Local News

မသန်စွမ်းဇနီးကိုရသမျှ အစားအစာကျွေးရင်း ကိုယ်တိုင်ကတိတ်တိတ်လေး အငတ်ခံနေခဲ့တဲ့ အဖိုး

လူတိုင်းမှာ အချစ်တစ်ခု အိမ်ထောင်တစ်ခု တည်ထောင်တဲ့ အခါ ဘယ်တော့မှ ခွဲမသွား ပါဘူး၊ ပစ်မထားခဲ့ပါဘူး၊ တသက်လုံး စောင့်ရှောက်ပါ့မယ် ဆိုတဲ့ နှုတ်ကတိလေးတွေ ထုံးစံအတိုင်း ပေးကြလေ့ ရှိပါတယ်။ဒါပေမယ့် အဲဒီကတိစကား ပေးခဲ့တိုင်းသာ တည်မြဲရင် ကမ္ဘာပေါ်မှာ ကွာရှင်း ပြတ်ဆဲတဲ့ အိမ်ထောင်ရေး ဆိုတာ ရှိမှာ မဟုတ်ပါဘူး။

ကတိစကား တော်တော် များများဟာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ယှဉ်လာတဲ့ အခါမှာအခြေအနေပေါ်မူတည်ပြီး ကြီးလေးတဲ့ ဝန်ထုတ် ဝန်ပိုးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မခွဲပါဘူး ဆိုတဲ့ ကတိတစ်ခုဟာ ချစ်သူတွေ၊ အိမ်ထောင်ဘက်တွေ ကြားမှာတောင် တည်ဖို့ ခက်ပါတယ်။ ဒါပေမယ့် အချစ်အတွက်၊

အသက်ကို ပေးခဲ့ကြ သူတွေလည်း ရှိပါတယ်။ အခု သတင်းထဲမှာ ပါတဲ့ ထိုင်းအဖိုးအိုဟာ မြွေကိုက်ပြီး အကြောသေသွားတဲ့ ဇနီးသည်ကို အသက်ပေးကာ တက်နိုင်သမျှ ကာကွယ်ပေးနေရှာပါတယ်။

သူဟာ အိပ်ယာထဲ လဲနေရှာတဲ့ ဇနီးအတွက်မစားရက် မသောက်ရက် ရလာတဲ့ အစားအစာတွေ အကုန်ကျွေး သူကိုယ်တိုင်ကတော့ ရေသောက် ဗိုက်မှောက်ပြီး၊ တစ်နေ့တစ်ခြား ပိန်လာခဲ့ပါတယ်။တချို့က တစ်ခုရရင် တစ်ပိုင်းဆီ စားမယ် လို့ ဆိုကြပေမယ့် ဒီအဖိုးကြီးကတော့ ဘယ်ကိစ္စကိုမှ သူ့အတွက်ရှေ့တန်းမတင်ဘဲ ဇနီးသည်ကိုသာ ဦးစားပေးခဲ့ သူပါ။

လင်မယား နှစ်ယောက်ဟာ ထိုင်းနိုင်ငံ Sa Kaeoနယ်ထဲက ကျေးလက် ကလေးမှာ ချို့တဲ့စွာ နေထိုင်ရင်း ဘဝနေဝင် ချိန်ကို လက်ချင်းဆုပ်ကိုင် အတူတူ စောင့်နေခဲ့ကြ ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အစာရေစာ မစားတာကြာတဲ့ အဖိုးဟာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။ ဒါကို သိတဲ့ ရွာသားတွေဟာ သူတို့ တက်နိုင်သလောက် အစားအစာလေးတွေ ပေးကမ်းကြပေမယ့် ရေရှည်ကျတော့ မတက်နိုင်ကြပါ။ဒီတော့ အဖိုးအိုဟာ တစ်ယောက်စာသာ ရတဲ့ အစားအစာကို ဇနီးကိုသာ ဦးစားပေး ကျွေးလျှက် ပါဘဲ။

ကံကောင်းတာက သူတို့ နှစ်ယောက်အကြောင်းကို သိတဲ့ ပရဟိတ အလှူရှင်တွေ ပေါ်လာခဲ့ပါတယ်။ အဖွဲ့အစည်းတွေက လိုလေးသေး မရှိထောက်ပံ့ဖို့ တာဝန်ယူခဲ့ကြပြီး၊ လူကိုယ်တိုင် လာရောက် လှူဒါန်းနိုင် သူတွေကလည်း လူကိုယ်တိုင် လာရောက် လှူဒါန်းခဲ့ကြ ပါတယ်။ လူကိုယ်တိုင် မလှူနိုင်တဲ့သူတွေကလည်း လူကြုံနဲ့ တစ်ဆင့် အလှူလုပ်ခဲ့ ကြပါတယ်။ဒီအတွက် အဖိုးနဲ့ အဖွားဟာအလွန် ဝမ်းသာနေပါတယ်။ အဖိုးက  ကျွန်တော့်မှာ အိမ်ကောင်းကောင်း မရှိပါဘူး ဒါပေမယ့် ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ နှလုံးသားကိုတော့ ဇနီးအတွက် အပြီး အပ်နှံပြီးသားပါကျွန်တော် ဒီအတွက် နောင်တ မရပါဘူးလို့ ပြောခဲ့ပါတယ်။ သူက ဆက်လက်ပြီး  ကျွန်တော့်မိန်းမ ခန္ဓာကိုယ် ပြန်လည် သန်စွမ်းလာမယ်လို့၊

ကျွန်တော့် ကတော့ ယုံနေပါတယ်။ တကယ်တော့ ဘဝမှာ တစ်ခုခုတော့ယုံကြည်နေ သင့်တယ်လေ လို့ ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံ မှာတော့ အဖိုးနဲ့အဖွား တို့ရဲ့ အချစ်ဟာ ရိုမီယိုနဲ့ ဂျူးလီယက် ပုံပြင်ထက် ပြောဖို့ ပိုကောင်းနေတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါဘဲ။

Credit Nyein Naing