Local News

ခက်ခဲလွန်းနေတဲ့ CDM သမားတွေအတွက် မရှိမဖြစ်ထားရမယ့်သူမရဲ့ပိုင်ဆိုင်မှုကိုပါ လျစ်လျူရှုပြီး ရှိသမျှငွေတွေအကုန်လှူလိုက်တဲ့ ဟန်နာယူရီ

တိုင်းပြည်မငြိမ်မသက်စဖြစ်တဲ့ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းကမြန်မာ့အရေးအတွက်ပါဝင်လှုပ်ရှားခဲ့ပြီးယနေ့ထက်ထိတည်းတက်ကြွနေဆဲဖြစ်တဲ့ဟန်နာယူရီဟာအလှူတွေအဆက်မပြတ်လုပ်သလိုအခုလက်ရှိမှာလည်းသူမအိမ်လခပေးရမယ့်ငွေတွေကိုပါCDMသမားတွေအတွက်လှူဒါန်းပေးခဲ့ပါတယ်။ကျောင်းကထောက်ပံ့ခဲ့တဲ့ထောက်ပံ့ကြေးငွေနဲ့လှူဒါန်းတဲ့အပြင်တစ်ချို့ခက်ခဲလွန်းတဲ့အခြေအနေတွေကြောင့်မနေသာတော့ဘဲအိမ်ငှားခငွေတွေကိုပါအခုလိုထုတ်လှူလိုက်တာပဲဖြစ်ပါတယ်။

သူမအနေနဲ့ကိုရီးယားမှာလတ်တလောအလုပ်မရှိသေးဘဲရပ်တည်နေရတာဖြစ်လို့ကိုယ်တိုင်လည်းအခက်အခဲတွေနဲ့ရှင်သန်နေရသူပါ။ချစ်ခင်နွေးထွေးပေးကြတဲ့သူမရဲ့အသိမိတ်ဆွေတွေကြောင့်သာနေပျော်သလိုထင်ရပေမယ့်

ကိုယ့်တိုင်းပြည်မအေးချမ်းတာတွေကိုမြင်တိုင်းယိင်းတစ်ယောက်စိတ်မချမ်းမသာဖြစ်ရသလိုတိုင်းပြည်အရေးကိုကမ္ဘာကသိစေဖို့အတွက်လည်းသူမရဲ့လူမှုကွန်ရက်တွေကိုအသုံးချပြီးနေ့တိုင်းသတင်းအမှန်တွေဝေမျှပေးခဲ့ပါတယ်။

လှူဒါန်းလိုက်ရတဲ့သူမရဲ့ပီတိကို”ဒီလမြန်မာအတွက်total(၁၃) ယောက်စာလှူပါတယ်ကျောင်းကပေးတဲ့ထောက်ပံ့ကြေးနဲ့လှူတာပါ ထောက်ပံ့ကြေးကကြာနေတာနဲ့အချို့လူတွေကစားရေးအရမ်းခက်ခဲနေတာနဲ့ကျမကအိမ်လခနဲ့ဒီနေ့စိုက်လှူလိုက်ပါတယ်ထပ်အလှူခံလာသူတွေကိုထပ်မလှူနိုင်သေးတာနားလည်ပေးကြပါကျမလည်းအလုပ်မရှိဝင်ငွေမရှိဖြစ်နေလို့ပါရှင့်”ဆိုပြီးInstagram Mydayမှာရင်ဖွင့်လာခဲ့ပါတယ်။

နိုင်ငံရပ်ခြားကိုရောက်နေပေမယ့်မြန်မာပြည်အတွက်သွေးအေးမနေဘဲရတဲ့ဖက်ကနေအမြဲတမ်းတက်တက်ကြွကြွကူညီပေးတာတကယ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။

