Local News

လူကြီးကို ချစ်လို့မရဘူးလားလို့ ပရိတ်သတ်တွေကို မေးခွန်းထုတ်လိုက်တဲ့ အဆိုတော်မလေး မေလသံစဉ်

ချစ်ပရိသတ်ကြီးရေ မေလသံစဉ်ဆိုတဲ့ အဆိုတော်မလေးကတော့ မြန်မာသံတေးသီချင်းလေးတွေ နဲ့ ပရိသတ်တွေရင်ထဲကိုရောက်လာတဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၊သူမရဲ့ ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ် အယ်ဘမ်လ် ကလည်း ၊

ပရိသတ်တွေကြားမှာအတော်လေး ရေပန်းစားခဲ့တာပါ ။လတ်တလောမှတော့ သီချင်း သစ်လေးတွေ ထွက်ဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ် ။ဒီနေ့မှာတော့ မေလသံစဉ်တစ်ယောက် သရုပ်ဆောင် နေတိုးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက် စာမျက်နှာထက်မှာ မျှဝေခဲ့ပြီး ၊ပဟေဠိဆန်ဆန် ရေးသားထားတာတွေ့ရပါတယ် ။လူကြီးကို ချစ်လို့မရဘူးလား ဆိုတဲ့စာသားလေးနဲ့ နေတိုးနဲ့ စုံတွဲပုံလေးကို မျှဝေပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူမရဲ့ သီချင်းသစ် Music Video လေးကို အရမ်းကိုမျှော်လင့်နေကြပြီဖြစ်ကြောင်း မှတ်ချက်တွေပေ းခဲ့ကြပါတယ် ။

မကြာသေးမီကမှ တေးသံရှင် အေးမြဖြူနဲ့ Music Video လေးတစ်ခုရိုက် ကူးခဲ့တဲ့ နေတိုးက ဒီတစ်ခါမှာရော မေလသံစဉ်နဲ့ ဘယ်လို Music Video လေးထွက်ရှိလာဦးမလဲ ဆိုတာကို ပရိသတ်တွေ အရမ်းကို ရင်ခုန်နေကြပြီထင်ပါတယ် ။မေလသံစဉ်ကိုချစ်တဲ့ ချစ် ပရိသတ်ကြီးရော သီချင်းသစ်လေးကို မျှော်လင့်နေကြပြီလား မှတ်ချက်ပေးခဲ့ ပါဦးနော် ။Credit Nyein Naing