Knowledge

ချစ်သူကို ဂရုစိုက်လွန်းလို့ စိုးရိမ်စိတ်လွန်နေတတ်တဲ့ ချစ်သူမိန်းကလေးတွေဆိုတာ ဒီလိုပါ

မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ်ကိုပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် စိုးရိမ်စိတ်လေးတွေ၊

ပေးဆပ်ချင်စိတ်တွေနဲ့ အနစ်နာခံချင်စိတ်တွေက အလိုလိုဖြစ်ပေါ်လာပြီး ဒါကိုတားလို့လည်း မရသလို၊ ထိန်းချုပ်ဖို့လည်း ခက်ခဲပါတယ်။ချစ်သူကိုအရမ်းဂရုစိုက်ပြီး စိုးရိမ်စိတ်လွန်ကဲနေတတ်တဲ့ ချစ်သူမိန်းကလေးတွေရဲ့အကြောင်းလေးတွေကို ကိုယ်ချင်းစာ နားလည်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အမြဲတမ်းဆက်သွယ်နေမယ်ချစ်သူကို အရမ်းဂရုစိုက်ပြီး စိတ်ပူတတ်တဲ့သူတွေဆိုတာ အမြဲလိုလို ချစ်သူနဲ့ အတူရှိချင်တဲ့သူတွေပါ။

ဝေးနေတဲ့အခါမှာလည်း တစ်ချိန်လုံးစာတွေပို့၊ ဖုန်းတွေဆက်ပြီး ဆက်သွယ်နေတတ်တဲ့သူတွေဖြစ်ပါတယ်။အကြောင်းကတော့ ချစ်သူအဆင်မှပြေရဲ့လား၊ နေလို့မှကောင်းရဲ့လားဆိုတာကို အမြဲတမ်းစိတ်ပူနေကြလို့ပါ။

(၂) မေးပြီးသားကို ထပ်တလဲလဲပြန်မေးတယ်ချစ်သူကိုအရမ်းဂရုစိုက်ပြီး ချစ်တဲ့မိန်းကလေးတွေဆိုတာ မေးပြီးသားမေးခွန်းတွေကို ခဏခဏ ပြန်ပြန်မေးတတ်တဲ့သူတွေ ဖြစ်ပါတယ်။

မသိရင် အရစ်သန်တယ်လို့ ထင်တတ်ကြပေမယ့် အမှန်တကယ်က စိတ်ချချင်လို့၊ ယုံကြည်ချင်လို့ သိပြီးသားအကြောင်းအရာတွေကို ပြန်ပြန်မေးနေတာဖြစ်ပါတယ်။ အပန်းမကြီးရင် ပြန်ပြန်ပြီးရှင်းပြပေးလိုက်ပါနော်။

(၃) ချစ်တဲ့အကြောင်းလေးတွေ အမြဲကြားချင်တယ်ချစ်သူကိုအရမ်းချစ်တဲ့မိန်းကလေးတိုင်း ချစ်သူဆီက ကြင်နာတဲ့ စကားလေးတွေကို အမြဲကြားချင်ကြပါတယ်။

နှစ်ကာလတွေဘယ်လောက်ပြောင်းပြောင်း၊ ချစ်သူသက်တမ်းဘယ်လောက်ကြာကြာ ချစ်သူဆီက ကြင်နာမှု၊ နွေးထွေးမှုလေးတွေကို အမြဲတမ်း ရချင်နေလို့ပဲဖြစ်ပါတယ်။

(၄) အဆုံးစွန်အထိတွေးပူနေတတ်တယ်ချစ်သူကို အရမ်းဂရုစိုက်ပြီး စိုးရိမ်စိတ်လွန်ကဲတတ်တဲ့ မိန်းကလေးတွေဆိုတာ မဖြစ်သေးတာတွေရော၊ ဖြစ်ပြီးသားတွေကိုရော တွေးတွေးပြီး ပူပန်နေတတ်တဲ့သူတွေပါ။

