Local News

ရုရှား နှင့် တရုတ် ထုတ် ကုန် နဲ့တင် လုံလောက်နေပြီဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော

ရုရှား နှင့် တရုတ် ထုတ် ကုန် နဲ့တင် လုံလောက်နေပြီဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော
အမေရိကန်ကြီးစိုးတဲ့ခေတ်ကုန်သွားပြီဖြစ်ပြီး ရုရှားနိုင်ငံလုပ်နဲ့ တရုတ်နိုင်ငံ လုပ် ထုတ်ကုန် တွေနဲ့ တင် လုံလောက်နေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့

ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရုရှားသတင်းဌာန RIA နဲ့ အင်တာဗျုးမှာ ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ပြုလုပ်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် မြန်မာ လူမျိုး တို့ရဲ့ နေ့စဉ်လူနေမှုဘဝကို ထိခိုက်နေပါသလားလို့

ရုရှားသတင်းဌာနရဲ့ မေးမြန်းချက်ကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားသွားတာဖြစ်ပါတယ်။
ယခု ကမ္ဘာဟာ အမေရိကန်ကြီးစိုးတဲ့ ခေတ် မဟုတ်တော့ပါဘူး။ Made in Russia, Made in China ဆိုတဲ့ထုတ်ကုန်တွေလည်း ကမ္ဘာကို ပတ်နေကြပြီ ဖြစ်ပါတယ်။

ကျနော်တို့ အတွက် ဒီထုတ်ကုန် တွေနဲ့တင် လုံလောက်ပါတယ်။ကျနော်တို့ နိုင်ငံရဲ့ လက်ရှိစီးပွားရေး ကျဆင်းနေတာဟာ ဒီကန့်သတ်ပိတ်ဆို့မှုတွေကြောင့်

ဆိုတာထက် ကူးစက် ရောဂါကပ်ဘေးကြောင့်က ပိုများပါတယ်။” လို့ ဖြေကြားသွားပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေကတစ်ဆင့် မြန်မာပြည်သူတွေ အပေါ်မှာ တရုတ်မုန်းတီးရေးဝါဒတွေ ကို မှိုင်းတိုက်သွတ်သွင်းခဲ့ကြပြီး အန်အယ်လ်ဒီ ပါတီအနေနဲ့ ကျရှုံးသွားချိန်မှာ သူတို့ရဲ့ စိတ်ရင်းအမှန်တွေဟာ

ထွက်ပေါ်လာခဲ့ပြီး တရုတ်မုန်းတီးရေးနဲ့ ရုရှားမုန်းတီးရေးတို့ကို ထုတ်ဖော် ဆောင်ရွက် လာခဲ့ကြတာလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောကြားသွားပါတယ်။
အခုလို အခွင့်အခါကြုံကြိုက်တုန်းမှာ ရုရှားနိုင်ငံသားအားလုံးနဲ့ တရုတ်နိုင်ငံသား အားလုံးကို မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျေးဇူးအထူးတင်ရှိကြောင်း၊ ရုရှားနိုင်ငံကနေ စစ်လက်နက်

ဝယ်ယူရေး စာချုပ်အသစ်တွေ ဇန်နဝါရီလတုန်းက ရုရှားကာကွယ်ရေးဝန်ကြီး Army General Shoiguရဲ့ ခရီးစဉ် အတွင်း ချုပ်ဆိုနိုင်ခဲ့ပြီး ထပ်မံချုပ် ဆိုတဲ့

စာချုပ် အသစ်တွေ မရှိသေးကြောင်းနဲ့ ရုရှားနိုင်ငံထုတ် Sputnik-V ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဝယ်ယူသွားဖို့ အစီအစဉ်ရှိကြောင်းလည်း ပြောပါတယ်။
Sputnik-V ကာကွယ်ဆေးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုးမထိုးနဲ့ ပတ်သက်လို့ တိတိကျကျ အဖြေမပေးနိုင်ကြောင်းနဲ့

