မိန်းကလေးတွေရဲ့ စိတ်က ခန့်မှန်းရခက်ပါတယ် ။ အကြောင်းကတော့ စိတ်ထဲရှိတာက တစ်ခြား၊ အပြုအမူက တစ်ခြားဖြစ်နေတတ်လို့ပါ။
နောက်တစ်ခုက မိန်းကလေးတွေဟာ အရမ်းဂရိုစိုက်ခံချင်၊ အရမ်းအချစ်ခံချင်တဲ့သူတွေပါ။ အဲလို ဂရုစိုက်၊ အချစ်ခံရအောင်လည်း နည်းမျိုးစုံနဲ့ကြိးစားတတ်ကြပါတယ်ဗျာခုဖော်ပြပေးမှာကတော့ ချစ်သူအပေါ်မှာ ဆိုးပေမယ့် တကယ်တမ်း ရင်ထဲမှာကျတော့ နင့်နေအောင်ချစ်တဲ့ မိန်းကလေးတွေရဲ့ ၊
လက္ခဏာ(၅)မျိုး ဖြစ်ပါတယ်။ ဒီလိုမိန်းကလေးမျိုးတွေက ကလေးဆန်တာလေးကလွဲရင် သင့်အတွက် အစစအရာရာ ပြည့်စုံတဲ့သူဖြစ်လို့ လက်လွှတ် မခံသင့်ပါဘူးနော်
(၁) ဒေါသကြီးတတ်တယ်ဒီလိုမိန်းကလေးတွေက ဒေါသအရမ်းကြီးပါတယ်။ ဒါပေမယ့် ဒီလိုဒေါသကြီးတာကလည်း သင့်ကိုချစ်လွန်းလို့ပဲဖြစ်ပါတယ်။
သင်နဲ့ပတ်သက်ရင် အသေးအမွှားလေးကအစ အရမ်းဂရိုစိုက်တတ်တဲ့ သူဖြစ်တာကြောင့်၊ ဖုန်းမဆက်တာလေး၊ စာမပြန်တာလေးကအစ သူ့အတွက် အရမ်းစိတ်ထိခိုက်ရပါတယ်။
ဝမ်းနည်းသွားတဲ့ သူ့ရဲ့စိတ်ကို ဒေါသအဖြစ် ပြောင်းလိုက်တာကြောင့် ဒေါသကြီးနေရတာပါ။ တကယ်တမ်းကျတော့ သင့်ကိုချစ်လွန်းအားကြီးလို့ဆိုတာ သိထားလိုက်ပါနော်။
(၂) အရွဲ့တိုက်တယ်
ဒီလိုမိန်းကလေးတွေဟာ ရွဲ့တဲ့နေရာမှာတော့ နှစ်ယောက်မရှိပါဘူး။ သူ့ရင်ထဲမှာ ထိခိုက်လေလေ ပိုပြီး အရွဲ့တိုက်လေလေပါပဲ။
သူသဝန်တိုရင်ပဲ ဖြစ်ဖြစ်၊ ဝမ်းနည်းရင်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုဖြစ်တိုင်း ဘယ်တော့မှ တိုက်ရိုက်ပြောမှာ မဟုတ်ပါဘူး။
သူရွဲ့နေပြီဆိုရင် သင်ဘာအမှားလုပ်မိလဲ ကိုယ့်ကိုယ်ကိုသာ ပြန်မေးလိုက်ပါ။ သင့်ကိုရွဲ့နေတာ အရမ်းဂရုစိုက်လို့ပါ၊သူဂရုမစိုက်တဲ့သူဆိုရင် ဘာအလုပ်လုပ် အဖတ်ကို မလုပ်တာပါပဲ
(၃) ကိုယ္ကစျပီး မေခၚဘူး
ချစ်သူအပေါ်ကို ဆိုးပေမယ့် နင့်နေအောင်ချစ်တဲ့ ကောင်မလေးတွေဟာ ချစ်သူကို ကိုယ့်ဖက်က စပြီးဘယ်တော့မှ ခေါ်မှာမဟုတ်ပါဘူး။
နင်နဲ့ငါပြတ်ပြီ လို့ပြောသာ ပြောနေတာ ချစ်သူလာခေါ်မယ့်၊ လာချော့မယ့် အချိန်ကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။
ချစ်သူကို စသာမခေါ်တာ ရင်ထဲမှာတော့ မိနစ်တိုင်းက နာကျင်နေတာ ဖြစ်ပါတယ်။ ချစ်သူများစိတ်ကုန်သွားမလား၊ တကယ်ပြတ်သွားမလား ဆိုတာ တွေးပြီး အရမ်းကြောက်ကြပါတယ်။ဒါကြောင့် ရန်ဖြစ် စိတ်ကောက်ကြတဲ့အခါ သူ့ကိုအကြာကြီး ပစ်မထားပါနဲ့၊ အမြန်ချော့လိုက်ပါ။ သင့်ကို နင့်နေအောင် ချစ်ပါတယ်ဆိုတာ သင်သိထားပါ။
