Knowledge

သင့်လက်ရှိ အချစ်ရေးက သင့်အတွက်စစ်မှန်တဲ့ အချစ်မဟုတ်သေးဘူးဆိုတာ သိနိုင်တဲ့အချက်များ

သင့်လက်ရှိ အချစ်ရေးက သင့်အတွက်စစ်မှန်တဲ့ အချစ်မဟုတ်သေးဘူးဆိုတာ သိနိုင်တဲ့အချက်များလောကကြီးမှာ အချစ်စစ်မှန်ရင် ပျော်ရွှင်မှုတွေချည်းပဲလည်း မဟုတ်ဘူး၊ အဆင်မပြေမှုတွေကိုလည်း မလွဲမသွေကြုံရတယ်လို့ ဆိုကြပါတယ်။

အရာအားလုံး ပြီးပြည့်စုံတာမျိုးတော့ မဖြစ်နိုင်ပေမယ့် အချစ်ကြောင့် ဘဝကပျော်ရွှင်မှုတွေ ပိုများလာတာမျိုးပဲ ပိုဖြစ်သင့်ပါတယ်။အချစ်ကြောင့် စိတ်ညစ်တာ၊ စိတ်ပင်ပန်းတာတွေပိုများနေရင် အဲ့ဒါက အချစ်စစ် မဟုတ်နိုင်ပါဘူးနော်။

(၁) အရာရာ တစ်ဖက်သတ်ဖြစ်နေတာအချစ်စစ်မဟုတ်ဘူးချစ်တယ်လို့ ပါးစပ်ကတဖွဖွပြောပေမယ့် လက်တွေ့မှာကိုယ့်အတွက်မစဉ်းစားပေးတာ၊ ကိုယ့်အတွက်မကြည့်တာ၊ တစ်ဖက်ကအမြဲသည်းခံပြီး၊ တစ်ဖက်ကအမြဲအနိုင်ယူနေတာမျိုးကို စစ်မှန်တဲ့အချစ်လို့မဆိ ုနိုင်ပါဘူး။ အချစ်စစ်ဆိုတာက နှစ်ဖက်မျှတမှု ရှိပါတယ်။(၂) အောက်ကျို့တောင်းပန်နေရတာ အချစ်စစ်မဟုတ်ဘူးကိုယ့်ကိုဂရုစိုက်ဖို့၊ ကိုယ့်အတွက်စဉ်းစားပေးဖို့၊ ကိုယ့်အတွက်ကြည့်ပေးဖို့အောက်ကျို့တောင်းပန်နေရတာမျိုး၊ မလုံခြုံတဲ့စိတ်ခံစားချက်ကိုဖြစ်စေတာမျိုးက အချစ်စစ် မဟုတ်ပါဘူး။

အချစ်စစ်က ဂရုစိုက်ဖို့တောင်းဆိုစရာမလို၊ အောက်ကျို့နေစရာမလိုဘဲ၊ လုံခြုံတဲ့ခံစားမှုကို ဖြစ်စေတာမျိုးပါ။(၃) အမြဲတမ်းငိုကြွေးနေရတာအချစ်စစ်မဟုတ်ဘူးအချစ်ကတခါတရံသင့်ကိုဝမ်းနည်းစေပေမယ့် အမြဲတမ်းတော့ ဝမ်းနည်းစေမှာမဟုတ်ပါဘူး။ ပျော်ရွှင်ရတာထက် ဝမ်းနည်းရတာကပိုများနေတာ အချစ်စစ်မဟုတ်ပါဘူး။အမြဲတမ်းဝမ်းနည်းစေတဲ့သူမျိုးကို ချစ်မိနေတယ်ဆိုရင်တော့ လက်တွဲဖြုတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။(၄) သူကိုယ့်အနားနေထွက်မသွားဖို့ ဆွဲထားနေရတာအချစ်စစ်မဟုတ်ဘူးကိုယ့်ကိုထားမသွားဖို့၊ သူကိုယ့်အနားကထွက်မသွားဖို့ ဆွဲထားနေရတာမျိုး၊ ကိုယ့်အနားမှာနေဖို့ ချည်နှောင်နေရတာမျိုးက အချစ်စစ်မဟုတ်ပါဘူး။အချစ်စစ်မှန်ရင် ဆွဲထားစရာမလိုဘဲ ထွက်လည်းမသွားပါဘူးနော်။(၅) သင့်ကိုအထီးကျန်စေရင် အချစ်စစ်မဟုတ်ဘူးချစ်သူရှိပေမယ့် အထီးကျန်နေတာမျိုး၊ အချစ်ခံရတဲ့ခံစားချက်မျိုးမရှိဘဲ အမြဲလိုလိုဝမ်းနည်းနေရတာမျိုး၊ ပြဿနာတွေကို တစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းနေရတာမျိုး၊ ရင်ဖွင့်တာတွေကိုနားထောင်ပေးမယ့် သူမရှိတာမျိုး။အဲ့လို ခံစားချက်တွေက လူတစ်ယောက်ကိုချစ်မိတဲ့နောက်ဖြစ်လာတာဆိုရင်တော့ ဒီအချစ်က အဲ့ဒီလူနဲ့မထိုက်တန်ပါဘူး။ သင်တို့နှစ်ယောက်ကြားက အချစ်က မစစ်မှန်ပါဘူးနော်။

