Knowledge

ကောင်လေးတွေကိုစတွေ့တာနဲ့ ဘာအရင်စကြည့်တတ်ကြသလဲ

ယောက်ျားတစ်ယောက်ကို ပထမဆုံး အကြိမ် စ တွေ့ တဲ့ အချိန် မှာ ဘယ်နေရာတွေ ကို သတိထားပြီး အရင် စ ကြ ည့် တတ်ကြလဲ..?

ဒီ အ ဖြေ ကိုတော့ အမျိုးသား တော်တော်များများ သိချင်ကြပါတယ်။

အမျိုးသမီးတွေ မှာလည်း တစ်ေ ယာက်နဲ့ တစ်ယောက် အကြိုက်မတူ ကြတော့ စ သတိထားကြည့်တဲ့ နေရာ ခြင်းလည်း တူကြမှာ မဟုတ်ပါ ဘူး။

အမျိုးသမီး တော်တော်များများ ကတော့ ဒီလိုေ နရာ တွေ ကို အရင် စကြည့်တတ်ပါတယ်တဲ့။ ယူတို့ ရော..?

   

(၁)အဝတ်အစား

ဒါကတော့ ယောက်ျားတစ်ယောက်ကို ပထမဆုံး တွေ့တဲ့ အချိန်မှာ မိန်းကလေးတွေ က အရင်စ သတိထား ပြီး ကြည့်တဲ့ အရာပါ။

လူမှာ အဝတ် တောင်းမှာ အကွပ် ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတာမို့ အဝတ်အစား ဆိုတာ လူ တစ်ယောက်ရဲ့ First Impression ဆိုရင်လည်း မ မှားပါဘူး။

(မျက်နှာ ကြည့်ရမှာ ရှက်လို့ အဝတ်အစား လိုက် ကြည့်တာလဲ ဖြစ်နိုင်တယ်)

   

(၂)ဆံပင်ပုံစံ

နောက်ထပ် အမျိုးသမီးတွေ အရင်စ သတိထားမိပြီး ကြည့်တဲ့ နေရာကတော့ ဆံပင်ပုံစံပါ။

ဒါက တော့ အမျိုးသမီး တော် တော်များများ အတွက် တော်တော်လေးမှန် မယ်ထင်ပါတယ်။

စ တွေ့ ချိန်မှာ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီး ပြီး ခပ်မိုက်မိုက် ပုံစံ လေးဆိုရင်တော့

မဆိုးဘူး မိုက်သားပဲ ဆိုတဲ့ စိတ်မျိုး မိန်းကလေးတွေက တွေးမိ သွားတတ်ပါတယ်။

   

(၃)Accessory တွေ

ယောက်ျားလေးဆိုတာက မိန်းကလေးလို အလှအပ အတွက် ရွေးချယ်ဝယ်စရာ သိပ် မ များပါဘူး။

မများ တာကြောင့် ယောက်ျားလေးတွေ အနေနဲ့ ဂရုစိုက်မယ်ဆိုရင် သေချာ ဂရုစိုက်ရတာ လွယ်ပါတယ်။

ယောက်ျား တစ်ယောက်မှာ ဖိနပ်၊ပိုက်ဆံအိတ်၊ဖုန်း၊နာရီ ..အဲ့ဒါ လောက်ကိုပဲ သေချာ ဂရုစိုက်ပြင်ဆင်မယ်ဆိုရင် First Impression မှာ တော်တော် လေးကို အဆင်ပြေ ပါပြီ။

   

(၄)လက်

အမျိုးသားတော်တော်များများ မေ့ နေတဲ့ နေရာပါ။ဒါပေမယ့် စ တွေ့တဲ့ အချိန်မှာ အပေါ်က အရာတွေ ကို ဂရုမစိုက်ပဲ လက်ကိုပဲ ဂရုစိုက် ကြည့်တဲ့ မိန်းကလေး မျိုးလည်းရှိပါတယ်။