(၄) ရစ်တယ်
အရမ်းရစ်နိုင်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ချစ်သူကို ရစ်တဲ့အခါတိုင်း ချစ်သူရဲ့ အပြုအမူ အပြောအဆိုတွေကို သေချာ အကဲခတ်နေတာလည်း ဖြစ်ပါတယ်။
ချစ်သူက အရင်လို စိတ်ရှည်ရဲ့လား၊ ကိုယ့်ကို ကြင်ကြင်နာနာ ဆက်ဆံရဲ့လားဆိုတာ သိချင်လို့ တမင်ရစ်တဲ့ အခါတွေလည်းရှိပါတယ်။
သူဘာကြောင့်ပဲ ရစ်ရစ် သေချာတာကတော့ သင့်ကို အရမ်းချစ်လို့ ဆိုတာပါပဲ
(၅) ဦးစားပေးခံချင်တယ်
ချစ်သူအတွက် သူကသာ နံပါတ် (၁) ဖြစ်ချင်တဲ့သူပါ။ ချစ်သူရဲ့ အလိုလိုက်မှု၊ ဦးစားပေးမှုကို အမြဲတမ်းလိုချင်ပါတယ်။
ဒါကြောင့်ပဲ တစ်ခါလေ သူငယ်ချင်းတွေကိုရွေးမလား ကိုယ့်ကိုယ်ရွေးမလားဆိုတဲ့ အကျပ်ရိုက်စေတဲ့ မေးခွန်းမျိုးတွေကို မေးတတ်တာဖြစ်ပါတယ်။သေချာတာကတော့ သူ့ကိုသာ ဦးစားပေးလိုက်ရင်၊ အရာအားလုံး သင့်စိတ်ကြိုက် ဖြစ်စေမယ့်သူပါ။ ဒါကြောင့်
တတ်နိုင်သလောက် ဦးစားပေးလိုက်ပါ။ သူ့ရင်ထဲမှာ ဘယ်လောက်တောင် ကြည်နူးနေမလဲဆိုတာ သင်မသိလို့ပါ။
Credit
Unicode
အသည်းနင့်နေအောင်ချစ်တတ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ (၅) မျိုးမိန်းကလေးတွေရဲ့ စိတ်က ခန့်မှန်းရခက်ပါတယ် ။ အကြောင်းကတော့ စိတ်ထဲရှိတာက တစ်ခြား၊ အပြုအမူက တစ်ခြားဖြစ်နေတတ်လို့ပါ။
နောက်တစ်ခုက မိန်းကလေးတွေဟာ အရမ်းဂရိုစိုက်ခံချင်၊ အရမ်းအချစ်ခံချင်တဲ့သူတွေပါ။ အဲလို ဂရုစိုက်၊ အချစ်ခံရအောင်လည်း နည်းမျိုးစုံနဲ့ကြိးစားတတ်ကြပါတယ်ဗျာ
ခုဖော်ပြပေးမှာကတော့ ချစ်သူအပေါ်မှာ ဆိုးပေမယ့် တကယ်တမ်း ရင်ထဲမှာကျတော့ နင့်နေအောင်ချစ်တဲ့ မိန်းကလေးတွေရဲ့ ၊
လက္ခဏာ(၅)မျိုး ဖြစ်ပါတယ်။ ဒီလိုမိန်းကလေးမျိုးတွေက ကလေးဆန်တာလေးကလွဲရင် သင့်အတွက် အစစအရာရာ ပြည့်စုံတဲ့သူဖြစ်လို့ လက်လွှတ် မခံသင့်ပါဘူးနော်
(၁) ဒေါသကြီးတတ်တယ်
ဒီလိုမိန်းကလေးတွေက ဒေါသအရမ်းကြီးပါတယ်။ ဒါပေမယ့် ဒီလိုဒေါသကြီးတာကလည်း သင့်ကိုချစ်လွန်းလို့ပဲဖြစ်ပါတယ်။သင်နဲ့ပတ်သက်ရင် အသေးအမွှားလေးကအစ အရမ်းဂရိုစိုက်တတ်တဲ့ သူဖြစ်တာကြောင့်၊ ဖုန်းမဆက်တာလေး၊
စာမပြန်တာလေးကအစ သူ့အတွက် အရမ်းစိတ်ထိခိုက်ရပါတယ်။ ဝမ်းနည်းသွားတဲ့ သူ့ရဲ့စိတ်ကို ဒေါသအဖြစ် ပြောင်းလိုက်တာကြောင့်
တကယ်တမ်းကျတော့ သင့်ကိုချစ်လွန်းအားကြီးလို့ဆိုတာ သိထားလိုက်ပါနော်။