Written by PP

Credit

Unicode

သင့်လက်ရှိ အချစ်ရေးက သင့်အတွက်စစ်မှန်တဲ့ အချစ်မဟုတ်သေးဘူးဆိုတာ သိနိုင်တဲ့အချက်များလောကကြီးမှာ အချစ်စစ်မှန်ရင် ပျော်ရွှင်မှုတွေချည်းပဲလည်း မဟုတ်ဘူး၊ အဆင်မပြေမှုတွေကိုလည်း မလွဲမသွေကြုံရတယ်လို့ ဆိုကြပါတယ်။အရာအားလုံး ပြီးပြည့်စုံတာမျိုးတော့ မဖြစ်နိုင်ပေမယ့် အချစ်ကြောင့် ဘဝကပျော်ရွှင်မှုတွေ ပိုများလာတာမျိုးပဲ ပိုဖြစ်သင့်ပါတယ်။အချစ်ကြောင့် စိတ်ညစ်တာ၊ စိတ်ပင်ပန်းတာတွေပိုများနေရင် အဲ့ဒါက အချစ်စစ် မဟုတ်နိုင်ပါဘူးနော်။

(၁) အရာရာ တစ်ဖက်သတ်ဖြစ်နေတာအချစ်စစ်မဟုတ်ဘူးချစ်တယ်လို့ ပါးစပ်ကတဖွဖွပြောပေမယ့် လက်တွေ့မှာကိုယ့်အတွက်မစဉ်းစားပေးတာ၊ ကိုယ့်အတွက်မကြည့်တာ၊ တစ်ဖက်ကအမြဲသည်းခံပြီး၊တစ်ဖက်ကအမြဲအနိုင်ယူနေတာမျိုးကို စစ်မှန်တဲ့အချစ်လို့မဆိ ုနိုင်ပါဘူး။ အချစ်စစ်ဆိုတာက နှစ်ဖက်မျှတမှု ရှိပါတယ်။

(၂) အောက်ကျို့တောင်းပန်နေရတာ အချစ်စစ်မဟုတ်ဘူးကိုယ့်ကိုဂရုစိုက်ဖို့၊ ကိုယ့်အတွက်စဉ်းစားပေးဖို့၊ ကိုယ့်အတွက်ကြည့်ပေးဖို့အောက်ကျို့တောင်းပန်နေရတာမျိုး၊ မလုံခြုံတဲ့စိတ်ခံစားချက်ကိုဖြစ်စေတာမျိုးက အချစ်စစ် မဟုတ်ပါဘူး။အချစ်စစ်က ဂရုစိုက်ဖို့တောင်းဆိုစရာမလို၊ အောက်ကျို့နေစရာမလိုဘဲ၊ လုံခြုံတဲ့ခံစားမှုကို ဖြစ်စေတာမျိုးပါ။

(၃) အမြဲတမ်းငိုကြွေးနေရတာအချစ်စစ်မဟုတ်ဘူးအချစ်ကတခါတရံသင့်ကိုဝမ်းနည်းစေပေမယ့် အမြဲတမ်းတော့ ဝမ်းနည်းစေမှာမဟုတ်ပါဘူး။ ပျော်ရွှင်ရတာထက် ဝမ်းနည်းရတာကပိုများနေတာ အချစ်စစ်မဟုတ်ပါဘူး။အမြဲတမ်းဝမ်းနည်းစေတဲ့သူမျိုးကို ချစ်မိနေတယ်ဆိုရင်တော့ လက်တွဲဖြုတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။

(၄) သူကိုယ့်အနားနေထွက်မသွားဖို့ ဆွဲထားနေရတာအချစ်စစ်မဟုတ်ဘူးကိုယ့်ကိုထားမသွားဖို့၊ သူကိုယ့်အနားကထွက်မသွားဖို့ ဆွဲထားနေရတာမျိုး၊ ကိုယ့်အနားမှာနေဖို့ ချည်နှောင်နေရတာမျိုးက အချစ်စစ်မဟုတ်ပါဘူး။အချစ်စစ်မှန်ရင် ဆွဲထားစရာမလိုဘဲ ထွက်လည်းမသွားပါဘူးနော်။(၅) သင့်ကိုအထီးကျန်စေရင် အချစ်စစ်မဟုတ်ဘူးချစ်သူရှိပေမယ့် အထီးကျန်နေတာမျိုး၊ အချစ်ခံရတဲ့ခံစားချက်မျိုးမရှိဘဲ အမြဲလိုလိုဝမ်းနည်းနေရတာမျိုး၊ ပြဿနာတွေကို တစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းနေရတာမျိုး၊ ရင်ဖွင့်တာတွေကိုနားထောင်ပေးမယ့် သူမရှိတာမျိုး။

အဲ့လို ခံစားချက်တွေက လူတစ်ယောက်ကိုချစ်မိတဲ့နောက်ဖြစ်လာတာဆိုရင်တော့ ဒီအချစ်က အဲ့ဒီလူနဲ့မထိုက်တန်ပါဘူး။ သင်တို့နှစ်ယောက်ကြားက အချစ်က မစစ်မှန်ပါဘူးနော်။Written by PP

Credit