Local News

ရန်ကုန်က ကန်ဘောင်နဲ့ ပန်းခြံတွေ မနက်ဖြန် ပြန်ဖွင့်ပြီ

ရန်ကုန်က ကန်ဘောင်နဲ့ ပန်းခြံတွေ မနက်ဖြန် ပြန်ဖွင့်ပြီ (အားကစား ပြန်လုပ်နိုင်ကြပါပြီ)ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းထဲက ပန်းခြံနဲ့ အားကစားကွင်းတွေကိုမနက်ဖန် ဇန်နဝါရီ(၂၁)ရက်နေ့ကစပြီး ပြန်စဖွင့်လို့ရတဲ့အကြောင်း ညွှန်ကြားထားတယ်လို့ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

ပန်းခြံနဲ့ အားကစားကွင်းတွေကို ပိတ်ထားဖို့ ရက်ကန့်သတ်ထားတာဟာ ဒီနေ့ ဇန်နဝါရီလ(၂ဝ)ရက်နေ့မှာ (၁) လပြည့်သွားတာ ဖြစ်ပါတယ်။ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကပြန်ဖွင့်ဖို့ တင်ပြလာတာနဲ့ ပတ်သက်ပြီး၊

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအကြောင်းပြန်ကြားလာတာလို့ သိရပါတယ်။ညွှန်ကြားစာမှာတော့ ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်လှစ်သွားရမယ်လို့ ညွှန်ကြားထားပါတယ်။အခုလိုင်းပေါ်မှာ တွေ့နေရတာက မနက်(၉)နာရီကနေ ညနေ(၅)နာရီလို့လည်းတွေ့တယ်။

မနက်(၅)နာရီကနေ မနက်(၉)နာရီ အထိလို့ လည်းတွေ့တယ်ဗျ။ ဒါပေမဲ့ ညွှန်ကြားစာထဲမှာတော့ဖွင့်မယ့်အချိန်အတိအကျသတ်မှတ်ပေးထားတာ မပါဘူး။”လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးသူရအောင်က ပြောပါတယ်။အချိန်ပိုင်းသတ်မှတ်တာနဲ့ ပတ်သက်ပြီး အားကစားလုပ်ဖို့ ရည်ညွှန်းပြီး၊

သတ်မှတ်လိုက်တာဖြစ်နိုင်တယ်လို့လည်း ဦးသူရအောင်က ပြောပါသေးတယ်။ကိုဗစ် ဒုတိယလှိုင်းကာလထဲ လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရန်ကုန်တိုင်းက ပန်းခြံနဲ့အားကစားကွင်း တွေကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့က စပိတ်ထားခဲ့တာဖြစ်ပါတယ်။

အများပြည်သူနေရာတွေနဲ့ ပန်းခြံတွေထဲမှာရှိနေတဲ့တချိန်လုံး ပါးစပ်၊ နှာခေါင်းစည်း(Mask)ကိုအမြဲတပ်ဆင်မှသာ ဝင်ရောက်ခွင့်ပြုသွားမယလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

zawgyi

ရန်ကုန်က ကန်ဘောင်နဲ့ ပန်းခြံတွေ မနက်ဖြန် ပြန်ဖွင့်ပြီ (အားကစား ပြန်လုပ်နိုင်ကြပါပြီ)ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းထဲက န်းခြံနဲ့ အားကစားကွင်းတွေကိုမနက်ဖန် ဇန်နဝါရီ(၂၁)ရက်နေ့ကစပြီး ပြန်စဖွင့်လို့ရတဲ့အကြောင်း ညွှန်ကြားထားတယ်လို့ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

ပန်းခြံနဲ့ အားကစားကွင်းတွေကို ပိတ်ထားဖို့ ရက်ကန့်သတ်ထားတာဟာ ဒီနေ့ ဇန်နဝါရီလ(၂ဝ)ရက်နေ့မှာ (၁) လပြည့်သွားတာ ဖြစ်ပါတယ်။ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကပြန်ဖွင့်ဖို့ တင်ပြလာတာနဲ့ ပတ်သက်ပြီး၊

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကအကြောင်းပြန်ကြားလာတာလို့ သိရပါတယ်။ညွှန်ကြားစာမှာတော့ ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်လှစ်သွားရမယ်လို့ ညွှန်ကြားထားပါတယ်။အခုလိုင်းပေါ်မှာ တွေ့နေရတာက မနက်(၉)နာရီကနေ ညနေ(၅)နာရီလို့လည်းတွေ့တယ်။

မနက်(၅)နာရီကနေ မနက်(၉)နာရီ အထိလို့ လည်းတွေ့တယ်ဗျ။ ဒါပေမဲ့ ညွှန်ကြားစာထဲမှာတော့ဖွင့်မယ့်အချိန်အတိအကျသတ်မှတ်ပေးထားတာ မပါဘူး။လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးသူရအောင်က ပြောပါတယ်။အချိန်ပိုင်းသတ်မှတ်တာနဲ့ ပတ်သက်ပြီး အားကစားလုပ်ဖို့ ရည်ညွှန်းပြီး၊

သတ်မှတ်လိုက်တာဖြစ်နိုင်တယ်လို့လည်း ဦးသူရအောင်က ပြောပါသေးတယ်။ကိုဗစ် ဒုတိယလှိုင်းကာလထဲ လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရန်ကုန်တိုင်းက ပန်းခြံနဲ့အားကစားကွင်း တွေကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့က စပိတ်ထားခဲ့တာဖြစ်ပါတယ်။

အများပြည်သူနေရာတွေနဲ့ ပန်းခြံတွေထဲမှာရှိနေတဲ့တချိန်လုံး ပါးစပ်၊ နှာခေါင်းစည်း(Mask)ကိုအမြဲတပ်ဆင်မှသာ ဝင်ရောက်ခွင့်ပြုသွားမယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Credit Nyein Naing