(၂) အရွဲ့တိုက်တယ်
ဒီလိုမိန်းကလေးတွေဟာ ရွဲ့တဲ့နေရာမှာတော့ နှစ်ယောက်မရှိပါဘူး။ သူ့ရင်ထဲမှာ ထိခိုက်လေလေ ပိုပြီး အရွဲ့တိုက်လေလေပါပဲ။သူသဝန်တိုရင်ပဲ ဖြစ်ဖြစ်၊ ဝမ်းနည်းရင်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုဖြစ်တိုင်း ဘယ်တော့မှ တိုက်ရိုက်ပြောမှာ မဟုတ်ပါဘူး။
သူရွဲ့နေပြီဆိုရင် သင်ဘာအမှားလုပ်မိလဲ ကိုယ့်ကိုယ်ကိုသာ ပြန်မေးလိုက်ပါ။ သင့်ကိုရွဲ့နေတာ အရမ်းဂရုစိုက်လို့ပါ၊
သူဂရုမစိုက်တဲ့သူဆိုရင် ဘာအလုပ်လုပ် အဖတ်ကို မလုပ်တာပါပဲ
(၃) ကိုယ်ကစပြီး မခေါ်ဘူး
ချစ်သူအပေါ်ကို ဆိုးပေမယ့် နင့်နေအောင်ချစ်တဲ့ ကောင်မလေးတွေဟာ ချစ်သူကို ကိုယ့်ဖက်က စပြီးဘယ်တော့မှ ခေါ်မှာမဟုတ်ပါဘူး။
နင်နဲ့ငါပြတ်ပြီ လို့ပြောသာ ပြောနေတာ ချစ်သူလာခေါ်မယ့်၊ လာချော့မယ့် အချိန်ကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။
ချစ်သူကို စသာမခေါ်တာ ရင်ထဲမှာတော့ မိနစ်တိုင်းက နာကျင်နေတာ ဖြစ်ပါတယ်။ ချစ်သူများစိတ်ကုန်သွားမလား၊
တကယ်ပြတ်သွားမလား ဆိုတာ တွေးပြီး အရမ်းကြောက်ကြပါတယ်။ ဒါကြောင့် ရန်ဖြစ် စိတ်ကောက်ကြတဲ့အခါ၊
သူ့ကိုအကြာကြီး ပစ်မထားပါနဲ့၊ အမြန်ချော့လိုက်ပါ။ သင့်ကို နင့်နေအောင် ချစ်ပါတယ်ဆိုတာ သင်သိထားပါ။
(၄) ရစ်တယ်
အရမ်းရစ်နိုင်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ချစ်သူကို ရစ်တဲ့အခါတိုင်း ချစ်သူရဲ့ အပြုအမူ အပြောအဆိုတွေကို၊သေချာ အကဲခတ်နေတာလည်း ဖြစ်ပါတယ်။ ချစ်သူက အရင်လို စိတ်ရှည်ရဲ့လား၊ ကိုယ့်ကို ကြင်ကြင်နာနာ ဆက်ဆံရဲ့လားဆိုတာ၊
သိချင်လို့ တမင်ရစ်တဲ့ အခါတွေလည်းရှိပါတယ်။ သူဘာကြောင့်ပဲ ရစ်ရစ် သေချာတာကတော့ သင့်ကို အရမ်းချစ်လို့ ဆိုတာပါပဲ
(၅) ဦးစားပေးခံချင်တယ်
ချစ်သူအတွက် သူကသာ နံပါတ် (၁) ဖြစ်ချင်တဲ့သူပါ။ ချစ်သူရဲ့ အလိုလိုက်မှု၊ ဦးစားပေးမှုကို အမြဲတမ်းလိုချင်ပါတယ်။
ဒါကြောင့်ပဲ တစ်ခါလေ သူငယ်ချင်းတွေကိုရွေးမလား ကိုယ့်ကိုယ်ရွေးမလားဆိုတဲ့ အကျပ်ရိုက်စေတဲ့ မေးခွန်းမျိုးတွေကို မေးတတ်တာဖြစ်ပါတယ်။
သေချာတာကတော့ သူ့ကိုသာ ဦးစားပေးလိုက်ရင်၊ အရာအားလုံး သင့်စိတ်ကြိုက် ဖြစ်စေမယ့်သူပါ။ ဒါကြောင့်၊သူ့ကို တတ်နိုင်သလောက် ဦးစားပေးလိုက်ပါ။ သူ့ရင်ထဲမှာ ဘယ်လောက်တောင် ကြည်နူးနေမလဲဆိုတာ သင်မသိလို့ပါ။
Credit