လက်ကတော့ ပထမဆုံး ဂရု မစိုက်မိရင်တောင် မှ နောက်ပိုင်းမှာ မိန်းကလေးတွေ သေချာ ပေါက် စောင့်ကြည့်တတ်တဲ့ေ နရာ အစိတ်အ ပိုင်းတစ်ခုပါ။

လက် သန့်ရှင်းရေး ကိုလဲ အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။

လက်မှာ ချေးတွေ၊လက်သည်းတွေ ရှည်နေတာ မျိုးဆိုရင်တော့ တစ်ဖက် မိန်းကလေး ရဲ့ အထင်သေးမှုကိုပဲ ရပါလိမ့်မယ်။

   

(၅)တင်ပါး

ဒါကလည်း စ သတိထားကြည့်မိတဲ့ နေရာတွေ ထဲက တစ်ခုပါ။

တင်ပါး ကြီးတဲ့ ယောက်ျား မျိုး တွေ ကို ဆိုရင် မိန်းကလေး တွေအလွယ်တကူ သတိထားမိတတ်ကြပါတယ်။

(၆)လမ်းလျှောက်ပုံနဲ့ ကိုယ်နေဟန်ထား

ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ခန္ဓာကိုယ်ကို မတ်ပြီး တက်တက်ကြွကြွ လျှောက်လာတာလား၊

ဘယ်လို အနေ အထားနဲ့ လျှောက်လာလဲ ၊ကိုယ်နေဟန်ထားက ဘယ််လိုလဲ ဆိုတာကို စ သတိ ထားပြီး ကြည့်ကြပါတယ်။

ယောက်ျား တစ်ယောက်ရဲ့ လမ်းလျှောက်ပုံ၊ကိုယ်နေ ဟန် ထားက တစ်ဖက် အမျိုးသမီး ဆီကနေ အထင် ကြီးမှု ကိုရော ၊

ပုံစံ မကျရင် အထင်သေးမှုကိုပါ တခါ တည်းရ သွားနိုင်ပါတယ်။

   

(၇)ခန္ဓာကိုယ်

မိန်းကလေး အများစု က အရမ်းတွေ ကိတ် ပြီး ဗလကြီးတဲ့ ယောက်ျား မျိုးကို တော့ သိပ်မကြိုက်ကြပါဘူး။

ဒါပေမယ့် သူ့ရှိသင့်ရှိထိုက်တဲ့ Muscle နဲ့ အရပ်အ ေ မာင်းမျိုးရှိတဲ့ ယောက်ျားမျိုး .ဥပမာ- မင်းသား အောင်ရဲလင်း၊

နိုင်းနိုင်း တို့ လို မျိိုးဆိုရင်တော့ သဘောကျ ကြပါတယ်။

၀ တာမျိုးဆိုရင်လည်း ခပ်ပြည့်ပြည့် ပုံစံမျိုးကို သ ဘောကျ တတ်ပါတယ်။

   

(၈)မျက်နှာ အမူအရာ

ဒါကလည်း အမျိုးသမီးတော်တော်များများ သတိထားကြည့်တဲ့ နေရာပါ။

မျက်နှာ အမူအရာနဲ့ ပုံစံကို ပထမဆုံး တွေ့ တဲ့ အချိန်မှာ သတိထားကြည့်တဲ့ မိန်းကလေး ဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းကလေး မျိုးလို့ ပြောလို့ရပါတယ်။

သတိထားကြည့်တဲ့ အချိန်မှာ တစ်ဖက် ယောက်ျားလေးက ပြောင်စပ်စပ်မျက်နှာမျိုး၊

သူခိုး ချောင်း ချောင်းေ နတဲ့ ပုံစံ မျိုးဆိုရင်တော့ တစ်ဖက်မိန်းက လေး စစ်တဲ့ စာမေးပွဲမှာ သေချာ ပေါက် ကျ ပါပြီ။

Credit