ကိုရီးယားမှာလည်းမြန်မာ့အရေးနဲ့ပတ်သက်ပြီးအင်တာဗျူးတွေအမြဲဖြေပေးကာခက်ခဲနေတဲ့မြန်မာပြည်အတွကကောက်ရိုးတစ်မျှင်ဖြစ်ပေးခဲ့ပါတယ်။မှန်ကန်တဲ့သတင်းတွေကိုကမ္ဘာကသိစေဖို့ဒီလိုလူမျိုးတွေအများကြီးလိုအပ်ပါတယ်။

ဘယ်တော့မှသွေးအေးမသွားဘဲမြန်မာပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်နေခဲ့ပါတယ်။အိမ်လခပေးရမယ့်ငွေအထိပါစိုက်ထုတ်ပြီးလှူဒါန်းပေးတဲ့ယိင်းရဲ့မြင့်မြတ်လွန်းတဲ့စေတနာကိုအကြိမ်ကြိမ်သာဓုခေါ်ဆိုမိပါတယ်။

Credit

Unicode

တိုင်းပြည်မငြိမ်မသက်စဖြစ်တဲ့ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းကမြန်မာ့အရေးအတွက်ပါဝင်လှုပ်ရှားခဲ့ပြီးယနေ့ထက်ထိတည်းတက်ကြွနေဆဲဖြစ်တဲ့ဟန်နာယူရီဟာအလှူတွေအဆက်မပြတ်လုပ်သလိုအခုလက်ရှိမှာလည်းသူမအိမ်လခပေးရမယ့်ငွေတွေကိုပါCDMသမားတွေအတွက်လှူဒါန်းပေးခဲ့ပါတယ်။

ကျောင်းကထောက်ပံ့ခဲ့တဲ့ထောက်ပံ့ကြေးငွေနဲ့လှူဒါန်းတဲ့အပြင်တစ်ချို့ခက်ခဲလွန်းတဲ့အခြေအနေတွေကြောင့်မနေသာတော့ဘဲအိမ်ငှားခငွေတွေကိုပါအခုလိုထုတ်လှူလိုက်တာပဲဖြစ်ပါတယ်။သူမအနေနဲ့ကိုရီးယားမှာလတ်တလောအလုပ်မရှိသေးဘဲရပ်တည်နေရတာဖြစ်လို့ကိုယ်တိုင်လည်းအခက်အခဲတွေနဲ့ရှင်သန်နေရသူပါ။ချစ်ခင်နွေးထွေးပေးကြတဲ့သူမရဲ့အသိမိတ်ဆွေတွေကြောင့်သာနေပျော်သလိုထင်ရပေမယ့်

ကိုယ့်တိုင်းပြည်မအေးချမ်းတာတွေကိုမြင်တိုင်းယိင်းတစ်ယောက်စိတ်မချမ်းမသာဖြစ်ရသလိုတိုင်းပြည်အရေးကိုကမ္ဘာကသိစေဖို့အတွက်လည်းသူမရဲ့လူမှုကွန်ရက်တွေကိုအသုံးချပြီးနေ့တိုင်းသတင်းအမှန်တွေဝေမျှပေးခဲ့ပါတယ်။

လှူဒါန်းလိုက်ရတဲ့သူမရဲ့ပီတိကို”ဒီလမြန်မာအတွက်total(၁၃) ယောက်စာလှူပါတယ်ကျောင်းကပေးတဲ့ထောက်ပံ့ကြေးနဲ့လှူတာပါ ထောက်ပံ့ကြေးကကြာနေတာနဲ့အချို့လူတွေကစားရေးအရမ်းခက်ခဲနေတာနဲ့

ကျမကအိမ်လခနဲ့ဒီနေ့စိုက်လှူလိုက်ပါတယ်ထပ်အလှူခံလာသူတွေကိုထပ်မလှူနိုင်သေးတာနားလည်ပေးကြပါကျမလည်းအလုပ်မရှိဝင်ငွေမရှိဖြစ်နေလို့ပါရှင့်”ဆိုပြီးInstagram Mydayမှာရင်ဖွင့်လာခဲ့ပါတယ်။