေးမယ့်သူကို လိုက်မနေပဲ ပြန်လှည့်လာပြီး အရင်ကထက်ပိုပြီး လှအောင်နေပြလိုက်ပါ

ဟိုအရင်တုန်းကဆိုကိုယ့်ရည်းစားနဲ့ပတ်သက်ရ

င် သိပ်အဆိပ်တက်တာ… ဘယ်သွားနေလဲ ဘာလုပ်နေလဲ မေးရတာနဲ့ဲ အားနေ စိတ်ပူပေးရ စိုးရိမ်ပေးရတာနဲ့စိတ်မချလို့ အနောက်က တကောက်ကောက် လိုက်ရတာနဲ့ ဖုန်းတဂွမ်ဂွမ်ဆက် စပိုင်လုပ်ရတာနဲ့

Active ဖြစ်နေရက် စာလာမပို့ိရင် စိတ်ကောက်ရတာနဲ့ သူငယ်ချင်းတွေရန်ကြောက်လို့ ဖွက်ထား ဥထားရတာနဲ့

အပြစ်တစ်ခုခုတွေ့ထားပြီဆို အချိန်ကုန်ခံ ရစ်ပြရတာနဲ့ အနားကထွက်သွားမှာစိုးလို့ နေပျော်အောင် ထားပေးရတာနဲ့

ပတ်ဝန်းကျင်ကပြောရင်မကြိုက် ကက်ကက်လန်ရန်တွေ့ရတာနဲ

ထစ်ခနဲဆို မျက်ရည်ကရှေ့ကအရင်ကျ ငိုမိရတာနဲ့ ဂရုမစိုက်ဘဲ ပစ်ထားလို့ ပွစိပွစိလိုက်ပြောနေရတာနဲ့… ရည်းစားတစ်ယောက် ရထားတာ…မျောက်ငပိ ကိုင်ထားရသလို ဂဏာမငြိမ် ချင်တော့ဘူး

ငါးရံ့ပြာထိထားသလို ဖျတ်ဖျတ်ကိုလူးနေရောဆပ်ပြာသည်လင်ပျောက်သလို အရူးတစ်ပိုင်းဖြစ်ပြီ သူခိုးရွှေကောက်ရထားတဲ့အတိုင်း အိန္ဒြေကမရ ဆပ်ဆလူးကို ခါနေတာ မြင်လို့တောင်မကောင်းဘူး။

ကိုယ်က အဲ့လိုတွေ အထိမခံဖြစ်ပြ ချစ်ပြလိုက်လို့ နယူူတန်လို တန်ပြန်သက်ရောက် အချစ်မခံရတဲ့အပြင် ဟိုက

မြောက်ကိုရီးယားသမ္မတ သံံပရာသီးစားထားသလို ရုပ်ကတည်ရုံတင်မက ရှုံ့တွမဲ့ရွဲ့ပြီး အချေရုပ်ဖြစ်သွားရော။ ကိုယ်က သဲသဲလှုပ် ချစ်ပြလေ သူ့ဘက်က အထာကိုင်သွားလေ ကိုယ်က တန်ဖိုးထားပြလေ သူ့ဘက်က ပေါ့ပျက်ပျက်နိုင်လာလေကိုယ်က ဖက်တွယ်ပြလေ သူ့ဘက်က ပါဝါတွေပြလာလေ ကိုယ်က အသေအလဲ Feel ပြလေ ဒင်းက ဥပေက္ခာတွေ တရစပ်ပြုလာလေ။

ခုဆို သိပ်ကိုနပ်သွားပြီ ရင့်ကျက်သွားပြီလေ ဖုန်းမခေါ်လို့ ဝမ်းနည်းပက်လက်ဖြစ်နေမယ့်အစား

Game ဆော့ Online ပေါ် ဂယက်ထနေလိုက်ရော နောက်ဆို ရည်းစားဆိုတာ မရှိလေကောင်းလေ ဖြစ်လာတယ်။သူ့ဘက်က အဆက်အသွယ်မလုပ်လို့ိ ကြေကွဲနေမယ့်အစား တရားခွေလေးနာနေလိုက်ရော စိတ်ထဲ Clean တွေဖြစ်ပြီး ရုပ်တွေပါ သန့်လာတယ်။

ဂရုမစိုက်ဘဲပစ်ထားလို့ ငိုနေမယ့်အစား Gym ကိုသွား အားကစားတွေ လုပ်နေလိုက် ရော ဗိုက်ခေါက်ကနေ six pack တွေဖြစ် ရေလည်လန်း လာတယ်။ အချိန်မပေးလို့ိ စိတ်မကောင်းဖြစ်နေမယ့် အစား မျက်နှာလေးပေါင်းတင် ကိုရီးယားကား ကြည့်နေလိုက်ရော

တစ်လလောက်လည်းနေရော ကိုယ့်အခွက်လေးလည်း လှသထက်လှလာသလို သူ့မျက်ခွက်ပါ မမြင်ချင်တော့တဲ့အထိ ကိုရီးယား မင်းသား မင်းသမီး ပုံရိပ်လေးတွေ နေရာယူ လာတယ်။ဘယ်လောက်ပဲ တုန်နေအောင်ချစ်နေပါစေ ခယပြီးဆွဲမထားနဲ့ သိလား လွှတ်ပေးလိုက် ကိုယ်ကလိုက်ရင် ပြေးမယ့်သူကို မလိုက်ဘဲ ပြန်လှည့်လာ ခဲ့ကြည့်လိုက် အရင်ကထက် ပိုလှအောင်နေပြလိုက်

နင်ပစ်ထားတဲ့ ဘီလူးမကြီးက နတ်သမီးလေးဖြစ်ပြီအခု လုပ်ပြလိုက် ငမ်းငမ်းတက် ပြန်လိုက် ဆွဲမှာ သေချာတယ်

Credit

Unicode