Local News

ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ထူးချွန်စွာအောင်မြင်ခဲ့သလို တိုင်းပြည်အတွက်လည်း ရဲရဲဝံ့ဝံ့နဲ့ အသက်စွန့်သွားခဲ့တဲ့ ချင်းတိုင်းရင်းသားလေး

ခွဲလုံသာတိုက်ပွဲမှာရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်းကျဆုံးသွားခဲ့တဲ့ သူရဲကောင်းလေးလိန်းလိန်းကျဆုံးခဲ့တာဒီနေ့ဆိုရင်တစ်လပြည့်ခဲ့ပါပြီ။ ထွက်သွားတဲ့သူကထွက်သွားပေမယ့်

ကျန်ရစ်ခဲ့တဲ့သူတွေကတော့ သတိရခြင်းတွေတပွေ့တပိုက်နဲ့ပါ။သေသောသူကြာရင်မေ့ဆိုတဲ့စကားဟာဒီမိုကရေစီတိုက်ပွဲမှာအသက်ပေးခဲ့ရတဲ့ပြည်သူ့သူရဲကောင်းတွေအတွက်တော့

မမှန်နိုင်ပါဘူး။ပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒတွေကိုဖော်ဆောင်ပေးဖို့အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ပေးခဲ့သူတိုင်းဟာအကြိမ်ကြိမ်ဦးညွှတ်ခံထိုက်သူတွေပါ။

လိန်းလိန်းရဲ့တစ်လပြည့်တဲ့နေ့မှာတစ်လပြည့်သွားပါပြီပျော်ပျော်ရွှင်ရွှင်နေလာခဲ့တဲ့ပုံရိပ်တွေကိုမြင်ယောင်နေဆဲအရာအားလုံးကမနေ့တစ်နေ့ကလိုပဲညီမင်းရဲ့ရဲရင့်မှုတွေ

ငါတို့ချီကျူးလို့ဆုံးမကုန်နိုင်ဘူး ဆိုပြီးခင်မင်ရသူတစ်ယောက်ကသတိတရဝေမျှလာခဲ့ပါတယ်။ကျဆုံးသွားတဲ့ချင်းတိုင်းရင်းသားလေးလိန်းလိန်းဟာဆယ်တန်းစာမေးပွဲကို

ဂုဏ်ထူးတွေနဲ့ထူးချွန်စွာအောင်မြင်ခဲ့သူဖြစ်သလိုဘောလုံးအားကစားမှာလည်းပါရမီပါသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဒီလိုလူတော်လူကောင်းတွေတဖြုတ်ဖြုတ်ကြွေနေရတာပြည်သူတစ်ရပ်လုံးရဲ့ရင်တွေလည်းနာရပါတယ်။

ကျဆုံးရဲဘော်တွေအတွက်မချိတင်ကဲဖြစ်ရတဲ့အကြောင်းကို”ပထမဆုံးအသက်ပေးလှူသွားခဲ့တဲ့CDFရဲဘော်လေးဟာမြန်မာ့လက်ရွေးစင်မြှားပစ်အားကစားသမားဆိုတာလူသိနည်းပါတယ်။

ခွဲလုံသာတိုက်ပွဲမှာကျသွားခဲ့တဲ့လိန်လိန်းကလဲဂုဏ်ထူးတွေနဲ့(၁၀) တန်းအောင်ခါစကျောင်းသားလေး၊ချင်းပြည်အတွက်နိုင်ငံအတွက်အားကိုးလာရမယ့်အကောင်းဆုံးဘောလုံးသမားလေး

ပါအများကြီးပါပဲ ကျဆုံးသွားတဲ့ရဲဘော်တွေကသူ့နေရာရာနဲ့သူတန်ဖိုးရှိတဲ့လူတွေချည်းပဲမတန်လိုက်တာညီလေးတို့ရာ”ဆိုပြီး CDFခေါင်းဆောင်တစ်ဦးကရင်တွင်းစကားပြောလာခဲ့ပါ

တယ်။ကောင်းရာဘုံဘဝကိုရောက်ရှိပြီးစစ်ဘေးကင်းတဲ့နိုင်ငံမှာအေးချမ်းပျော်ရွှင်ပါစေလို့ကျဆုံးသူရဲကောင်းတိုင်းအတွက်ဆုတောင်းပါတယ်။

Credit

Zawgyi