ချစ်သူနဲ့ နည်းနည်းဝေးသွားရင်ကို ဒီလိုစိတ်ခံစားချက်တွေကြောင့် အိပ်မရ၊ စားမရနဲ့ စိတ်မချဖြစ်နေတတ်တဲ့သူတွေဖြစ်ပါတယ်။

(၅) ဒေါသတွေကြီးနေတတ်တယ်ချစ်သူကိုအရမ်းဂရုစိုက်တဲ့မိန်းကလေးတွေဟာ နည်းနည်းလေးမှအမှားအယွင်း မခံပါဘူး။ ချစ်သူကိုစိတ်ပူလွန်းရာကနေ

ဒေါသအဖြစ်ပြောင်းသွားပြီး တစ်ချိန်လုံးစိတ်တိုနေတဲ့သူတွေလို့ အထင်ခံရတတ်ပါတယ်။ ဒါပေမယ့် တကယ်တော့ ချစ်သူကို စိတ်ပူလို့ စိတ်မထိန်းနိုင်တာသာဖြစ်ပါတယ်။(၆) စိတ်ပြေမြန်တယ်စိုးရိမ်စိတ်လွန်နေတဲ့မိန်းကလေးနေတွေဟာ ထစ်ခနဲရှိ စိတ်ကောက်တတ်ကြသလို၊ ခဏလေးနဲ့ စိတ်ပြန်ပြေတတ်ကြပါတယ်။ အဓိကကတော့ ဖြစ်ကြောင်းကုန်စင်ကို စိတ်အေးအေးထားပြီး ရှင်းပြဖို့ပဲ လိုပါတယ်။

(၇) ဝမ်းနည်းလွယ်တယ်ချစ်သူကို အရမ်းဂရုစိုက်ပြီး စိုးရိမ်စိတ်လွန်နေတဲ့မိန်းကလေးတွေဟာ ဝမ်းနည်းလွယ်ကြပါတယ်။ တစ်ခုခုဆို မျက်ရည်တွေကျလာတတ်သလို၊ စိတ်ထဲမှာလည်း ဝမ်းနည်းနေတတ်ကြပါတယ်။

ဒီလိုမိန်းကလေးတွေကို ချစ်သူတော်ထားရတဲ့သူတွေအနေနဲ့ နားလည်မှုပေးပြီး စိတ်ရှည်ပေးလိုက်မယ်ဆိုရင် သူတို့လောက် သစ္စာရှိပြီး ချစ်တတ်တဲ့သူမျိုးဆိုတာ နှစ်ယောက်မရှိနိုင်ပါဘူးနော်။

Credit

Unicode

ချစ်သူကို ဂရုစိုက်လွန်းလို့ စိုးရိမ်စိတ်လွန်နေတတ်တဲ့ ချစ်သူမိန်းကလေးတွေဆိုတာ ဒီလိုပါမိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ်ကိုပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် စိုးရိမ်စိတ်လေးတွေ၊ ပေးဆပ်ချင်စိတ်တွေနဲ့ အနစ်နာခံချင်စိတ်တွေက အလိုလိုဖြစ်ပေါ်လာပြီး ဒါကိုတားလို့လည်း မရသလို၊ ထိန်းချုပ်ဖို့လည်း ခက်ခဲပါတယ်။

ချစ်သူကိုအရမ်းဂရုစိုက်ပြီး စိုးရိမ်စိတ်လွန်ကဲနေတတ်တဲ့ ချစ်သူမိန်းကလေးတွေရဲ့အကြောင်းလေးတွေကို ကိုယ်ချင်းစာ နားလည်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အမြဲတမ်းဆက်သွယ်နေမယ်ချစ်သူကို အရမ်းဂရုစိုက်ပြီး စိတ်ပူတတ်တဲ့သူတွေဆိုတာ အမြဲလိုလို ချစ်သူနဲ့ အတူရှိချင်တဲ့သူတွေပါ။ ဝေးနေတဲ့အခါမှာလည်း