ကိုယ်တိုင်တော့ ရုရှားကာကွယ်ဆေးမထိုးဘဲ အိန္ဒိယကာကွယ်ဆေးကိုပဲ ထိုးတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သွားပါတယ်။

Credit

Zawgyi

ရုရှား နှင့် တရုတ် ထုတ် ကုန် နဲ့တင် လုံလောက်နေပြီဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော
အမေရိကန်ကြီးစိုးတဲ့ခေတ်ကုန်သွားပြီဖြစ်ပြီး ရုရှားနိုင်ငံလုပ်နဲ့ တရုတ်နိုင်ငံ လုပ် ထုတ်ကုန် တွေနဲ့ တင် လုံလောက်နေပြီဖြစ်တယ်လို့ အာဏာသိမ်

း စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရုရှားသတင်းဌာန RIA နဲ့ အင်တာဗျုးမှာ ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ပြုလုပ်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် မြန်မာ လူမျိုး တို့ရဲ့ နေ့စဉ်လူနေမှုဘဝကို ထိခိုက်နေပါသလားလို့

ရုရှားသတင်းဌာနရဲ့ မေးမြန်းချက်ကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားသွားတာဖြစ်ပါတယ်။
“ယခု ကမ္ဘာဟာ အမေရိကန်ကြီးစိုးတဲ့ ခေတ် မဟုတ်တော့ပါဘူး။ Made in Russia, Made in China ဆိုတဲ့ထုတ်ကုန်တွေလည်း ကမ္ဘာကို ပတ်နေကြပြီ ဖြစ်ပါတယ်။

ကျနော်တို့ အတွက် ဒီထုတ်ကုန် တွေနဲ့တင် လုံလောက်ပါတယ်။ကျနော်တို့ နိုင်ငံရဲ့ လက်ရှိစီးပွားရေး ကျဆင်းနေတာဟာ ဒီကန့်သတ်ပိတ်ဆို့မှုတွေကြောင့်ဆိုတာထက် ကူးစက် ရောဂါကပ်ဘေးကြောင့်က ပိုများပါတယ်။” လို့ ဖြေကြားသွားပါတယ်။

အနောက်နိုင်ငံတွေအနေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေကတစ်ဆင့် မြန်မာပြည်သူတွေ အပေါ်မှာ တရုတ်မုန်းတီးရေးဝါဒတွေ ကို မှိုင်းတိုက်သွတ်သွင်းခဲ့ကြပြီး အန်အယ်လ်ဒီ ပါတီအနေနဲ့

ကျရှုံးသွားချိန်မှာ သူတို့ရဲ့ စိတ်ရင်းအမှန်တွေဟာ ထွက်ပေါ်လာခဲ့ပြီး တရုတ်မုန်းတီးရေးနဲ့ ရုရှားမုန်းတီးရေးတို့ကို ထုတ်ဖော် ဆောင်ရွက် လာခဲ့ကြတာလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောကြားသွားပါတယ်။

အခုလို အခွင့်အခါကြုံကြိုက်တုန်းမှာ ရုရှားနိုင်ငံသားအားလုံးနဲ့ တရုတ်နိုင်ငံသား အားလုံးကို မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျေးဇူးအထူးတင်ရှိကြောင်း၊ ရုရှားနိုင်ငံကနေ

စစ်လက်နက်ဝယ်ယူရေး စာချုပ်အသစ်တွေ ဇန်နဝါရီလတုန်းက ရုရှားကာကွယ်ရေးဝန်ကြီး Army General Shoiguရဲ့ ခရီးစဉ် အတွင်း ချုပ်ဆိုနိုင်ခဲ့ပြီး

ထပ်မံချုပ် ဆိုတဲ့ စာချုပ် အသစ်တွေ မရှိသေးကြောင်းနဲ့ ရုရှားနိုင်ငံထုတ် Sputnik-V ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဝယ်ယူသွားဖို့ အစီအစဉ်ရှိကြောင်းလည်း ပြောပါတယ်။