တစ်ချိန်လုံးစာတွေပို့၊ ဖုန်းတွေဆက်ပြီး ဆက်သွယ်နေတတ်တဲ့သူတွေဖြစ်ပါတယ်။အကြောင်းကတော့ ချစ်သူအဆင်မှပြေရဲ့လား၊ နေလို့မှကောင်းရဲ့လားဆိုတာကို အမြဲတမ်းစိတ်ပူနေကြလို့ပါ။

(၂) မေးပြီးသားကို ထပ်တလဲလဲပြန်မေးတယ်ချစ်သူကိုအရမ်းဂရုစိုက်ပြီး ချစ်တဲ့မိန်းကလေးတွေဆိုတာ မေးပြီးသားမေးခွန်းတွေကို ခဏခဏ ပြန်ပြန်မေးတတ်တဲ့သူတွေ ဖြစ်ပါတယ်။

မသိရင် အရစ်သန်တယ်လို့ ထင်တတ်ကြပေမယ့် အမှန်တကယ်က စိတ်ချချင်လို့၊ ယုံကြည်ချင်လို့ သိပြီးသားအကြောင်းအရာတွေကို ပြန်ပြန်မေးနေတာဖြစ်ပါတယ်။ အပန်းမကြီးရင် ပြန်ပြန်ပြီးရှင်းပြပေးလိုက်ပါနော်။

(၃) ချစ်တဲ့အကြောင်းလေးတွေ အမြဲကြားချင်တယ်ချစ်သူကိုအရမ်းချစ်တဲ့မိန်းကလေးတိုင်း ချစ်သူဆီက ကြင်နာတဲ့ စကားလေးတွေကို အမြဲကြားချင်ကြပါတယ်။

နှစ်ကာလတွေဘယ်လောက်ပြောင်းပြောင်း၊ ချစ်သူသက်တမ်းဘယ်လောက်ကြာကြာ ချစ်သူဆီက ကြင်နာမှု၊ နွေးထွေးမှုလေးတွေကို အမြဲတမ်း ရချင်နေလို့ပဲဖြစ်ပါတယ်။

(၄) အဆုံးစွန်အထိတွေးပူနေတတ်တယ်ချစ်သူကို အရမ်းဂရုစိုက်ပြီး စိုးရိမ်စိတ်လွန်ကဲတတ်တဲ့ မိန်းကလေးတွေဆိုတာ မဖြစ်သေးတာတွေရော၊ ဖြစ်ပြီးသားတွေကိုရော တွေးတွေးပြီး ပူပန်နေတတ်တဲ့သူတွေပါ။

ချစ်သူနဲ့ နည်းနည်းဝေးသွားရင်ကို ဒီလိုစိတ်ခံစားချက်တွေကြောင့် အိပ်မရ၊ စားမရနဲ့ စိတ်မချဖြစ်နေတတ်တဲ့သူတွေဖြစ်ပါတယ်။

(၅) ဒေါသတွေကြီးနေတတ်တယ်ချစ်သူကိုအရမ်းဂရုစိုက်တဲ့မိန်းကလေးတွေဟာ နည်းနည်းလေးမှအမှားအယွင်း မခံပါဘူး။ ချစ်သူကိုစိတ်ပူလွန်းရာကနေ

ဒေါသအဖြစ်ပြောင်းသွားပြီး တစ်ချိန်လုံးစိတ်တိုနေတဲ့သူတွေလို့ အထင်ခံရတတ်ပါတယ်။ ဒါပေမယ့် တကယ်တော့ ချစ်သူကို စိတ်ပူလို့ စိတ်မထိန်းနိုင်တာသာဖြစ်ပါတယ်။

(၆) စိတ်ပြေမြန်တယ်စိုးရိမ်စိတ်လွန်နေတဲ့မိန်းကလေးနေတွေဟာ ထစ်ခနဲရှိ စိတ်ကောက်တတ်ကြသလို၊ ခဏလေးနဲ့ စိတ်ပြန်ပြေတတ်ကြပါတယ်။ အဓိကကတော့ ဖြစ်ကြောင်းကုန်စင်ကို စိတ်အေးအေးထားပြီး ရှင်းပြဖို့ပဲ လိုပါတယ်။